ရော့ဘ်မူလတန်းကျောင်းပစ်ခတ်မှုမှာ ကျောင်သားတွေကို အသက်စွန့်ကာကွယ်ခဲ့တဲ့ သူရဲကောင်းဆရာမရဲ့ ခင်ပွန်းဖြစ်သူ ရင်ကွဲနာကျကာကွယ်လွန်

ရော့ဘ်မူလတန်းကျောင်းပစ်ခတ်မှုမှာ ကျောင်သားတွေကို အသက်စွန့်ကာကွယ်ခဲ့တဲ့ သူရဲကောင်းဆရာမရဲ့ ခင်ပွန်းဖြစ်သူ ရင်ကွဲနာကျကာကွယ်လွန်

တက္ကဆက်ပြည်နယ် မူလတန်းကျောင်း ပစ်ခတ်မှုမှာ ဆရာမ အာမာဂါစီယာက သူရဲကောင်းဆန်ဆန် အသက်စွန့်ခဲ့ပြီးနောက် ၂ ရက်အကြာမှာပဲ ဆရာမရဲ့ခင်ပွန်းဖြစ်သူ ဂျိုးဂါစီယာဟာ နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။

ရော့ဘ်မူလတန်းကျောင်းထဲကို သေနတ်သမား ဝင်ရောက်ပစ်ခတ်ချိန်မှာဆရာမ အာမာဂါစီယာက ကျောင်းသား/သူတွေကို လူသားဒိုင်းအဖြစ် ကာကွယ်ပေးပြီး အသက်စွန့်သွားခဲ့တာပါ။

ဇနီးသည် ကွယ်လွန်သွားလို့ ယူကျုံးမရ စိတ်နှလုံးထိခိုက်ခဲ့တဲ့ ဂျိုးဂါစီယာဟာ ဇနီးသည်ရဲ့ အမှတ်တရ အုတ်ဂူကိုသွားပြီး လွမ်းသူ့ပန်းခွေချပြီး အပြန်မှာပဲ ရင်ကွဲနာကျ သေဆုံးသွာ းခဲ့တာပါ။

ဂျိုးဂါစီယာနဲ့ အာမာဂါစီယာတို့ဟာ အထက်တန်း ကျောင်းကတည်းက ချစ်သူတွေဖြစ်ခဲ့ပြီး အိမ်ထောင် သက် ၂၄ နှစ် ရှိပါပြီ။ သူတို့ လင်မယားမှာ အသက် ၁၂ နှစ်ကနေ ၂၃ နှစ်ကြား အရွယ်ရှိတဲ့ သား ၂ ယောက်၊ သမီး ၂ ယောက် ကျန်ရစ်ခဲ့ပါတယ်။

ဆရာမ အာမာဂါစီယာ ကွယ်လွန်ခဲ့ပြီးနောက် ကျန်ရစ်သူ မိသားစုအတွက် ရည်ရွယ်တ ည်ထောင်ခဲ့တဲ့ GoFundMe ရန်ပုံငွေဟာ အမေရိကန်ဒေါ်လာ ၁.၆ သန်းကျော် ရရှိ ထားပါတယ်။

GoFundMe ရန်ပုံငွေကို တည်ထောင်ခဲ့တဲ့ အာမာဂါစီယာရဲ့ ညီမဝမ်းကွဲ ဒီဘရာအော်စတင်ကတော့ ” ဂျိုးက ရင်ကွဲနာကျပြီး သေဆုံးခဲ့ရတာလို့ ကျွန်မ လေးလေးနက်နက် ယုံကြည်ပါတယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့က တက္ကဆက်ပြည်နယ် ယူဗယ်ဒီမြို့မှာရှိတဲ့ ရော့ဘ်မူလတန်းကျောင်းကို အသက် ၁၈ နှစ်အရွယ် သေနတ်သမားက ဝင်ရောက်ပစ်ခတ်ခဲ့လို့ ဆရာမ ၂ ယောက်နဲ့ ကျောင်းသား/သူ ၁၉ ယောက် အသက်ဆုံးရှုံးခဲ့ပါတယ်။

Zawgyi … ေရာ့ဘ္မူလတန္းေက်ာင္းပစ္ခတ္မႈမွာ ေက်ာင္သားေတြကို အသက္စြန္႕ကာကြယ္ခဲ့တဲ့ သူရဲေကာင္းဆရာမရဲ႕ ခင္ပြန္းျဖစ္သူ ရင္ကြဲနာက်ကာကြယ္လြန္

တကၠဆက္ျပည္နယ္ မူလတန္းေက်ာင္း ပစ္ခတ္မွုမွာ ဆရာမ အာမာဂါစီယာက သူရဲေကာင္းဆန္ဆန္ အသက္စြန႔္ခဲ့ၿပီးေနာက္ ၂ ရက္အၾကာမွာပဲ ဆရာမရဲ့ခင္ပြန္းျဖစ္သူ ဂ်ိဳးဂါစီယာဟာ ႏွလုံးေဖာက္ၿပီး ကြယ္လြန္သြားခဲ့ပါတယ္။

ေရာ့ဘ္မူလတန္းေက်ာင္းထဲကို ေသနတ္သမား ဝင္ေရာက္ပစ္ခတ္ခ်ိန္မွာဆရာမ အာမာဂါစီယာက ေက်ာင္းသား/သူေတြကို လူသားဒိုင္းအျဖစ္ ကာကြယ္ေပးၿပီး အသက္စြန႔္သြားခဲ့တာပါ။

ဇနီးသည္ ကြယ္လြန္သြားလို့ ယူက်ဳံးမရ စိတ္ႏွလုံးထိခိုက္ခဲ့တဲ့ ဂ်ိဳးဂါစီယာဟာ ဇနီးသည္ရဲ့ အမွတ္တရ အုတ္ဂူကိုသြားၿပီး လြမ္းသူ႔ပန္းေခြခ်ၿပီး အျပန္မွာပဲ ရင္ကြဲနာက် ေသဆုံးသြာ းခဲ့တာပါ။

ဂ်ိဳးဂါစီယာနဲ႔ အာမာဂါစီယာတို့ဟာ အထက္တန္း ေက်ာင္းကတည္းက ခ်စ္သူေတြျဖစ္ခဲ့ၿပီး အိမ္ေထာင္ သက္ ၂၄ ႏွစ္ ရွိပါၿပီ။ သူတို့ လင္မယားမွာ အသက္ ၁၂ ႏွစ္ကေန ၂၃ ႏွစ္ၾကား အရြယ္ရွိတဲ့ သား ၂ ေယာက္၊ သမီး ၂ ေယာက္ က်န္ရစ္ခဲ့ပါတယ္။

ဆရာမ အာမာဂါစီယာ ကြယ္လြန္ခဲ့ၿပီးေနာက္ က်န္ရစ္သူ မိသားစုအတြက္ ရည္ရြယ္တ ည္ေထာင္ခဲ့တဲ့ GoFundMe ရန္ပုံေငြဟာ အေမရိကန္ေဒၚလာ ၁.၆ သန္းေက်ာ္ ရရွိ ထားပါတယ္GoFundMe ရန္ပုံေငြကို တည္ေထာင္ခဲ့တဲ့ အာမာဂါစီယာရဲ့ ညီမဝမ္းကြဲ ဒီဘရာေအာ္စတင္ကေတာ့ ” ဂ်ိဳးက ရင္ကြဲနာက်ၿပီး ေသဆုံးခဲ့ရတာလို့ ကၽြန္မ ေလးေလးနက္နက္ ယုံၾကည္ပါတယ္”လို့ ဆိုပါတယ္။

ၿပီးခဲ့တဲ့အဂၤါေန႔က တကၠဆက္ျပည္နယ္ ယူဗယ္ဒီၿမိဳ့မွာရွိတဲ့ ေရာ့ဘ္မူလတန္းေက်ာင္းကို အသက္ ၁၈ ႏွစ္အရြယ္ ေသနတ္သမားက ဝင္ေရာက္ပစ္ခတ္ခဲ့လို့ ဆရာမ ၂ ေယာက္နဲ႔ ေက်ာင္းသား/သူ ၁၉ ေယာက္ အသက္ဆုံးရွုံးခဲ့ပါတယ္။

Be the first to comment

Leave a comment

Your email address will not be published.


*