ရင်သားကင်ဆာ ဝေဒနာအပြင် ကျန်းမားရေးအတွက် များစွာအသုံးဝင်တဲ့ သပြေသီး

ရင်သားကင်ဆာ ဝေဒနာအပြင် ကျန်းမားရေးအတွက် များစွာအသုံးဝင်တဲ့ သပြေသီး

သင့်အနေဖြင့် မတော်တဆ သို့မဟုပ် နေ့စဉ်လုပ်ငန်းခွင်များမှတဆင့် ဝမ်းတွင်းသို့ ရွှေမှုန့်၊ ကြေးမှုန့်၊ သံမှုန့်၊ မြေဖြူမှုန့် မြေကြီးမှုန့်နှင့် ဆံပင်မွှေးများ စသည်တို့ဝင်ရောက်ပြီး ဗိုက်အောင့်ခြင်းဖြစ်ခဲ့ပါက သပြေသီးကို သတိရကြပါ။

ပြုလုပ်နည်းမှာ သပြေသီးမှည့် ၁၀လုံးကို ဆားဖြင့် တို့စားခြင်းအား(၇)ရက်တို့စားပါ ။ ၇ ရက်ပြည့်လျှင် မန်ကျည်းဖျော်ရည် သောက်ပေးရပါမည်။ထို့နောက်ဝမ်းတွင်းရှိ အမှုန့်အမွှားများ နှင့် ဆံပင်ထွေးများဟာ အညစ်အကြေးနှင့် အတူ ပါသွားတော့သည်။

အခြားနည်းလမ်းတစ်ခုမှာ သပြေခေါက်ကို အမှုန့်လုပ်ပြီး တစ်နေ့ ကော်ဖီဇွန်း ၁ ဇွန်း နှုန်းဖြင့် ၁ လတိတိ စားပြီး ဝမ်းနှုတ်ပေး၍လည်း မလိုလားအပ်သော အမှုန့်များ ဆံပင်ချည်ထွေးများ ကျစေပါသည်။ ဤနည်းမှာ ဆံပင်ညှပ်ဆရာတစ်ဦး ပြောပြသော ၎င်း၏ကိုယ်တွေ့နည်း ဖြစ်ပါသည်။

ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာက ဝမ်းတွင်းသို့ ဆံပင်စများ ဝင်သည် များလာကာ ဗိုက်အောင့်သည်ဆို၍ ဆေးအမျိုးမျိုး သောက်သော်လည်း မပျောက်ကင်းနိုင်ခဲ့ပါ။ နောက်ဆုံး သပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေးနှင့်အတူ ဆံပင်ထွေးများ ကျသွားသည်ဟု ဆိုပါသည်။ နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှရသော ဆေးနည်း ဖြစ်သည်ဟု ဆိုပါသည်။

ရင်သားကင်ဆာအတွက် အစွမ်းအလွန်ထက်တဲ့ သပြေသီး

၂၀၀၇ ခုနှစ်က အိန္ဒိယနိုင်ငံထုတ် ဆေးပညာ ဂျာနယ်တစ်စောင်၏ ဖော်ပြချက်အရ သပြေသီးမှည့်သည် ရင်သားကင်ဆာ မဖြစ်ပွားစေအောင် ကာကွယ်ပေးနိုင်သည်ဟု သိရသည် ။ ဒါ့အပြင် ရင်သားကင်ဆာ ဝေဒနာရှင်များသည်လည်း သပြေသီး စားသုံးခြင်းဖြင့် ကင်ဆာဆဲလ်များ မပြန့်ပွားအောင် ထိန်းထားနိုင်သည်ဟု ဆိုပါသည်။

အမေရီကန်ပြည်ထောင်စုရှိ ဆေးဝါးတက္ကသိုလ်တစ်ခုမှလည်း သပြေသီးသည် ရင်သားကင်ဆာ မဖြစ်ပွားအောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ကြောင်း ၂၀၀၉ ခုနှစ်တွင်လည်း ထုပ်ဖော်ပြောကြားခဲ့တာ ရှိပါသည်။ ဒါ့အပြင် ဦးရေပြား ဗောက်ထခြင်း ဦးရေပြားမှိုစွဲခြင်းရောဂါတို့ကိုလည်း သပြေသီး သတ္တုရည်ကို လိမ်းပေးပါက ပျောက်ကင်းစေသည်။

သပြေသီးတွင် ချိုဖန်သော အရသာရှိသည်။ သပြေသီးမှည့်ကို စားပေးခြင်း သပြေခေါက်ကို အမှုန့်ပြုပြီး နေ့စဉ် လက်ဖက်စားဇွန်း(၁)ဇွန်း နံက်ည စားပေးခြင်းဖြင့်လည်း ဆီးလွန်ရောဂါကို သက်သာ ပျောက်ကင်းစေသည်။

ဆီးချိုရောဂါအတွက် သပြေသီးအစေ့ကို စနစ်တကျ အခြောက်လှန်း အမှုန့်ပြုပြီးနေ့စဉ် လက်ဖက်စားဇွန်း ၁ ဇွန်းနှုန်းဖြင့် ည/မနက် တစ်ကြိမ်စီ သောက် ပေးပါက ဆီးချို တကယ်ပျောက်သည် ဆိုပါသည်။

အိန္ဒိယ ဆေးကျမ်းများတွင် သပြေရွက်ပြုတ်ရည်ကို အသည်းအားဆေးအဖြစ်
တိုက်ကျွေးနိုင်ည်ဟု ဖော်ပြထားသည် ။ သပြေရွက်ကို ကိုယ်ခန္ဓာတွင် ပွတ်တိုက် လိမ်းကျံထားပါက မှတ်, ခြင်,တို့ မကိုက်နိုင်ဟု ဆိုသည်။

သပြေပင်နှင့်ပတ်သက်သော ဆေးအသုံးဝင်ပုံတို့ကို ရေးရလျှင် ကုန်နိုင်မည် မဟုပ်ပါ ။ သတိပြုရမည့် အချက်မှာ အစာမကြေသူများ ကိုယ်ဝန်ဆောင်သူများနှင့် မတည့်ပါ။ တန်ဆေး လွန်ဘေးဆိုသလို ဆေးဖက်ဝင်သည်ဆိုတိုင်းလည်း လည်လွန်လွန်ကျွံကျွံ မစားသုံးသင့်ပါ။ အားလုံး အနာရောဂါကင်း၍ ကျန်းမာ ချမ်းသာပါစေ ။

Be the first to comment

Leave a comment

Your email address will not be published.


*