ယူနီဖောင်းချွတ်ပြီး အတွင်းခံဝတ်စုံဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ Alitalia လေကြောင်းလိုင်းရဲ့ လေယာဉ်မယ်ဟောင်းများ
မကြာသေးခင်ကပဲ ရပ်ဆိုင်းလိုက်ပြီဖြစ်တဲ့ အီတလီ လေကြောင်းလိုင်း Alitalia လေကြောင်းရဲ့ လေယာဉ်မယ် ဟောင်းများဟာ ယူနီဖောင်းချွတ်ပြီး ဆန္ဒထုတ်ဖော်မှု တစ်ရပ် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ပါတယ်။
အတွင်းခံများသာ ဝတ်ဆင်ထားတဲ့ Alitalia လေကြောင်း လေယာဉ်မယ်ဟောင်းများဟာ ငြိမ် သက်စွာနဲ့ပဲ ရောမမြို့ရဲ့ မြို့လယ် ခေါင်မှာ အသံတိတ်ဆန္ဒထုတ် ဖော်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
Alitalia လေကြောင်းလိုင်းရဲ့ လေယာဉ် မယ်ဟောင်း ၅၀ ဦးဟာ ညီညီညာညာ စီတန်းပြီး ယူနီဖောင်းနဲ့ အသုံးအဆောင် ပစ္စည်းများကို ချွတ်ပြီး လမ်းမပေါ်သို့ ချထားခဲ့တဲ့ အပြင် ဒေါက်ဖိနပ်များကိုပါ ချွတ်ကာ မိနစ်အနည်းငယ်ခန့် ငြိမ်သက် ဆန္ဒပြခဲ့ကြပါတယ်။
ထို့နောက် ယူနီဖောင်းနဲ့ အသုံးအဆော င်ပစ္စည်းများကို ပြန်လည်ဝတ်ဆင်ကာ ” ငါတို့က Alitalia ဝန်ထမ်းတွေဖြစ်ကြတယ်” လို့ ဟစ်ကြွေးခဲ့ကြတာပဲဖြစ်ပါတယ်။ ငွေကြေးအဆင်မပြေမှု အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေခဲ့တဲ့ အီတလီလေကြောင်း Alitalia ဟာ အောက်တိုဘာ ၁၄ ရက်နေ့မှာ ပဲ နောက်ဆုံးပျံသန်းမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Alitalia လေကြောင်း ကိုတော့ ITA လေကြောင်းကုမ္ပဏီမှ ဝယ်ယူလိုက်တာဖြစ်ပြီး Alitalia လေကြောင်းပိုင် လေယာဉ်အချို့နဲ့ ပျံသန်းမှုများ ဆက်လက်ပြုလုပ်မှာ ပဲဖြစ်ပါတယ်။ ကုမ္ပဏီအသစ်ဖြစ်တဲ့ ITA ဟာ Alitaliaလေကြောင်းလိုင်းကို ဝယ်ယူလိုက်ပေမယ့်မူလ Alitalia လေကြောင်းဝန်ထမ်း သောင်းကျော်ထဲကမှ ဝန်ထမ်းဦးရေ ၃၀၀၀ ကိုသာ ဆက်လက် ခန့်ထားခဲ့တာပဲဖြစ်ပါတယ် ။ ITA မှာ ဆက်လက် လုပ်ကိုင်ရတဲ့ ဝန်ထမ်းတွေကလည်း ပုံမှန်လစာထပ် နည်းပါးတဲ့ ပမာဏကိုသာ ရရှိတယ်လို့ သမဂ္ဂအရာရှိများက ဆိုပါတယ်။ crd
Be the first to comment