ယခင်က ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့ဖူးသော Freedom Awardဆု သံအမတ်ကြီး ဦးကျော်မိုးထွန်း ချီးမြှင့်ခံရ

ယခင်က ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့ဖူးသော Freedom Awardဆု သံအမတ်ကြီး ဦးကျော်မိုးထွန်း ချီးမြှင့်ခံရ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ကျော်မိုးထွန်းကို ဒီမိုကရေစီ သူရဲကောင်းအဖြစ် International Republican Institute (IRI) က လာမည့် အောက်တိုဘာလ ၁၉ ရက်နေ့မှာ John McCain Freedom Awardဆု ချီးမြှင့်မည်ဟု သတင်းရရှိသည်။

Freedom Award ကို International Republican Institute (IRI) အဖွဲ့အစည်းက ၁၉၉၅ ခုနှစ်မှစပြီး ဒီမိုကရေစီတိုးတက်မှုအတွက် ကတိကဝတ်ပြုတဲ့ ပုဂ္ဂိုလ်များ၊ ဒီမိုကရေစီ လွတ်လပ်မှုနှင့် လူသား လွတ်မြောက်မှု ၊ ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော လူများအတွက်အခွင့် အလမ်းများ ဖန်တီးပေးခဲ့သူများကို ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်သည်။

ယင်းဆုကို NUGသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ လစ်သူယေးနီးယား ဝန်ကြီးချူပ် Ingrida Symonyte ၊ ဘယ်လာရုစ် နိုင်ငံရေးအကျဉ်းသားများအတွက် ပေါင်းစည်းညှိနိုင်းရေး ကောင်စီကိုယ်စားလှယ်Tatsiana Khomich နှင့် ကျူးဘားနှင့်ဂျာမနီ အနုပညာဆု ရရှိထားသောWilly Chilino တို့ဖြစ်ကြောင်း International Republican Institute (IRI) ၏ ကြေညာချက်အရ သိရသည်။

လာမည့် အောက်တိုဘာ ၁၉ ရက်၌ နယူးယောက်မြို့မှာချီးမြှင့်မည့် ယင်းဆုပေးပွဲသို့ရီပတ်ဗလီကင် အထက်လွှတ်တော် ခေါင်းဆောင် ဆီးနိတ်တာ၊Mitch McConnell၊IRI ဥက္ကဋ္ဌ ဆီးနိတ်တာ၊ Dan Sullivan၊ ဆီးနိတ်တာ Joni Ernst ၊ ဆီးနိတ်တာ Lindsey Graham နှင့် ဆီးနိတ်တာ Rick Scott တို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိစစ်ကောင်စီက တရားစွဲထားသော အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှာ ၁၉၉၉ ခုနှစ်၌ ယင်းဆုကို ချီးမြှင့်ခံရခဲ့ပြီး ဖြစ်သည်။ crd

Add a Comment

Your email address will not be published. Required fields are marked *