ရာဇဝင်သမိုင်းထဲက ဒီဇင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ကမ္ဘာ့သမိုင်းဝင် ဖြစ်ရပ်များ

ရာဇဝင်သမိုင်းထဲက ဒီဇင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ကမ္ဘာ့သမိုင်းဝင် ဖြစ်ရပ်များ

ဒီဇင် (Decem) ဟူသောစကားမှာ လက်တင် ဘာသာဖြစ်၍ “တစ်ဆယ်”ဟုအဓိပ္ပါယ်ရလေသည်။ရှေးရောမပြက္ခဒိန်တွင် ဒီဇင်ဘာလကို ဆယ်ခုမြောက်လအဖြစ်သတ်မှတ်ခဲ့ပြီး ၂၉ရက် သာရှိခဲ့ရာ ဂျုလိယက်ဆီဇာ လက်ထက် ပြက္ခဒိန်ပြန်လည်ရေးဆွဲသောအခါ ၂ရက်ထပ်တိုးကာ ၃၁ရက်ဖြစ်လာ၍ ကမ္ဘာ့ပြက္ခဒိန်တွင် ၁၂ လမြောက် နောက်ဆုံးလအဖြစ် သတ်မှတ်ခဲ့ပါသည်။

ဒီဇင်ဘာလသည် ခရစ်ယန် ဘာသာဝင်တို့၏ အထူးလ မြတ်ဖြစ်လေသည်။ကယ်တင်ရှင် ယေရှု့ခရစ်တော်ကို ဒီဇင်ဘာ၂၅ရက်နေ့တွင် ဖွားမြင်သဖြင့် ထိုနေ့ ကို ခရစ်စမတ်နေ့အဖြစ် အထိမ်းအမှတ်ပွဲတော် ကျင်းပလေ့ရှိသည် ။ဒီဇင်ဘာလ၏ ဝိသေသပန်းမှာ ဟော်လီပန်း ဖြစ်သည်။

ဒီဇင်ဘာလအတွင်း ထင်ရှားသော ကမ္ဘာ့သမိုင်းဝင် ဖြစ်ရပ်များမှာ ၁၈၀၅ ဒီဇင်ဘာ ၂ ရက်တွင် ပြင်သစ်ဘုရင် နပိုလီယန်၏ တပ်များက ချက်ကိုစလိုဗက်ကီးယားနိုင်ငံတွင် ရုရှားနှင့်သြစတေးလျတပ်များကို အပြတ်အသတ် အနိုင်ရရှိခဲ့သည် ။ ၁၈၂၃ ဒီဇင်ဘာ၂ ရက်တွင် အမေရိကန်သမ္မတ မွန်ရိုးက လွှတ်တော်တွင်”မွန်ရိုးဝါဒ” ကိုကြောညာခဲ့သည်။ယင်းဝါဒမှာ အမေရိကတိုက် အတွင်းရှိ နိုင်ငံများ၏အရေးကိစ္စမှန်သမျှကို မည်သည့်ဥရောပနိုင်ငံကမှဝ င်ရောက်စွက်ဖက်ခြင်းမပြုရန်ဖြစ်၏။

၁၈၆၅ ဒီဇင်ဘာ ၁၈ရ က်တွင် အမေရိကန်နိုင်ငံ အခြေခံဥပဒေပြင်ဆင်ချက် ၁၃ အရ ကပ္ပလီငွေဝယ်ကျွန်စံနစ်ကို ဖျက်သိမ်းလိုက်သည်။၁၉၀၃ဒီဇင်ဘာ၁၇ တွင်ဝီဗာရိုက်နှင့်အော်ဗီရိုက်(ရိုက်ညီနောင်)တို့က”ပျံသန်းသူ”အမည်ရှိလေယာဉ်ကို မြောက်ကယ်ရိုလိုင်းနားပြည်နယ်၌ခရီးပေ ၁၂၀ကိုဆယ့်နှစ်စက္ကန့်ဖြင့်ပျံသန်းပြကာ လေကြောင်းသွားလာမှု့ကဏ္ဍအစပြုခဲ့သည်။၁၉၄၁ဒီဇင်ဘာ၇ ရက်နေ့နံနက်တွင် ဂျပန်ကဟာဝိုင်ယီကျွန်းရှိ အမေရိကန်ရေတပ်စခန်းအား စစ်မကြေငြာဘဲ အလစ်တွင်ဝင်ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

၁၉၈၂ ဒီဇင်ဘာ ၁ ရက်တွင် အမေရိကန်နိုင်ငံ ၊ ဆော့လိတ်စီးတီး ဆေးရုံကြီးတွင် အသက် ၆၁ နှစ်အရွယ် သွားဆရာဝန်ဒေါက်တာ ဘာနေကလပ် ဆိုသူအား ပထမဆုံး နှလုံးအတု အစားထိုး တပ်ဆင်နိုင်သည့် လူသားအဖြစ် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ကာ ဆေးပညာ သမိုင်းတွင် မှတ်တမ်းတင်နိုင်ခဲ့သည်။

မြန်မာ့သမိုင်းတွင် ဒီဇင်ဘာလအတွင်းသမိုင်းဝင်ဖြစ်ရပ်များမှာ ၁၁၃၁ ခုနှစ်၊ ဒီဇင်ဘာလ၁၇ရက်တွင် အလောင်းစည်သူမင်းကြီးသည် ရွှေဂူကြီးဘုရားကိုတည်ဆောက်ပြီးစီးခဲ့သည်။၁၅၇၈ဒီဇင်ဘာ၂၀ရက်တွင်ဘုရင့်နောင်တောင်ငူဆံတော်ရှင် စေတီကိုထီးတော်တင်သည်။

၁၅၉၉ ဒီဇင်ဘာလ ၉ရက်တွင်ဟံသာဝတီ ပျက်သည်။၁၆၃၇ခုနှစ် ဒီဇင်ဘာ၉ တွင် သာလွန်မင်းက မီးဘေးအန္တရာယ် ကာကွယ်ရေးရပ်ရွာလုံခြုံရေးအစီအမံကို အမိန့်ထုတ်ပြန်၏။ ၁၇၆၉ ဒီဇင်ဘာ၁၃ တွင် ကောင်းလုံမြို့၌ တရုတ်မြန်မာစစ်ပြေငြိမ်းစာချုပ်ချုပ်ဆိုခဲ့သည်။

၁၈၅၂ဒီဇင်ဘာ၁၇တွင် အင်္ဂလိပ်တို့အောက်မြန်မာနိုင်ငံကိုသိမ်းပိုက်ကြောင်းကြေညာသည်။၁၈၈၅ဒီဇင်ဘာ၁၄တွင် သီပေါမင်းနှင့်မိဘုရားသမီးတော် အထိန်းတော်များအန္ဒိယနိုင်ငံမဒရပ်သို့ရောက်ရှိသည်။၁၈၈၉ဒီဇင်ဘာ၂၈တွင်ဝေလမင်းသားမြန်မာနိုင်ငံလာရောက်လည်ပတ်သည်။၁၉၁၀ဒီဇင်ဘာ၂၇တွင် ဝိုင်အမ်ဘီအေအသင်းကြီးမြန်မာနိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကြီးကျင်းပသည်။၁၉၂၀ဒီဇင်ဘာ၁ တွင် ရန်ကုန်တက္ကသိုလ်နှင့် ဂျက်ဆင်ကောလိပ်တို့ပါဝင်ဖွဲ့စည်းသည့်ရန်ကုန်တက္ကသိုလ် အက်ဥပဒေစတင် ပြဋ္ဌာန်းသည်။

၁၉၂၀ ဒီဇင်ဘာ ၃တွင် ကိုဘဦး ကိုဘခင် ကိုဖိုးကွန်းတို့ တက္ကသိုလ်ကျောင်းသား ၁၁ ဦးက ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ကာရွှေတိဂုံစေတီရင်ပြင် အနောက်ထောင့်(ယခုဗောဓိညောင်ပင်နေရာ)တွင်သစ္စာအဓိဋ္ဌာန်ပြုသည်။ ၁၉၂၆ဒီဇင်ဘာ၃တွင် ဗိုလ်စံဖဲအားဖမ်းဆီခေါ်ဆောင် လာရာ သာစည်မြို့နယ် သာဂရွာသူကြီးအိမ်၌ ခေတ္တနားခိုက်ထွက်ပြေး လွတ်မြောက်သွားသဖြင့်အစိုးရ က သာဂရရွာကိုဒဏ်ငွေ ၆၅၀ိ/-ပေးဆောင်စေရန်ဒဏ်ရိုက်သည်။

၁၉၃၈ဒီဇင်ဘာ၅တွင်ရေနံမြေသပိတ် မကွေးသို့ရောက်ရှိရာ ဒီဇင်ဘာ ၁၂ တွင် ရေနံမြေတပ်သားများ အားတရားဟောသဖြင့် ကျောင်းသားသမဂ္ဂမှကိုဗဟိန်းနှင့်ကိုဗဆွေတို့အဖမ်းခံရသည်။၁၉၃၈ ဒီဇင်ဘာ၂၀ ရက်တွင် ရန်ကုန်တက္ကသိုလ်အပါအဝင် ရန်ကုန်မြို့ကျောင်းပေါင်းစုံမှ ကျောင်းသားထုက အတွင်းဝန်ရုံးကိုဝိုင်းဝန်းဆန္ဒပြရာ မြင်းစီးပုလိပ်များက အကြမ်းဖက် ရိုက်နှက်ဖြိုခွဲသဖြင့် ၁၉၃၈ ဒီဇင်ဘာ ၂၂တွင် ထိုအရေးအခင်းမှရိုက် နှက်ခံရသော ဂျက်ဆင်ကောလိပ်ကျောင်းသား သမဂ္ဂအမှု့ဆောင် ကိုအောင်ကျော် ၁၃:၂၅တွင်ရန်ကုန်ဆေးရုံကြီး၌ကွယ်လွန်သည်။

 

၁၉၄၆ဒီဇင်ဘာ၁တွင်ကချင်ပြည်နယ်မန်စိန်ရွာတွင် ဗိုလ်ချုပ်အောင်ဆန်းအားကချင်အကြီးအကဲများက ထမင်းစားပွဲဖြင့်ဧည့်ခံသည်။၁၉၄၇ဒီဇင်ဘာ၃၀ရက်တွင် နိုင်ငံတော်လုပ်ကြံမှု့တရားခံများဖြစ်သောမျိုးချစ်ပါတီခေါင်းဆောင် ဂဠုန်ဦးစောနှင့်အပေါင်းအပါ ၉ဦးအားသေဒဏ်ကျခံရန် အမိန့်ချမှတ်သည်။၁၉၄၂ ဒီဇင်ဘာ၁၀ ကပင် ဗမာနိုင်ငံလုံးဆိုင်ရာမျိုးချစ်အဖွဲ့ချုပ်က မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မျိုးချစ်အသင်းသမဂ္ဂများကိုဖျက်သိမ်းရန် မျိုးချစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဦးမြက ကြေငြာပြီးဖြစ်သည်။

ဒီဇင်ဘာလအတွင်းမွေးဖွားသော ကမ္ဘာကျော် ပုဂ္ဂိုလ်များမှာ ရောမစာဆိုတောဟိုးမား၊ အီတလီစာဆို ဂျီယိုဗင်နီဘိုကတ်ချို ရူပဗေဒပညာရှင် အိုင်ဇက်နယူတန်၊ ကဗျာဆရာကြီးဂျွန်မီလတန် ဗြိတိသျှစာရေးဆရာရုဒ်ယဒ်ကစ်ပလင်၊ ရူပဗေဒပညာရှင် ဆာဟန်ဖရီးဒေးဗီး၊ ကြက်ပေါင်စေးမှကားတာယာတီထွင်သူချားလ်ဂွတ်ရီးယား၊ ဂီတပညာရှင်ဗီသိုဗင်၊ နော်ဝေးစာဆို ဗျန်စင်တို့ဖြစ်ပြီး ထင်ရှားသော ခေါင်းဆောက်များမှာနိုင်ငံပေါင်းချုပ်အသင်းကြီးကို

စတင်ကမကထပြုခဲ့သူအမေရိကန်သမ္မတ ဝုဒ်ရောဝီလ်ဆင် ရုရှားခေါင်းဆောင်ကြီး စတာလင်၊ဗြိတိသျှနိုင်ငံရေးခေါင်းဆောင် ဂလက်စတုန်း၊ ရုရှားဘုရင် ပထမမြောက်အလက်ဇန္ဒားနှင့်ထိုင်းဘုရင်ဘူမိဘောအဒူရာဒက်တို့ဖြစ်ကြသည်။ရုပ်ရှင်အနုပညာရှင်များမှာ ဝုဒီအယ်လန်၊ဘရက်ပစ်၊ စတီဗင်စပီးဘတ်၊ ဘရစ်တနေးစပီးယား၊ ဂျိမ်းအော်စတင်နှင့် တရုတ်မင်းသမီး ဂေါင်းလီတို့ဖြစ်ကြသည်။

ဒီဇင်ဘာလဖွား မြန်မာနိုင်ငံမှထင်ရှားသောပုဂ္ဂိုလ်များမှာ သခင်ထွန်းအုပ်(ရဲဘော်သုံးကျိပ်ဝင်) ဆမားဒူးဝါးဆင်ဝါးနောင်၊ပါမောက္ခဦးကျော်ရင်၊ ဆာဂျေအေမောင်ကြီး သမိုင်းပညာရှင်တော်စိန်ခို၊မင်းကြီးကတော်ဒေါ်မြမေ၊ ဘဏ်သူဌေးကြီးဦးရဲကျော်သူ ဆာဦးသွင်တို့ဖြစ်ပြီး

လက်ရှိအနုပညာရှင်များတွင် ဝိုင်ဝိုင်း(ဒီဇင်ဘာ၂)သင်ဇာဝင့်ကျော်(ဒီဇင်ဘာ၎ ) ငှက်ပျောကြော်(ဒီဇင်ဘာ၎)တင်မိုးလွင်(ဒီဇင်ဘာ၅) ဆောင်းဦးလှိုင်(ဒီဇင်ဘာ၈) ဒါရိုက်တာကြည်စိုးထွန်း(ဒီဇင်ဘာ၉)ရန်အောင်(ဒီဇင်ဘာ၁၄) စိုးမြတ်နန္ဒာ(ဒီဇင်ဘာ၁၅)ထွန်းထွန်း(ဒီဇင်ဘာ၂၄)ဝိုင်းစုခိုင်သိန်(ဒီဇင်ဘာ၂၄)ဒါရိုက်တာကြည်ဖြူ ရှင်(ဒီဇင်ဘာ၂၆)တို့ဖြစ်ကြပါသည်။

အနောက်တိုင်းဗေဒင်အလိုအရ ဒီဇင်ဘာ ၁မှ၂၀အတွင်းမွေးဖွားသူတို့သည် အမျက်ဒေါသထွက်လွယ်သည်သို့သော်ခွင့်လွှတ်လွယ်သည်။အလုပ်တစ်ခုကို အားကြိုးမာန်တက်လုပ်ကိုင်လိုစိတ်နည်း သော်လည်းမိမိရည်မှန်းချက်သို့ မရောက်ရောက်အောင် ဖြည်းဖြည်းမှန်မှန်ဇွဲကောင်းကောင်းဖြင့် ပန်းတိုင်အရောက်ချီတက်လေ့ရှိသည်။

ဒီဇင်ဘာ ၂၁ ရက်မှ ၃၁ ရက်အတွင်း မွေးဖွားသူများမှာ မျှော်လင့်ချက်ဆန္ဒပြင်းပြ၍အပြိုင်အဆိုင်လုပ်ကိုင်တတ်သည်။အများအားဖြင့် တစ်ကိုယ်တည်းနေထိုင် တတ်ပြီး စိတ်ကူးကောင်းသူများဖြစ်သည်။ တီထွင်ဆန်းသစ်လိုစိတ်ရှိသူများလည်းဖြစ်ကြလေသည်။ CRD ဆရာကိုဖိုးကျော် /နော်ဂဲလယ်ထူး (စာပေပရဟိတ)

Be the first to comment

Leave a comment

Your email address will not be published.


*