ရှားရှားပါးပါး တောင်ကိုရီးယားနိုင်ငံသားတစ်ဦး မြောက်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံ

ရှားရှားပါးပါး တောင်ကိုရီးယားနိုင်ငံသားတစ်ဦး မြောက်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံ

ရှားရှားပါးပါး ဖြစ်စဉ်အဖြစ် တောင်ကိုရီးယား နိုင်ငံသား တစ်ဦးဟာ လုံခြုံရေး ထူထပ်စွာချထားတဲ့ နယ်စပ်ကို ဖြတ်ကျော် ကာ မြောက်ကိုရီးယားထံ ဘက်ပြောင်းခိုလှုံ သွားခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က တနင်္ဂနွေနေ့ ဇန်နဝါရီ ၂ ရက်မှာ ပြောဆိုပါတယ်။

ကိုရီးယား နှစ်နိုင်ငံကို ခွဲခြားထားတဲ့ စစ်မဲ့ဇုန် (DMZ) ရဲ့ အရှေ့ ဖက်ခြမ်းမှာ စနေနေ့ ည ၉း၂၀ နာရီလောက်က လူတစ်ယောက် လှုပ်ရှားမှုကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ရှာဖွေမှုလုပ်ငန်းစဉ် လုပ်ဆောင်ခဲ့တယ်လို့ ပူးတွဲစစ်ဦးစီးချုပ်များရုံးက ပြောဆိုပါတယ်။

အဲဒီပုဂ္ဂိုလ်ဟာ ည ၁၀း ၄၀ နာရီလောက်မှာ စစ်ရေးနယ်နိမိတ် မျဉ်းကို ဖြတ်ကျော်ခဲ့ကာ မြောက်ကိုရီးယားဘက် ဘက်ပြောင်းသွားခဲ့တယ် ဆိုတာကို မိမိတို့ အတည်ပြု သိရှိခဲ့ရတယ်လို့ JSC က ဆိုခဲ့ပါတယ်။

အဆိုပါ ပုဂ္ဂိုလ် အသက်ရှင် လျက် ဆက်ရှိနေ သလား ဆိုတာကို အတည်မပြုနိုင်ကြောင်း သို့ပေမယ့် ဒီဖြစ်စဉ်ကို စစ်ဖက်အရေးပေါ် ဖုန်းလိုင်းမှ တဆင့် မြောက်ကိုရီးယားဘက် အကြောင်းကြားထားကာ အကာ အကွယ်ပေးဖို့ တောင်းဆိုပေး ထားကြောင်း JSC က ဆက်လက် ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ကိုရိုနာ ဗိုင်းရပ်စ်ဆိုင်ရာ တင်းကျပ်တဲ့ အစီ အမံတွေ ထုတ်ပြန်ကာ ၂၀၂၀ ပြည့်နှစ် အစောပိုင်းကစလို့ နယ်စပ်တွေကို ပိတ်ထားခဲ့ချိန်မှာ အခုလို တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ထွက်ပေါ် လာ တာဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံတွင်း သွားလာလှုပ်ရှားမှုတွေကိုလည်း အချိန်ကာလရှည်စွာ ပိတ်ပင် ကန့်သတ်တာတွေ လုပ်ထားခဲ့တာကြောင့် တောင်ကိုရီးယားထံ ဘက်ပြောင်းခိုလှုံတဲ့ မြောက်ကိုရီးယား နိုင်ငံသားအရေ အတွက်ဟာလည်း သမိုင်းတလျှောက် အနိမ့်ဆုံးအနေ အထားဖြစ်နေခဲ့ကြောင်း သိရပါတယ်။crd

Be the first to comment

Leave a comment

Your email address will not be published.


*