ရှောက်ရွက် စားခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေး ကောင်းကျိုးများ

ရှောက်ရွက် စားခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေး ကောင်းကျိုးများ

ရှေးမြန်မာ ဆိုရိုးစကားများအရ လဆန်းရက်မှာ ရှောက်ရွက်ကို စားထားရင် အဲဒီ တစ်လလုံး လေမဖြတ်တော့ဘူးလို့ ဆိုကြပါတယ်။ ကြက်သွန်ဖြူ ၊ ငြုပ်ကောင်းတို့နဲ့ ရှောက်ရွက်ကို ဟင်းခါးချက်ကာ အမြဲတမ်းသောက်ပေးပါက လေငန်းရောဂါကို သက်သာပျောက်ကင်းစေပါတယ်။

ဒါ့အပြင် ရှောက်ရွက်ဟာ ကမ္ဘာပေါ်မှာ အဖြစ်များပြီး၊ အပျောက်နည်းတဲ့ ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိူင်ပါတယ် ။ ရှောက်ရွက်ဟာ ကင်ဆာဆဲလ်တွေကို ခန္ဓာကိုယ်ထဲမှာ မကြီးထွားလာအောင် ကူညီပေးပါတယ်။ ရှောက်ရွက်ကို တစ်ပတ်မှာ ၃/၄ ကြိမ် စားသုံးပေးရုံနဲ့ ကြိုတင် ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

ရှောက်ရွက်မှာ အခြားထူးခြားတဲ့ အစွမ်းသတ္တိတစ်ခုအနေနဲ့ စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ Astsiri အဆီဓာတ်တစ်မျိုး ပါဝင်ပါတယ် ။ သူ့အနံ့ကလည်း ဦးနှောက်ကို စိတ်ဖိစီးမှုလျှော့ချတဲ့ ဟော်မှုန်းတစ်မျိုး ထုတ်လုပ်အောင် နှိုးဆွပေးတဲ့အတွက် စိတ်ဖိစီးမှုဒဏ်ကိုခံနေရသူများ စားသုံးရန် အထူးသင့်တော်ပါတယ် ။

ရှောက်ရွက်မှာပိုးမွှားတွေကို သေစေနိုင်တဲ့အစွမ်းလည်း ရှိတာကြောင့် ဖျားနာနေချိန် ဒါမှမဟုတ် ကိုယ်ခံအားကျဆင်းနေချိန်တွေမှာ ရှောက်ရွက်ကို စားသုံးသင့်ပါတယ်။ မနက်မိုးလင်းမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲကို ရှောက်ရွက်ခပ်ပြီး သာက်ပါက ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။

အဝလွန်ခြင်း အဆီပိုများနှင့် ဗိုက်ခေါက်ထူနေကြတဲ့ အမျိုးသမီးတွေအတွက် လူတကာတွေ ပြန်လှည့်ငေးရအောင် ဖြစ်ချင်ရင်တော လွယ်ပါတယ် ။ ရှောက်ရွက်အရင့် ၁၁ ရွက် သို့မဟုပ် ၉ ရွက်ကို ပုလင်းလွတ်တစ်လုံးမှာထည့်၊ သကြား စားပွဲတင်ဇွန်း သုံးဇွန်းနဲ့ ရေကျက်အေး (သို့) ရေသန့်အပြည့်ဖြည့်၊ လုံအောင်ပိတ်ပြီး နေပူပူမှာ ၁၁ ရက်လောက် နေလှန်းလိုက်ပါ။

နေလှန်တာ ရက်ပြည့်သွားပါကဘမနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပုလင်းကိုလှုပ်ပြီး လက်ဖက်ရည်ကြမ်းပန်းကန်လုံး တစ်ဝက်လောက် နေ့စဉ် မှန်မှန်သောက်သွားပေးပါက တစ်လ နှစ်လအတွင်းမှာ အသားအရေ စစ်သွားပြီး၊ အများငေးရတဲ့ ခန္တာကိုယ်လေးကို ရရှိပိုင်ဆိုင်လာမှာပါ ။ ဒါ့အပြင် အသည်းအဆီဖုံးတာတွေ၊ နှလုံးသွေးကြော ပိတ်တာတွေကိုလည်း သက်သာစေပါတယ် ။

ရှောက်ရွက်ရဲ့ အစွမ်းသတ္တိတွေကို သိရှိသွားပြီမို့ အနည်းဆုံး တို့စရာအဖြစ် စားသုံးကြပါ။ အသုတ်တွေ ဟင်းချိုတွေထဲမှာ မီးဖိုပေါ်ကချခါနီး ခပ်သောက်ကြပါ။ ထမင်းကြော်စားတဲ့ နေရာမှာလည်း(အနံ့လေးမွှေးအောင်) ရှောက်ရွက်လေးကို ညှပ်ထည့်ပြီး ကြော်စားကြပါလို့ တိုက်တွန်းလိုက်ရပါတယ် ။ အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိူင်ကြပါစေ ။

Be the first to comment

Leave a comment

Your email address will not be published.


*