မှတ်ညဏ်ချို့ယွင်းမှု ရောဂါကြောင့် ကမ္ဘာကျော် အက်ရှင်မင်းသားကြီး ဘရုစ်ဝီလီစ် သရုပ်ဆောင်အလုပ်မှ အနားယူ

မှတ်ညဏ်ချို့ယွင်းမှု ရောဂါကြောင့် ကမ္ဘာကျော် အက်ရှင်မင်းသားကြီး ဘရုစ်ဝီလီစ် သရုပ်ဆောင်အလုပ်မှ အနားယူ

Die Hart ဇာတ်ကားနဲ့ အခြား အက်ရှင်ရုပ်ရှင်ကား ဒါဇင်များစွာမှာ သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော် မင်းသားကြီး ဘရုစ်ဝီလီစ်တစ်ယောက် aphasia ခေါ် သိမှတ်နိုင်စွမ်းကို အဟန့်အတားဖြစ်စေတဲ့ ရောဂါတစ်မျိုးခံစားနေရတာကြောင့် သရုပ်ဆောင်အလုပ်ကနေ အနားယူတော့မယ်လို့ သူ့ရဲ့ မိသားစုက ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်။

အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝီလီစ်ဟာ ၁၉၈၀ ခုနှစ်များက ဟာသ-ဒရာမာ ရုပ်သံစီးရီး Moonlighting မှာ အောင်မြင်ကျော်ကြားလာခဲ့တာဖြစ်ပြီး ဆယ်စုနှစ်လေးခုကြာ သူ့ရဲ့ သရုပ်ဆောင်သက်တမ်းအတွင်း ရုပ်ရှင်ဇာတ်ကား ၁၀၀ ခန့်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Pulp Fiction နဲ့ The Sixth Sense ဇာတ်ကားတွေမှာ သူရဲ့ သရုပ်ဆောင်ချက်တွေအပေါ် ချီးကျူးခံခဲ့ရပြီး ရွှေကမ္ဘာလုံးဆုတစ်ခုနဲ့ Emmy နှစ်ခု ရခဲ့ပါတယ်။သို့ပေမယ့်လည်း ဝီလီစ်ဟာ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ Die Hard ဇာတ်ကား ၅ ကားမှာ လူသိများ ထင်ရှားလာခဲ့တာဖြစ်ပြီး ယင်းဇာတ်ကားတွေမှာ သူဟာရာဇဝတ်သားလူဆိုးတွေကို လိုက်လံချေမှုန်းရတဲ့ နယူးယောက် ရဲအရာရှိအဖြစ် သရုပ်ဆောင်ထားခဲ့ပါတယ်။

ဒီအချိန်ဟာ မိမိတို့ မိသားစုအတွက် တကယ့်ကို စိန်ခေါ်မှုဖြစ်ပါကြောင်း သင်တို့ရဲ့ စဉ်ဆက်မပြတ် ချင်ခင်ပေးမှုတွေ၊ ကရုဏာနဲ့ ပံ့ပိုးမှုတွေအတွက် အရမ်းကျေးဇူးတင်ရပါကြောင်း မိသားစုရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

ဝီလီစ်နဲ့ မင်းသမီး ဒမ်မီမိုးတို့ ဟာ ၁၉၉၀ ခုနှစ်များဆီက ဟောလိဝုဒ်ရဲ့ အကျော်ကြားဆုံးသရုပ်ဆောင်ဇနီးမောင်နှံတွေထဲမှာ ပါဝင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာတော့ သူတို့နှစ်ဦး လမ်းခွဲခဲ့ကြပါတယ်။ ကွာရှာင်းပြတ်စဲခဲ့ကြပေမယ့် သူတို့ဟာ ရင်းနှီးတဲ့ မိတ်ဆွေတွေအဖြစ် ဆက်ရှိခဲ့ကြပါတယ်။

လက်ရှိမှာ ဝီလီစ်ဟာ မော်ဒယ်နဲ့ သရုပ်ဆောင် မင်းသမီး Emma Heming နဲ့ လက်ထပ်ထားသူဖြစ်ပါတယ်။ ဝီလီစ်ဟာ ကလေးငါးဦးရဲ့ ဖခင်တစ်ယောက်ဖြစ်ပြီး ကလေးတွေကို ဇနီးနှစ်ဦးနဲ့အတူ ရရှိခဲ့တာဖြစ်ပါတယ်။

CNA

Be the first to comment

Leave a comment

Your email address will not be published.


*