ရေခဲသေတ္တာထဲမှာ ဘယ်တော့မှ သိမ်းမထားသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲမှာ အစားအစာတွေကို သိမ်းဆည်းထားတာက အစားအစာတွေကို မပုတ်မသိုးပဲစေပဲ တာရှည်ခံတာ အားလုံးသိပြီး ဖြစ်မှာပါ ။ ဒါပေမဲ့ ရေခဲသေတ္တာရဲ့ အေးတဲ့အပူအချိန်ဟာ အစားအစာတွေရဲ့မျက်နှာပြင်နဲ့ အရသာကို ပြောင်းလဲစေနိုင်ပြီ အစားအစာရဲ့ အကျိုးကျေးဇူးတွေကိုတောင် ထိခိုက်စေနိုင်တပါ။ သင့်အနေနဲ့ ရေခဲသေတ္တာထဲမှာ ဘယ်တော့မှ မထည့်သင့်တဲ့ အ စားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
( ၁ ) ကော်ဖီ
ကော်ဖီမှုန့် သို့ ကော်ဖီစေ့တွေကို ခြောက်သွေ့ပြီး အေးမြတဲ့ နေရာမှာသာ ထားသင့်ပါတယ် ။ သို့သော်လည်း ရေခဲသေတ္တာရဲ့ အပူချိန်ဟာ ပုံမှန်ထက်ကိုအေးတာကြောင့် ကော်ဖီတွေအတွက် သင့်တော်တဲ့ နေရာတော့ မဟုတ်ပါဘူး။ ကော်ဖီတွေကို အခန်းအပူချိန်တွင်သာ ထားသင့်ပြီး အရမ်းပူတာ၊ စိုစွတ်မှုနဲ့ နေရောင်တို့ကို ရှောင်ရှားသင့်ပါတယ်။
( ၂ ) ပေါင်မုန့် / ကိတ်မုန့်
ပေါင်မုန့်တွေကို အိမ်တော်တော်များများမှာ ရေခဲသေတ္တာထဲ ထည့်ထားတတ်ကြတာ တွေ့ရတတ်ပါတယ်။ ဒါဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ ။ ပေါင်မုန့်ကို အေးစက်နေတဲ့ ရေခဲသေတ္တာထဲမှာ ထည့်ထားတာက ခြောက်သွေ့ပြီး ပျက်စီးသွားစေ နိုင်ပါတယ် ။
( ၃ ) ခရမ်းချဉ်သီး
ခရမ်းချည်သီးကို အိမ်တိုင်းလိုလိုမှာ ရေခဲသေတ္တာထဲ ထည့်သိမ်းတတ်ကြမှာပါ။ ဒါပေမယ့် ခရမ်းချည်သီးကို ရေခဲသေတ္တာထဲ ထည့်လိုက်တာက သူ့ရဲ့အဆိမ့်အရသာကို အနည်းငယ် ဆုံးရှုံးသွားစေပါတယ်။ အေးတဲ့အပူချိန်ဟာ ခရမ်းချည်သီးရဲ့ ပြင်ပမျက်နှာပြင်ကိုပြောင်းလဲစေရုံသာမက အတွင်းအလွှာတွေကိုလည်း ပြောင်းလဲစေနိုင်ပါတယ် ။ ထည့်ထားတာ ကြာလာသည်နှင့်အမျှ ခရမ်းချည်သီးဟာ မာတောင့်ခြင်း သို့မဟုပ် ပျော့ပျောင်းပြီး မွဲခြောက်သွားတာမျိုး ဖြစ်စေနိုင်ပါသည် ။ ခရမ်းချည်သီးကို အခန်းအပူချိန်မှာ သိမ်းဆည်းထားတာက အကောင်းဆုံး နည်းလမ်းပါပဲ ။
( ၄ ) ပင်စိမ်း
ပင်စိမ်းဟာ အေးတဲ့နေရာမှာ ထားလိုက်တဲ့အခါ မတူညီတဲ့ အနံကို ထုတ်ပေးတာပါတယ် ။ ပင်စိမ်းကို သိမ်းဆည်းထညးဖို့ အကောင်းဆုံးသော နည်းလမ်းကတော့ ရေခွက်တစ်ခုတွင် ရေအနည်းငယ်ထည့်ပြီး ပင်စိမ်းအပင်ကို စိုက်ပျိုးထားလိုက်ရုံပါပဲ။
( ၅ ) ခရမ်းသီး
ရေခဲသေတ္တာထဲ ခရမ်းသီးကို ထည့်လိုက်ခြင်းဟာ ခရမ်းသီးကို ပျက်စီးသွားစေတတ်ပါတယ် ။ နောက်ပြီး မြေဆီလွှာပါတဲ့ ဟင်းသီး ဟင်းရွက်တွေရဲ့ အဝေးမှာထားသင့်ပြီး နေရောင်နဲ့ တိုက်ရိုက် မထိတွေ့တဲ့ အေးမြတဲ့နေရာမှာ သိမ်းဆည်းသင့် ပါတယ်။
အခုဖော်ပြပေးခဲ့တဲ့ အစားအစာ ၅ မျိုးကို ရေခဲသေတ္တာထဲမှာ ထည့်မိနေတယ်ဆိုရင်တော့ အဲ့ဒီအကျင့်ကို အမြန်ဆုံး ပြင်ဆင်လိုက်ကြပါနော် ။
Be the first to comment