မိသားစုဝင်တွေက သူ့စကားကို အလေးအနက် မထားကြတော့ဘူးလို့ ကြေကွဲစွာရင်ဖွင့်လာတဲ့ လူရွှင်တော် ဦးငြိမ်းချမ်း
မိသားစုဝင်တွေက သူ့စကားကို အလေးအနက် မထားကြတော့ဘူးလို့ ကြေကွဲစွာရင်ဖွင့်လာတဲ့ လူရွှင်တော် ဦးငြိမ်းချမ်း
နိုင်ငံကျော် လူရွှင်တော် ငြိမ်းချမ်းကတော့ တစ်ခေတ်တစ်ခါက ကျော်ကြားအောင်မြင်ခဲ့သလို ဗီဒီယိုဇာတ်ကားတွေမှာလည်း ဟာသသရုပ်ဆောင်တစ်ယောက်အဖြစစ် ပေါက်ရောက်ခဲ့သူ တစ်ယောက်ပါ။
လူရွှင်တော်ကြီး ငြိမ်းချမ်းဟာ အသက်အရွယ် တစ်ခုရောက်ရှိလာချိန်မှာ အရင်လို အနုပညာအလုပ်တွေ မလုပ်ကိုင်နိုင် တော့ပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ စကစကကျင်းပတဲ့ အငြိမ့်ပွဲမှာ ပါဝင်ဖျော်ဖြေခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရသေးတာ ဖြစ်ပါတယ်။
ပရိသတ်တွေရဲ့ ငြိုငြင်ခြင်းခံရသလို မိသားစုထဲမှာလည်း အဆင်မပြေမှုတွေနဲ့ကြုံနေရတဲ့ ငြိမ်းချမ်းဟာ ” ကြောင်အိုတော့ ကြွက်မလေး လူအိုတော့လူမလေး ဆိုရိုးစကားရှိခဲ့တယ် ငါ့မိသားစုထဲမှာ ငါဆိုတဲ့လူကြီးက အရာမဝင်တော့ပါလား
ငါပြောသမျှ ဟုတ်ကဲ့ လို့နားထောင်တာ မရှိတော့ဘူး သူတို့ပြောတာ လုပ်ချင်တာဘဲငါ ကလိုက်လျောနေရတာ တော်တော်ကြာနေပီ ငါ့ကိုယ်ငါ နားလည်ရတော့ မှာပါလား ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ် ။
လူရွှင်တော်ငြိမ်းချမ်းကတော့ မိသားစုထဲမှာ အသက်အရွယ် ကြီးလာခဲ့တာကြောင့် သားသမီးတွေက ပြောစကားနား မထောင်တော့တဲ့ အကြောင်းကို ရင်ဖွင့်လာခဲ့တာဖြစ်ပြီး သူ့ကိုယ်သူလည်း စိတ်ပျက်နေရတဲ့ အကြောင်းကို ပြောလာတာပဲ ဖြစ်ပါတယ်။ crd
Zawgyi … မိသားစုဝင်တွေက သူ့စကားကို အလေးအနက် မထားကြတော့ဘူးလို့ ကြေကွဲစွာရင်ဖွင့်လာတဲ့ လူရွှင်တော် ဦးငြိမ်းချမ်း
Be the first to comment
Leave a comment
Your email address will not be published.
*