လက်ဖက်ရည်နဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အံ့သြဖွယ်အချက်များ

လက်ဖက်ရည်နဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အံ့သြဖွယ်အချက်များ

လူအများစုအတွက် လက်ဖက်ရည် ပူပူတစ်ခွက်ဟာ တစ်နေ့တာရဲ့ ကောင်းမွန်တဲ့ စတင်မှု တစ်ခုဖြစ်ပါတယ်။ လက်ဖက်ရည်ကို လူတော်တော် များများက နှစ်သက်စွဲလန်း တတ်ကြပါတယ်။ အရသာ စွဲမက်ဖွယ်ကောင်းတဲ့ လက်ဖက်ရည်မှာ လူတွေ သိပ်မသိကြသေးတဲ့ ကျန်းမာရေး ကောင်းကျိုးတွေလည်း ရှိနေပါသေးတယ်။

ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အရွယ်ရောက်ပြီးသူတွေဟာ တစ်နေ့ကို လက်ဖက်ရည် ၂ ခွက် ကနေ ၃ ခွက် အထိ သောက်သင့်ပြီး ကျန်းမာရေးကိုကောင်းစေပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေ ပါတယ်။ ဒါပေမယ့် အစာအိမ်ရောဂါဖြစ်နေတဲ့ အချိန်မှာ လက်ဖက်ရည်ကို မသောက်သုံးသင့်ပါဘူး။

နှလုံးကျန်းမာရေးကို ကောင်းစေတယ်

FDA ရဲ့အဆိုအရ လက်ဖက်ရည်အနက်နဲ့ green tea တို့ဟာ နှလုံးကျန်းမာရေးကို အထောက် အကူပြုစေတာ ဖြစ်ပါတယ်။ လက်ဖက်မှာ နှလုံးကျန်းမာစေသော သဘာဝဓာတ်များကြွယ်ဝစွာ ပါဝင်နေပြီး လက်ဖက်ရည်ပုံမှန်သောက်သုံးသူများဟာ နှလုံးရောဂါဖြစ်ပွါးမှုနှုန်းကို လျော့ကျစေကြောင်း သက်သေပြခဲ့တာ ဖြစ်ပါတယ်။

ကယ်လ်လိုရီ မတက်ဘူး

လက်ဖက်ရည်မှာ ကဖိန်းဓာတ်ပါဝင်ပေမယ့် ကယ်လ်လိုရီ လုံးဝမပါဝင်တဲ့ ဖျော်ရည်ဖြစ်ပါတယ် ။ လေ့လာမှုများအရ သကြားမပါပဲ နွားနို့ ပါဝင်တဲ့ လက်ဖက်ရည်တစ်ခွက်မှာ ၃၇ ကယ်လ်လိုရီသာ ပါဝင်တာဖြစ်ပါတယ်။

ရေဓာတ်ဖြည့်ပေးနိုင်တယ်

လက်ဖက်ရည်ဟာ ရေကဲ့သို့ ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကို ဖြည့်ပေးနိုင်တာ ဖြစ်ပါတယ်။

ပန်းဂေါ်ဖီစိမ်းနဲ့ စပျစ်သီးတို့လို ကောင်းမွန်တယ်

လက်ဖက်ရည်ဟာ ပန်းဂေါ်ဖီစိမ်းနဲ့စပျစ်သီးတို့လိုမျိုး ကျန်းမာတဲ့ဓာတ်ပေါင်းများစွာပါဝင်ကြောင်း တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ black tea လက်ဖက်ရည်တစ်ခွက်မှာ flavonoids ၁၇၀ မီလီဂရမ်ပါဝင်ပြီး ပန်းဂေါ်ဖီစိမ်းတစ်ခွက်မှာတော့ ၃ မီလီဂရမ်ခန့််သာ ပါဝင်တာဖြစ်ပါတယ်။ Source ; SHWEMOM

Be the first to comment

Leave a comment

Your email address will not be published.


*