Unicode … လာမယ့် ဖေဖော်ဝါရီ ၁၉ ရက်ကနေ ၂၃ ရက်အတွင်း ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် ၆ ခုမှာ အချိန်အခါမဟုတ် မိုးကြီးနိုင်
လာမယ့် ဖေဖော်ဝါရီ (၁၉) ရက်နေ့ကနေ (၂၃) ရက်နေ့ အတွင်း ရန်ကုန် အပါအဝင် တိုင်းနဲ့ ပြည်နယ် (၆) ခုမှာ အချိန် အခါ မဟုတ် မိုးကြီးမယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန က ထုတ်ပြန်လိုက်ပါတယ်။
အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများရဲ့ အရှိန်ကြောင့် သော်လည်း ကောင် း၊ ကပ္ပလီ ပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော်တို့မှ လာတဲ့ လေနွေးများနှင့် တရုတ် ပြည်မကြီး ပေါ်ရှိ လေဖိအားကြီး ရပ်ဝန်း ဒေသမှ ရွေ့ လျား လာသော လေအေးများ တွေ့ဆုံမှု ကြောင့် လည်းကောင်း မိုးထစ်ချုန်းရွာသွန်းမှုများဖြစ်ပေါ်လာတာလို့ သိရပါတယ်။
ဖေဖော်ဝါရီ (၁၉) ရက်နေ့ မှ (၂၃) ရက်နေ့ အတွင်း စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ဆိုပါတယ်။ crd
Be the first to comment
Leave a comment
Your email address will not be published.
*