မုဆိုးမတွေ နေတဲ့မြို့ (သို့) ဘဝကို ခက်ခဲစွာ ဖြတ်သန်းနေရတဲ့သနားစရာ မုဆိုမများ

မုဆိုးမတွေ နေတဲ့မြို့ (သို့) ဘဝကို ခက်ခဲစွာ ဖြတ်သန်းနေရတဲ့သနားစရာ မုဆိုမများ

အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ မုဆိုးမ မီရာရာနီဟာ လွန်ခဲ့တဲ့ ၁၆ နှစ် ကတည်းက ဒီအခန်းလေးမှာပဲ နေလာတာပါ။ အခန်းလေးက ခွေးအိမ်ကလေးနဲ့ တူပါတယ်။ ခွေးတစ်ကောင် နေဖို့တောင် မသင့်တော်တဲ့ အခန်းလေးပါ။

“ဘာတတ်နိုင်မှာလဲ။ ကျွန်မမှာ မိသားစုလည်း မရှိဘူး။ စောင့်ရှောက်မယ့် သူလည်း မရှိဘူး။ ဒီနေရာမှာ ကျွန်မကို စောင့်ရှောက်မယ့်သူဆိုလို့က ခရစ်သျှနာ ဘုရားသခင်ပဲ ရှိတယ်ရှင်”လို့ မီရာကပြော တယ်။ သူ့ယောက်ျားသေတဲ့ နောက်ပိုင်းမှာ ကလေးတွေကလည်း သူ့ကို စွန့်ပစ်ထား ခဲ့တယ်။ နောက်ဆုံးမှာ ကယ်တင်ရှင်ကို ရှာဖွေဖို့ ဝရင်ဒဝမ်မြို့ကို သူ ရောက်လာခဲ့ တယ်။

အိန္ဒိယနိုင်ငံ ဝရင်ဒဝမ်မြို့ဟာ( မုဆိုးမ များမြို့ )အဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ အဲဒီနေရာမှာ မုဆိုးမပေါင်း ၂ဝဝဝ ဝန်းကျင်လောက်ဟာ ဆင်းဆင်းရဲရဲ အထီးတည်းဘဝနဲ့ နေနေကြရပါတယ်။ အဲဒီမှာ ဘုရားကျောင်း ၅ဝဝဝ ကျော် ရှိပြီး ဟိန္ဒူဘုရားသခင်ဖြစ်တဲ့ ခရစ်သျှနာ ကို မွေးဖွားတဲ့နေရာလို့ ယုံကြည်ထားကြပါတယ်။

မိသားစုတွေရဲ့ စွန့်ပစ်တာကို ခံရတဲ့ ဟိန္ဒူဇာတ်မြင့် မုဆိုးမတွေဟာ လူတွေ ကျပ်ညပ်နေတဲ့ ရပ်ကွက်တွေက တည်းခိုဆောင်တွေ၊ ကုသိုလ်ဖြစ်ဂေဟာ၊ ယာယီတဲစခန်းတွေမှာ လာရောက်နေထိုင်ကြပါတယ်။ ဒီမုဆိုးမတွေက သူတို့အတွက် စားသောက်စရာ ဒါမှ မဟုတ် ပိုက်ဆံ အနည်း အပါးရဖို့ ဘုရားကျောင်းတွေမှာ တစ်နေကုန်အောင် ဘုရားဂုဏ်တော် သီချင်းတွေ ဆိုကြတယ်။ အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ ဂန်ဂါဒေစီ က နီပေါ သက်ကြီးရွယ်အို မုဆိုးမပေါင်း ၄ဝ နေထိုင်တဲ့ ခြံဝင်းတစ်ခုထဲမှာ နေထိုင်ပါတယ်။

လေဝင်လေထွက် မရှိဘဲ မှောင်မည်းပြီး မီးမှိန်မှိန်လေးသာ ထွန်းထားတဲ့ မီးဖိုချောင် အခန်းလေးတစ်ခန်းမှာ နေရတာပါ။ “ဒီကို ကျွန်မလာခဲ့တာ ကြာလှပါပြီ၊။ ၂၅ နှစ် ၂၆ နှစ်လောက် ဒါမှမဟုတ် ဒါထက်တောင် ကြာချင်လည်း ကြာရောပေါ့ ရှင်။ ကောင်းကောင်းမမှတ်မိတော့ဘူး။ ကျွန်မမှာ သမီးတစ်ယောက် ရှိပါတယ်။ သူ့နာမည်က ……”

“ကျွန်မ သားတော်မောင်ကတော့ ကျွန်မသေတဲ့အထိ ဒီမှာပဲနေဖို့ ပြောထားတယ်”ဆိုပြီး သူကဆက်ပြောတယ်။ရှေးရိုးစွဲဟိန္ဒူမိသား စု အတော်များများမှာ မုဆိုးမတွေဟာ သူတို့ယောက်ျားတွေ သေဆုံးစေတဲ့ ကံကြမ္မာဆိုးတစ်ခုလို့ အမြင်ခံရပြီး မိသားစုတွေရဲ့ စွန့်ပစ်တာ ခံကြရတယ်။ လူ့အဖွဲ့အစည်းရဲ့ ဖယ်ကြဉ်တာကို ခံကြရတယ်။ ဟာရီဒေစီ က တစ်လမှာ အမေရိကန်ဒေါ်လာ ၃ဝ လောက်ရဖို့ အလုပ်အမျိုးမျိုး လုပ်တတ်အောင် သင်ကြားပေး ကြတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ကတော့ ပရဟိတ သမား ဘာဘာရမ်ဂျီးနဲ့ သူရဲ့ အာဟာရ ပါတရ ဖောင်ဒေးရှင်းက နေ့စဉ် စတုဒိသာ နေ့လယ်စာနဲ့ ဆေးကုပေးတာ လုပ်ဖူးခဲ့တယ်။ “ဝရင်ဒရမ်မှာ မုဆိုးမတွေ အများကြီးပဲ။ သူတို့ဟာ ခရစ်သျှနာ ဘုရားသခင်ရဲ့ ဧည့်သည်တော်တွေပါ။ သူတို့ အမှုကို ထမ်းရမှာ ကျွန်တော့်တာဝန်ပါ။ ဧည့်သည်တော်တွေ ပျော်ရွှင်ရင် ဘုရားသခင်နှစ်သက် တော်မူမှာပါ” လို့ ဘာဘာရမ်ဂျီးက ဆိုပါတယ်။

အစိုးရ အတွက်တော့ ဒီ မုဆိုးမတွေ ရှိနေတာက ပြဿနာ တစ်ခုပါပဲ။ နိုင်ငံတော်အမျိုးသမီးရေးရာ ကော်မရှင်က ဥတာပရာဒေ့ရှ်ပြည်နယ် အစိုးရကို ဒီ မုဆိုးမတွေအတွက် လုံလောက်တဲ့အစားအသောက်နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စရာထောက်ပံ့ပေးဖို့ တွန်းအားပေးနေတယ်။

“သူတို့ခမျာ နေစရာ အမိုးအကာ ကောင်းကောင်း မရှိရှာဘူး”လို့ ကော်မရှင် ဥက္ကဌ မန်တာရှာမာက ပြောတယ်။ “မုဆိုးမတွေမှာ အညစ်အကြေး စွန့်စရာလည်း အဆင်တပြေ မရှိဘူး။ စားရေး သောက်ရေးလည်း အဆင် မပြေကြဘူး။ သူတို့ဘဝ ရှင်သန်ဖို့ လက်ဖြန့်ခံပြီး တောင်းရမ်းစားနေကြရတယ်။

သူတို့အတွက် အိမ်တွင်း လက်မှုလုပ်ငန်း လေးတွေ ဖန်တီးပေးဖို့ ကျွန်မတို့ ကြိုးပမ်း နေတယ်။ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင် နိုင်အောင် အမိုးအကာလေးတွေလည်း ဂန်ဂါဒေစီက သူ့သမီးရဲ့ နာမည်ကိုတောင် သတိမရတော့ပါဘူး။ တကယ်တော့ သူ့သမီး ဟာရီဒေစီကလည်း မုဆိုးမပဲ။

“ခုနေခါမှာတော့ ကလေးတွေလည်း သူတို့စားဝတ်နေရေး အတွက် နေ့မနား ည မအား ရုန်းကန်လှုပ်ရှားနေကြရတာပဲလေ။ အိမ်မှာ တစ်ကိုယ်တည်း အထီးကျန်နေ နေရတာနဲ့ စာရင် ဒီမှာလာနေရတာကမှ တော်သေးတယ်။ ဘုရားသခင်ရဲ့အရိပ်ကို လာခိုလှုံရတာ ကိုယ့်အိမ်မှာနေတာထက် ပို ကောင်းပါတယ်။

ကျွန်မမှာ မောင်ဖွား လည်း မရှိဘူး။ သမီးတစ်ယောက်အနေနဲ့ ဒီမှာပဲ အမေနဲ့နေ၊ အမေ့ကို စောင့်ရှောက် နေတယ်”လို့ ဟာရီဒေစီက ပြောတယ်။ ဒေသဘုရားကျောင်းတစ်ခုမှာ ဘုရားဂုဏ် တော်သီချင်းကို သီဆိုရပါတယ်။ မိုးရွာရင် သူ့အခန်းက ရွှဲရွှဲစိုနေတတ်တယ်။ မိုးနဲ့အပြိုင် သူလည်းငိုတယ်။

“ရေပိုက်ခေါင်း ပျက်နေရင် ကျွန်မတို့ ရေမရတော့ပါဘူး။ အဲဒါကိုပြင်ဖို့ အမေရိကန် ဒေါ်လာ ၃ဝ ပေးလိုက်ရတယ်လေ။ အမေ့ကို နို့ဝယ်တိုက်ဖို့ထားတဲ့ ပိုက်ဆံလည်း ကုန်သွားတာပဲ”တဲ့။ တချို့ ကူညီစောင့်ရှောက်ရေး အဖွဲ့တွေနဲ့ အန်ဂျီအိုတွေမှာ မုဆိုးမတွေကို အကူအညီပေးဖို့ အစီအစဉ်တွေ ရှိပါတယ်။

ဘုရားကျောင်းတွေကိုလာတဲ့ ဘုရားဖူး တွေအတွက် ပန်းကုံးတွေသီပြီး ရောင်းတဲ့တဲ ဆောက်ပေးမယ်” လို့ သူကဆိုတယ်။ မနှစ်ကတော့ အိန္ဒိယတရားရုံးချုပ်က မုဆိုးမတွေရဲ့ လူနေမှု အဆင့်အတန်းကို တိုးတက်အောင် ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အစိုးရအဖွဲ့ဝင်တစ်ဖွဲ့ဖြစ်တဲ့ အမျိုးသား တရားရေးဆိုင်ရာလုပ်ငန်းအဖွဲ့က အဲဒီ စွန့်ပစ်ခံ မုဆိုးမတွေကို မှတ်ပုံတင် ကတ်ထုတ်ပေးဖို့ ထောက်ခံ တင်ပြပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း မျှော်လေလေဝေး ဆိုတဲ့ အနေအထားမှာပဲ ရှိပါသေးတယ်။

“မှတ်ပုံတင်ကတ်နဲ့ ပင်စင်ဆိုတာကို ကျွန်မ မရသေးပါဘူး။ ကျွန်မတို့ထဲက တချို့ဟာ ပင်စင်ငွေတွေရနေကြပြီလို့ အစိုးရ အရာရှိတွေပြောပေမယ့် ကျွန်မတို့က ဘာမျှ မရသေးပါဘူး။ အရာရှိတွေ အများကြီး ရောက်လာပြီး ကျွန်မတို့ကို ဓာတ်ပုံရိုက် ကြပါတယ်။ နောက် ပြန်သွားပြီး ဘာမှ ဖြစ်မလာပါဘူးရှင်” လို့ မုဆိုးမ မိုရီဒေစီက ပြောတယ်။

မုဆိုးမတွေကတော့ ဘဝ ဆက်လက် ရှင်သန်နိုင်ကြဖို့ ဘုရားကျောင်းတွေမှာ ဘုရားဂုဏ်တော်တွေကို ဆက်ပြီး … … .. Crd ကျော်ရင်မြင့်

Be the first to comment

Leave a comment

Your email address will not be published.


*