မြန်မာပြည်မှာ လူတိုင်းနီးပါး နှစ်သက်စွာ စားသုံးကြတဲ့ ရွှေကြည်ဆနွင်းမကင်း လုပ်နည်း

မြန်မာပြည်မှာ လူတိုင်းနီးပါး နှစ်သက်စွာ စားသုံးကြတဲ့ ရွှေကြည်ဆနွင်းမကင်း လုပ်နည်း

ဆနွင်းမကင်းလို့ ပြောလိုက်တာနဲ့ အလှူအတန်တွေမှာ မပါမဖြစ်ဆိုသလို တွေ့မြင်ရတဲ့ မြန်မာရိုးရာ အချိုပွဲမုန့်တစ်မျိုးပဲဖြစ်ပါတယ် ။ ဒါ့အပြင် လူမျိုးဘာသာမရွေး စားသုံးနိုင်တာမို ကြီးငယ်မရွေး ကြိုက်နှစ်သက်ကြတဲ့ မြန်မာမုန့်တစ်မျိး ဖြစ်ပါတယ် ။ နေရာဒေသအလိုက် မုန့်လုပ်နည်းတွေတော့ အနည်းငယ်စီ ကွဲကြပါတယ် ။ ဒီတစ်ခေါက်မှာတော့ လွယ်ကူရိုးရှင်းပြီ လုပ်ရလွယ်တဲ့ မုန့်လုပ်နည်းလေကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းတွေ အနေနဲ့ကတော့

(၁) ရွှေကြည်မှုန့် ၁ ခွက် ခွဲ (မုန့်လုပ်ရန်တိုင်းသောခွက်)

(၂) သကြား ခွက် တစ်ဝက်

(၃) နို့ဆီ ခွက် တစ်ဝက်

(၄) အုန်းနို့ ခရင် ၁ ဘူး (၄၂၅ မီလီ)

(၅) ကြက်ဥ ၄ လုံး (ခလောက်ထားပါ)

(၆) ပဲဆီ ၄ ဇွန်း စားပွဲဇွန်း

(၇) ထောပတ်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းခွဲ

(၈) ဆား လက်ဖက်ဇွန် ၄ ပုံ ၁ ပုံ

(၉) ဘိန်းစေ့ စားပွဲတင်ဇွန်း ၃ ဇွန်း ခွဲ

(၁၀) စပျစ်သီးခြောက် စားပွဲတင်ဇွန်း ၂ ဇွန်း

(၁၁) ရေနွေးနွေး ၁ ခွက်

(၁၂) ထောပတ်ဆီ ၁ ဇွန်း ခွဲ စားပွဲဇွန်း (လင်ဗန်းကို ဆီသုပ်ရန်) တို့ပဲဖြစ်ပါတယ် ။

ရွှေကြည်ဆနွင်းမကင်း ပြုလုပ်နည်း

အဆင့် ၁ ။ ပထမဦးစွာ အိုးထဲကို ဘိန်းစေ့ကလွဲပြီ ကျန်တဲ့ပါဝင် ပစ္စည်းတွေဖြစ်တဲ့ ရွှေကြည်၊ ရေ၊ နို့ဆီ၊ အုန်းနို့ စတဲ့ ပစ္စည်းတွေကိုထည့်ပြီး နှံ့အောင်သေချာ ခလောက်ပြီး မွေပေးပါ။

အဆင့် ၂ ။ ပစ္စည်းအားလုံး သမသွားပြီးဆိုရင်တော့ မီးဖိုပေါ်တင်ပြီ မီးမျှင်မျှင်လေးဖြင့် ဆီပြန်ပြီးလုံးလာသည် အထိမွေပေးပါ ။ (အိုးမကပ်စေရန် သတိပြုပါ )

အဆင့် ၃ ။ ဆီပြန်ပြီးလုံးလာပြီဆိုပါက ထောပတ်ဆီသုပ်ထားသော ဗန်းအတွင်သို့ ပြောင်းထည့်ပြီး သိပ်နေအောင် ဇွန်းဖင်ခွက်ဖြင့်ဖိပေးပါ။

အဆင့် ၄ ။ ပြီးလျှင် အိုက်ဗန်ဗင်ကို အပေါ်အောက်မီးဖြင့် ၄၀၀ ဖာရင်ဟိုက် (၂၀၀ စင်စီဂရိတ်) ပေးထားပါ ။ မုန့်မျက်နှာပြင် အပေါ် ချောမွေ့အောင် ဇွန်းပြားဖြင့်ညိပြီ အပေါ်မှာ ဘိန်းစေ့ဖြူးပြီး အပူပေးထားသော အာဗင်ထဲ ၁၅ – ၂၀ မိနစ် ထည့်ဖုတ်ပါ ။ ရွှေရောင် သန်းလာပြီဆိုပါက သွားကြားထိုးတံဖြင့် မုန့်သားအလည်ကို ထိုးကြည့်ပါ ။ ထိုသို့ထိုးကြည်ရာမှာသွားကြားထိုးတံတွင် မုန့်သားများကပ်မပါလာတော့လျှင် အိုင်ဗန်ထည်ကထုပ်ပြီ အအေးခံထားပါ ။

အေးသွားပြီဆိုရင်တော့ မိမိလိုသလို အတုံးတွေလှီးပြီ သုံးဆောင်နိုင်ပါပြီ ။လုပ်ရလွယ်ပြီ အရသာလည်းရှိ လူကြီးလူငယ်မရွေး ကြိုက်ကြတဲ့ ရွှကြည်ဆနွင်းမကင်းလုပ်နည်းလေးကို ပရိတ်သတ်ကြီးကို ပြန်လည် ဝေမျှ ပေးလိုက်ပါတယ်နော် ။

Be the first to comment

Leave a comment

Your email address will not be published.


*