Unicode … မပြည့်စုံပေမဲ့ ပြည်သူတွေ ထမင်းတနပ် အဆင်ပြေစေဖို့ ၅၀၀ကျပ်တန် ထမင်းဆိုင်ဖွင့်တဲ့ သဒ္ဒါကောင်းတဲ့ မိသားစု
ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ၊ ဘုန်းကြီးကျောင်းကွေ့ မှတ်တိုင်အနီးမှာ နိုဝင်ဘာ ၂၅ ရက်နေ့က စတင်ကာ ကြယ်စင်လင်း ၅၀၀ ကျပ်တန် ပုံစား ထမင်းဆိုင် ဖွင့်လှစ်ထား ပါတယ်။
ကြယ်စင်လင်း ထမင်းဆိုင် မိသားစုက အခြေခံ လူတန်းစား မိသားစုပဲ ဖြစ်ပါတယ် ။ ၅၀၀ကျပ်တန် ထမင်းဆိုင်ကိုတော့ သူတို့ရဲ့ စေတနာနဲ့ သဒ္ဒါတရားကို အခြေခံကာ မိသားစု တနိုင် တပိုင်လေး ဖွင့်လှစ်ထားခြင်းဖြစ်ကာ အမျိုးသမီးက ချက်ပြုတ်ပြီး အဖေနဲ့ သားက စားပွဲထိုးကြတာ ဖြစ်ပါတယ်။
ဒီလိုအချိန်မှာ ပြည်သူတွေအတွက် ထမင်းတစ်နပ် စားဖို့ရာ အဆင်ပြေခဲ့ပြီဆိုရင်ပဲ ကျေနပ်ပါကြောင်း ဈေးနည်းနည်းပဲ ပေးရလို့ဆိုပြီးလက်ရာနဲ့customer service က လုံးဝ စိတ်ပျက်စရာ မဖြစ်အောင် အကောင်းဆုံ းကြိုးစားပါကြောင်း ကြယ်စင်လင်း ၅၀၀ ကျပ်တန် ပုံစား ထမင်းဆိုင်မှ မဟန်နီကပြောပါတယ်။
ဆိုင်စားလည်းရသလို ပါဆယ်လည်းရပြီး အချိန်ကတော့ မနက် ၆ နာရီကနေ ၃ နာရီ အထိ ရောင်းချပေးနေပါတယ် ။ crd ; 36myanmar
Be the first to comment
Leave a comment
Your email address will not be published.
*