ရေသောက်နည်းရင် ခန္ဓာကိုယ်မှာ ပြသနာဖြစ်စေသလို ရေသောက်များလွန်းရင်လည်း ခန္ဓာကိုယ်မှာ ပြသနာဖြစ်နိုင်

ရေသောက်နည်းရင် ခန္ဓာကိုယ်မှာ ပြသနာဖြစ်စေသလို ရေသောက်များလွန်းရင်လည်း ခန္ဓာကိုယ်မှာ ပြသနာဖြစ်နိုင်

လူတစ်ယောက်အနေနှင့် တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၂ ခွက် အထိမဖြစ်မနေ သောက်သုံးပေးသင့်ပါတယ်။ လူတစ်ယောက်အတွက် တနေ့လျှင် ရေပမာဏ မည်မျှသောက်သုံးရမယ် ဆိုတဲ့ တိကျသေချာတဲ့ ဖော်မြူလာမရှိပါဘူး။ လူတစ်ဦးနှင့်တစ်ဦး ရေသောက်သုံးတဲ့ပမာဏက ကွဲပြားခြားနားနိုင်ပါတယ် ။သို့သော်လည်း တစ်နေ့လျှင် ရေ (၈) ခွက်ကနေ (၁၂) ခွက် ကိုတော့ မဖြစ်မနေ သောက်သုံးပေးသင့်ပါတယ်။

စာဖတ်သူတို့အနေနဲ့ ရေဓာတ်ကုန်ခန်းတယ်ဆိုတဲ့ စကားကို မိမိပတ်ဝန်းကျင်မှာ မကြာခဏ ကြားဖူးကြပါလိမ့်မယ် ။ သို့သော်လည်း ရေဓာတ်လွန်ကဲခြင်းအကြောင်းကိုတော့ လူတိုင်းသိကြမယ် မထင်ပါဘူး။

ပထမဦးစွာ ခန္ဓာကိုယ်အတွက် ရေဟာဘယ်လောက် အရေးကြီးလဲဆိုတာကို အရင်ဆုံး ပြောရပါမယ်။ ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ …

ရေက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးပါတယ် ။

ဆီးနဲ့ ချွေးတွေကတဆင့် အညစ်အကြေးတွေကို ဖယ်ရှားပေးတယ် ။

ရေက အာဟာရဓာတ်စုပ်ယူမှုကိုလည်း ကူညီပေးပါတယ် ။

အစာခြေဖျက်ခြင်းကို အထောက်အကူပြုပြီး ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေးတယ်

စိတ်ခံစားချက်နဲ့ အရေပြားကျန်းမာရေးကို တိုးတက်ကောင်းမွန်စေတယ် ။

ခန္ဓာကိုယ်အတွင်းက အီလက်ထရိုလစ်ဓာတ်တွေ ညီမျှစေတယ်။

ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်း လုပ်ဆောင်နိုင်ဖို့ ရေလိုအပ်ပါတယ် ။

သို့သော်လည်း ခန္ဓာကိုယ်အတွင်း ရေဓာတ်လွန်ကဲတဲ့အခါမှာ ရေဆိပ်သင့်ခြင်းဖြစ်နိုင်ပါတယ် ။ ဆားနဲ့ အခြားအီလက်ထရိုလစ်ဓာတ် (Electrolytes) ပမာဏတွေ အလွန်အမင်း အားပျော့သွားတဲ့အခါမှာ ဖြစ်ပေါ်လာပါတယ် ။ ရေကိုအလွန်အကျွံ သောက်သုံးတာက ဆဲလ်တွေပွားလာစေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။

ခန္တာကိုယ်မှာ ရေဓါတ်လွန်ကဲလာပါက စိတ်ရှုပ်ထွေးခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း စတဲ့လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်းက ဆိုဒီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတတ်စီယမ်လို အီလက်ထရိုလစ်ဓာတ်တွေကို ထိခိုက်စေနိုင်ပါတယ်။ အပြင်းထန်ဆုံးအနေနဲ ကတိလစ်ပြီး ကိုမာဖြစ်သွားနိုင်ပါတယ်။

အဲ့လိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းကတော့ ဆဲလ်အတွင်းနဲ့အပြင်မှာရှိတဲ့ အရည်တွေ ဟန်ချက်ပျက် သွားတာကြောင့်ပါ။ ရေဓာတ်လွန်ကဲခြင်း အခြေအနေမှာ ကြွက်တက်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

ရေသောက်နည်းလျှင် ပင်ပန်းနွမ်းလျမှု ဖြစ်စေသလိုပဲ ရေသောက်များလျှင်လည်းကျောက်ကပ်က ပိုလျှံလာတဲ့ရေတွေကို ဖယ်ထုပ်ဖို့အတွက် ပိုပြီးအားစိုက်လုပ်ဆောင်ရတာမို့ ပင်ပန်းနွမ်းလျခြင်းကို ဖြစ်စေနိုင်ပါတယ်။ ယနေ့ခောတ်မှာလူတိုင်းနီးပါ ဗီတာမင်မျိုးစုံကို မှီခိုနေရတဲ့ကမ္ဘာကြီးမှာ ရေအလွန်အကျွံသောက်ခြင်းကြောင့် ရေတွင်ပျော်ဝင်နိုင်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေက်ု ဖယ်ရှားပစ်နိုင်ပါတယ် ။

ရေဓာတ်လွန်ကဲခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကတော့ ရှင်းပါတယ် ။ ခန္ဓာကိုယ်မှ လက်ခံနိုင်တဲ့ ပမာဏထက်ကျော်လွန်ပြီ ရေအလွန်အကျွံသောက်သုံးထားပါလို့ပါပဲ ။ ကျောက်ကပ် ၊ အသည်း ၊ နှလုံးရောဂါ စတဲ့ ကျန်းမာရေး အခြေအနေတွေကလည်း ရေဓာတ်လွန်ကဲခြင်းကို ဖြစ်စေနိုင်ပါတယ်။

ရေဓာတ်လွန်ကဲခြင်းကို ကုသနည်းကတော့ ရေဓာတ်လွန်ကဲခြင်းဖြစ်စေတဲ့ မူလဇစ်မြစ်ကို ရှာဖွေပါ ။ မိမိသောက်သုံးနေတဲ့ ဆေးကြောင့်ဆိုရင် ဆရာဝန်နဲ့တိုင်ပင် ဆွေးနွေးပြီ ကုသမှု့ခံယူပါ ။ ရေဓာတ်လွန်ကဲခြင်းဖြစ်စေတဲ့ မညီမျှတဲ့ အရာတွေကို ဖယ်ရှားဖို့အတွက် အာဟာရပညာရှင်တွေရဲ့ အကူအညီနဲ့ ပိုတတ်စီယမ်နဲ့ အခြားအီလက်ထရိုလစ်ဓာတ်တွေ ကြွယ်ဝတဲ့အစားအစာတွေကို ရွေးချယ် စားသုံးတယ်။

လူတစ်ယောက်ရဲ့ ဗသာက်သုံးတဲ့ရေပမာဏဟာ အသက်အရွယ်၊ လိင်၊ ခန္ဓာကိုယ်အလေးချိန်၊ ကိုယ်လက်လှုပ်ရှားမှု၊ ရာသီဥတုနဲ့ ဆေးဘက်ဆိုင်ရာ အခြေအနေတွေ စတဲ့အချက်တွေအပေါ် မူတည်ပြီ တွက်ချက်ပါတယ် ။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ ရေ (၆၀) ရာခိုင်နှုန်းပါဝင်ပြီး ရေဓာတ်လိုအပ်တဲ့အခါ မှာလည်း ခန္ဓာကိုယ်က အချက်ပြပါတယ်။ သာမန်လူတစ်ယောက်အတွက် တစ်နေ့ကို ရေ (၈) ခွက်ကနေ (၁၂) ခွက်အထိ သောက်သုံးတာကတော့ ပုံမှန်အနေအထားပဲဖြစ်ပါတယ် ။

Be the first to comment

Leave a comment

Your email address will not be published.


*