မဲခေါင်မြစ်ထဲကနေ ကမ္ဘာ့အကြီးဆုံး ရေချိုငါးကြီး ဖမ်းမိ

မဲခေါင်မြစ်ထဲကနေ ကမ္ဘာ့အကြီးဆုံး ရေချိုငါးကြီး ဖမ်းမိ

မဲခေါင်မြစ်ထဲကနေ ဖမ်းမိခဲ့တဲ့ ငါးလိပ်ကျောက်ကြီးဟာ ကမ္ဘာ့အကြီးဆုံး ရေချိုငါးဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ၁၃ ပေ ရှည်လျားပြီး အလေးချိန် ၆၆၁ ပေါင်ရှိတဲ့ ငါးလိပ်ကျောက်ကြီးကို ဇွန်လ ၁၃ ရက်နေ့မှာ ကမ္ဘောဒီးယားတံငါသည်တစ်ဦးက ဖမ်းမိခဲ့တာပါ။

မဲခေါင်မြစ်ထဲကနေ ငါးအကြီးကြီးတွေ၊ မျိုးသုန်းပျောက်ကွယ်မယ့် အန္တရာယ်ရှိနေတဲ့ ငါးတွေ ဖမ်းမိရင် သူတို့ကို အကြောင်းကြားပေးဖို့ Wonders of Mekong သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့နဲ့ ကမ္ဘောဒီးယားနိုင်ငံ ငါးလုပ်ငန်းအာဏာပိုင်အဖွဲ့က တံငါသည်တွေကို ကြိုတင်မှာကြားထားခဲ့တာပါ။

တံငါသည်က ငါးလိပ်ကျောက် အကြီးကြီးမိထားတယ်လို့ လှမ်းအကြောင်းကြားချိန်မှာ Wonders of Mekong အဖွဲ့ရဲ့ သိပ္ပံပညာရှင်တွေ ရောက်လာခဲ့ပြီး ငါးကြီးကို တိုင်းတာကာ ခြေရာခံစောင့်ကြည့်ကိရိယာ တပ်ဆင်ပြီး ရေထဲကို ပြန်လွှတ်ပေးခဲ့ကြပါတယ်။

အခု တွေ့ရှိခဲ့တဲ့ ငါးလိပ်ကျောက်ကြီးဟာ ၂၀၀၅ ခုနှစ်က ထိုင်းနိုင်ငံအပိုင် မဲခေါင်မြစ်ထဲမှာ တွေ့ရှိရတဲ့ အလေးချိန် ၆၄၆ ပေါင်ရှိ ငါးခူ(ယခင်စံချိန်ဟောင်း)ထက် ပိုကြီးမားပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အကြီးဆုံး ရေချိုငါးတွေကို တရားဝင်စားရင်းပြုစုထားတာမျိုးတော့ မရှိပါဘူး။

ဇီဝမျိုးကွဲစုံလင်တဲ့ မဲခေါင်မြစ်ဟာ အလွန်အကျွံ ငါးဖမ်းတာ၊ ဆည်ဆောက်တာ၊ ရေထုညစ်ညမ်းတာတွေကြောင့် ထိလွယ်ရှလွယ်တဲ့ ဂေဟစနစ် ခြိမ်းခြောက်မှု ကြုံနေရပါတယ်။ တိဘက်ကတောင်တန်းတွေကနေ အစပြုလာတဲ့ မဲခေါင်မြစ်ဟာ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို ဖြတ်သန်းစီးဆင်းပါတယ်။ Ref: BBC & NBC News

Zawgyi … မဲေခါင္ျမစ္ထဲကေန ကမၻာ့အႀကီးဆုံး ေရခ်ိဳငါးႀကီး ဖမ္းမိ

မဲေခါင္ျမစ္ထဲကေန ဖမ္းမိခဲ့တဲ့ ငါးလိပ္ေက်ာက္ႀကီးဟာ ကမၻာ့အႀကီးဆုံး ေရခ်ိဳငါးျဖစ္တယ္လို့ သိပၸံပညာရွင္ေတြက ဆိုပါတယ္။ ၁၃ ေပ ရွည္လ်ားၿပီး အေလးခ်ိန္ ၆၆၁ ေပါင္ရွိတဲ့ ငါးလိပ္ေက်ာက္ႀကီးကို ဇြန္လ ၁၃ ရက္ေန႔မွာ ကေမၻာဒီးယားတံငါသည္တစ္ဦးက ဖမ္းမိခဲ့တာပါ။

မဲေခါင္ျမစ္ထဲကေန ငါးအႀကီးႀကီးေတြ၊ မ်ိဳးသုန္းေပ်ာက္ကြယ္မယ့္ အႏၲရာယ္ရွိေနတဲ့ ငါးေတြ ဖမ္းမိရင္ သူတို့ကို အေၾကာင္းၾကားေပးဖို့ Wonders of Mekong သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးအဖြဲ႕နဲ႔ ကေမၻာဒီးယားနိုင္ငံ ငါးလုပ္ငန္းအာဏာပိုင္အဖြဲ႕က တံငါသည္ေတြကို ႀကိဳတင္မွာၾကားထားခဲ့တာပါ။

တံငါသည္က ငါးလိပ္ေက်ာက္ အႀကီးႀကီးမိထားတယ္လို့ လွမ္းအေၾကာင္းၾကားခ်ိန္မွာ Wonders of Mekong အဖြဲ႕ရဲ့ သိပၸံပညာရွင္ေတြ ေရာက္လာခဲ့ၿပီး ငါးႀကီးကို တိုင္းတာကာ ေျခရာခံေစာင့္ၾကည့္ကိရိယာ တပ္ဆင္ၿပီး ေရထဲကို ျပန္လႊတ္ေပးခဲ့ၾကပါတယ္။

အခု ေတြ႕ရွိခဲ့တဲ့ ငါးလိပ္ေက်ာက္ႀကီးဟာ ၂၀၀၅ ခုႏွစ္က ထိုင္းနိုင္ငံအပိုင္ မဲေခါင္ျမစ္ထဲမွာ ေတြ႕ရွိရတဲ့ အေလးခ်ိန္ ၆၄၆ ေပါင္ရွိ ငါးခူ(ယခင္စံခ်ိန္ေဟာင္း)ထက္ ပိုႀကီးမားပါတယ္။ ဒါေပမဲ့ ကမၻာ့အႀကီးဆုံး ေရခ်ိဳငါးေတြကို တရားဝင္စားရင္းျပဳစုထားတာမ်ိဳးေတာ့ မရွိပါဘူး။

ဇီဝမ်ိဳးကြဲစုံလင္တဲ့ မဲေခါင္ျမစ္ဟာ အလြန္အကၽြံ ငါးဖမ္းတာ၊ ဆည္ေဆာက္တာ၊ ေရထုညစ္ညမ္းတာေတြေၾကာင့္ ထိလြယ္ရွလြယ္တဲ့ ေဂဟစနစ္ ၿခိမ္းေျခာက္မွု ၾကဳံေနရပါတယ္။ တိဘက္ကေတာင္တန္းေတြကေန အစျပဳလာတဲ့ မဲေခါင္ျမစ္ဟာ တ႐ုတ္၊ ျမန္မာ၊ ထိုင္း၊ လာအို၊ ကေမၻာဒီးယားနဲ႔ ဗီယက္နမ္နိုင္ငံေတြကို ျဖတ္သန္းစီးဆင္းပါတယ္။ Ref: BBC & NBC News

Be the first to comment

Leave a comment

Your email address will not be published.


*