မျက်နှာတစ်ခြမ်း လေဖြန်းသွားလို့ ဖျော်ဖြေပွဲတွေ ဖျက်သိမ်းခဲ့ရတဲ့ ဂျက်စတင်ဘီဘာ

မျက်နှာတစ်ခြမ်း လေဖြန်းသွားလို့ ဖျော်ဖြေပွဲတွေ ဖျက်သိမ်းခဲ့ရတဲ့ ဂျက်စတင်ဘီဘာ

ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေလုပ်ဖို့ ရှိနေတဲ့ ကနေဒီယံအဆိုတော် ဂျက်စတင်ဘီဘာက သူ့ရဲ့မျက်နှစ် တစ်ခြမ်း လေဖြန်းပြီး အကြောသေသွားလို့ သူ့ရဲ့ ဖျော်ဖြေရေးပွဲတွေ ဖျက်သိမ်းလိုက်ကြောင်း သောကြာနေ့တုန်းက အင်စတာ ဂရမ်စာမျက်နှာကတဆင့်ကြေညာပေးခဲ့ပါတယ်။

လက်တလောမှာ သူက မျက်နှာအကြော လေ့ကျင့်ခန်းတွေလုပ်နေပြီး နေပြန်ကောင်းလာဖို့က ဘယ်လောက်ကြာမလဲ ဆိုတာမသိရသေးပေမယ့် အခုသီတင်း ပတ်အစော ပိုင်းမှာပြုလုပ်ဖို့ရှိနေတဲ့ ဖျော်ဖြေပွဲသုံးပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

သူ့ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွင်း ထိုင်းနိုင်ငံကို လာရောက်ဖျော်ဖြေသွားဖို့လည်း ရှိနေပြီး နိုဝင်ဘာ ၆ ရက်နေ့ ရာဂျာမန်ဂါလာကွင်းမှာ ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ထားတဲ့ ဗွီဒီယို ဖိုင်တစ်ခုထဲ ကနေဒီယံ အဆိုတော်က သူ့မှာ Ramsay Hunt syndrome ခံစားနေရကြောင်း ပြောပြခဲ့ပြီး အဲ့ဒါဟာ သူ့ရဲ့ မျက်နှာတစ်ခြမ်း လှုပ်မရဖြစ် စေကာ စင်ပေါ်တတ်ဖို့မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

“ ကျွန်တော့ နားနဲ့ မျက်နှာအာရုံကြောတွေကို တိုက်ခိုက်တဲ့ ဒီဗိုင်းရပ်စ်က ကျွန်တော့ မျက်နှာ တစ်ခြမ်းကို သွက်ချာပါဒဖြစ်အောင် လုပ်လိုက်တာပါ။ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ ဒီဘက် မျက်လုံးက မမှိတ်နိုင်ဘူး။ မျက်နှာ ဒီဘက်ခြမ်းက ပြုံးလို့မရဘူး။ နှာခေါင်းလည်း မလှုပ်ရှားနိုင်ဘူး။ မျက်နှာရဲ့ ဒီဘက်ခြမ်းမှာ အကြောတွေသေနေတယ်။ လုံးဝ နေပြန်ကောင်းလာတဲ့အထိ အနားယူသွားဖို့ ရှိပါတယ်။ ကျွန်တော့ကို နားလည်ပေးပြီး စောင့်ဆိုင်းပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

Mayo Clinic ရဲ့ အဆိုအရ Ramsay Hunt Syndrome ဟာ မျက်နှာအာရုံကြောကို ထိခိုက်စေနိုင်ပြီး နှာစေးခြင်းနဲ့ အကြားအာရုံဆုံးရှုံးခြင်းတွေကို ဖြစ်စေတယ်လို့ သိရပါတယ်။ ref:CNN

Zawgyi … မ်က္ႏွာတစ္ျခမ္း ေလျဖန္းသြားလို့ ေဖ်ာ္ေျဖပြဲေတြ ဖ်က္သိမ္းခဲ့ရတဲ့ ဂ်က္စတင္ဘီဘာ

ကမၻာလွည့္ ေဖ်ာ္ေျဖပြဲေတြလုပ္ဖို့ ရွိေနတဲ့ ကေနဒီယံအဆိုေတာ္ ဂ်က္စတင္ဘီဘာက သူ႔ရဲ့မ်က္ႏွစ္ တစ္ျခမ္း ေလျဖန္းၿပီး အေၾကာေသသြားလို့ သူ႔ရဲ့ ေဖ်ာ္ေျဖေရးပြဲေတြ ဖ်က္သိမ္းလိုက္ေၾကာင္း ေသာၾကာေန႔တုန္းက အင္စတာ ဂရမ္စာမ်က္ႏွာကတဆင့္ေၾကညာေပးခဲ့ပါတယ္။

လက္တေလာမွာ သူက မ်က္ႏွာအေၾကာ ေလ့က်င့္ခန္းေတြလုပ္ေနၿပီး ေနျပန္ေကာင္းလာဖို့က ဘယ္ေလာက္ၾကာမလဲ ဆိုတာမသိရေသးေပမယ့္ အခုသီတင္း ပတ္အေစာ ပိုင္းမွာျပဳလုပ္ဖို့ရွိေနတဲ့ ေဖ်ာ္ေျဖပြဲသုံးပြဲကို ေရႊ႕ဆိုင္းလိုက္ေၾကာင္း ေၾကညာခဲ့ပါတယ္။

သူ႔ရဲ့ ကမာ႓လွည့္ေဖ်ာ္ေျဖပြဲအတြင္း ထိုင္းနိုင္ငံကို လာေရာက္ေဖ်ာ္ေျဖသြားဖို့လည္း ရွိေနၿပီး နိုဝင္ဘာ ၆ ရက္ေန႔ ရာဂ်ာမန္ဂါလာကြင္းမွာ ျပဳလုပ္သြားဖို့ စီစဥ္ထားတယ္လို့လည္း သိရပါတယ္။ သူ႔ရဲ့ အင္စတာဂရမ္အေကာင့္မွာ တင္ထားတဲ့ ဗြီဒီယို ဖိုင္တစ္ခုထဲ ကေနဒီယံ အဆိုေတာ္က သူ႔မွာ Ramsay Hunt syndrome ခံစားေနရေၾကာင္း ေျပာျပခဲ့ၿပီး အဲ့ဒါဟာ သူ႔ရဲ့ မ်က္ႏွာတစ္ျခမ္း လွုပ္မရျဖစ္ ေစကာ စင္ေပၚတတ္ဖို့မျဖစ္နိုင္ဘူးလို့ ဆိုပါတယ္။

“ ကၽြန္ေတာ့ နားနဲ႔ မ်က္ႏွာအာ႐ုံေၾကာေတြကို တိုက္ခိုက္တဲ့ ဒီဗိုင္းရပ္စ္က ကၽြန္ေတာ့ မ်က္ႏွာ တစ္ျခမ္းကို သြက္ခ်ာပါဒျဖစ္ေအာင္ လုပ္လိုက္တာပါ။ ခင္ဗ်ားတို့ ျမင္တဲ့အတိုင္းပဲ ဒီဘက္ မ်က္လုံးက မမွိတ္နိုင္ဘူး။ မ်က္ႏွာ ဒီဘက္ျခမ္းက ျပဳံးလို့မရဘူး။ ႏွာေခါင္းလည္း မလွုပ္ရွားနိုင္ဘူး။ မ်က္ႏွာရဲ့ ဒီဘက္ျခမ္းမွာ အေၾကာေတြေသေနတယ္။ လုံးဝ ေနျပန္ေကာင္းလာတဲ့အထိ အနားယူသြားဖို့ ရွိပါတယ္။ ကၽြန္ေတာ့ကို နားလည္ေပးၿပီး ေစာင့္ဆိုင္းေပးၾကတဲ့ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္” လို့ ေျပာျပခဲ့ပါတယ္။

Mayo Clinic ရဲ့ အဆိုအရ Ramsay Hunt Syndrome ဟာ မ်က္ႏွာအာ႐ုံေၾကာကို ထိခိုက္ေစနိုင္ၿပီး ႏွာေစးျခင္းနဲ႔ အၾကားအာ႐ုံဆုံးရွုံးျခင္းေတြကို ျဖစ္ေစတယ္လို့ သိရပါတယ္။ ref:CNN

Be the first to comment

Leave a comment

Your email address will not be published.


*