ယောဂနေ့စဉ်လုပ်ခြင်းကနေ ရရှိလာမယ့် အကျိုးကျေးဇူးများ

ယောဂနေ့စဉ်လုပ်ခြင်းကနေ ရရှိလာမယ့် အကျိုးကျေးဇူးများ

ယောဂဆိုတာကတော့ စိတ်နဲ့ ခန္ဓာကိုယ် နှစ်ခုလုံး လေ့ကျင့်မှု ဖြစ်ပါတယ်။ ယောဂကျင့်စဉ်ဟာ အိန္ဒယရဲ့ ရှေးကျတဲ့ ကျင့်စဉ်တစ်ခုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်စေရန် အတွက် လှုပ်ရှားမှု၊ တရားထိုင်ခြင်းနဲ့ အသက်ရှုခြင်း နည်းပညာတွေ ပါဝင်တာ ဖြစ်ပါတယ်။ ယောဂကိုနေ့စဉ် လုပ်ဆောင်ပေးပါက အကျိုးကျေးဇူးများစွာ ရရှိစေနိုင်တာပါ။

ခွန်အားကိုတိုးစေတယ်

ယောဂကျင့်စဉ်ဟာ အကြောဆန့်ခြင်း၊ ကွေးခြင်းသာမက အံ့သြစရာကောင်းတဲ့ ခွန်အားတွေကိုလည်း လိုအပ်တာဖြစ်ပါတယ် ။ ဒဏ်ရာတွေကို ကာကွယ်ရန်၊ ကိုယ်ခံအားစနစ် ၊ ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ရန်နဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်စေဖို့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ရရှိစေပါတယ် ။

ကိုယ်ခံအားစနစ်ကို မြှင်တင်ပေးတယ်

ဘယ်လိုလှုပ်ရှားမှု ပုံစံကမဆို ကိုယ်ခံအားစနစ်ကို ကျန်းမာစေဖု့ိ အတွက် ကောင်းမွန် စေတာပါ။ ယောဂပြုလုပ်ခြင်းက ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး ခုခံအားစနစ်ကို သိသိသာသာ လျော့ကျစေတဲ့ စိတ်ဖိစီးမှုနဲ့ ရောင်ရမ်းခြင်း တို့ကို လျော့နည်းစေနိုင်တာ ဖြစ်ပါတယ်။

အာရုံစူးစိုက်မှု ပိုအားကောင်းစေတယ်

ယောဂကျင့်စဉ်ဟာ စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်တစ်ခုလည်း ဖြစ်တာကြောင့် သင့်ရဲ့စိတ်တွေကို လေ့ကျင့် ပေးနိုင်တာ ဖြစ်ပါတယ်။ ယောဂ လုပ်ပြီးနောက် ယေဘုယျအားဖြင့် စိတ်ပိုင်းဆိုင်ရာ အရင်းအမြစ်တွေကို ပိုအာရုံစိုက် လာနိုင်ပြီး အချက်အလက် တွေကို ပိုမိုတိကျစွာ လုပ်ဆောင်လာနိုင်တာကို တွေ့ရှိရပါတယ်။

သင့်ရဲ့စွမ်းအင်ကို ပြောင်းလဲလာစေတယ်

ယောဂပုံမှန်လုပ်ခြင်းက အာရုံကြောစနစ်ကို အားကောင်းစေပြီး စိတ်ကိုတည်ငြိမ်စေကာ မတူညီတဲ့အမြင်တွေကို ပေးစွမ်းနိုင်တာဖြစ်ပါတယ်။ လန်းဆန်းတက်ကြွတဲ့ စွမ်းအင်တွေကို ပေးစွမ်းနိုင်တာကြောင့် ယောဂကို မနက်ပိုင်းမှာလုပ်ခြင်းက ပိုမိုကောင်းမွန်ပါတယ်။

အသက်ရှုခြင်းကို ပိုကောင်းမွန်စေတယ်

ယောဂကျင့်စဉ်ဟာ အသက်ရှုခြင်းကို အလေးပေးတဲ့ ကျင့်စဉ်တစ်ခုဖြစ်တာကြောင့် အသက်ရှုရတာ ပိုမိုကောင်းမွန်စေပီ အလုံးစုံသော ကျန်းမာရေးကို ကောင်းမွန်စေပါတယ် ။

Be the first to comment

Leave a comment

Your email address will not be published.


*