လိုချင်တပ်မက်စိတ်နည်းပြီး သူတပါးအပေါ် ကိုယ်ချင်းစာစိတ် မွေးတတ်အောင် ကျင့်ကြံနေထိုင်သွားကြဖို့ သင်တန်းဆင်း ဗိုလ်လောင်းများအား စစ်ခေါင်းဆောင်မှာကြား
စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၄င်း၏ လက်အောက်တွင် စတင် တာဝန် ထမ်းဆောင်မည့် စစ်တက္ကသိုလ် သင်တန်းဆင်းဗိုလ် လောင်းများအား လိုချင် တပ်မက်စိတ် နည်းပြီး ကိုယ်ကျင့်တရားကောင်း မွန်အောင် ကျင့်ကြံနေထိုင် သွားကြဖို့မှာ ကြားခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ယနေ့ မနက်ပိုင်းက ကျင်းပပြု လုပ်ခဲ့ သည့် စစ်ကောင်စီ လက် အောက်ရှိ စစ် တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် – ၆၃ သင် တန်းဆင်းပွဲ အခမ်းအနားတွင် စစ်ခေါင်းဆောင်ကယခု ကဲ့သို့ မှာကြားခဲ့ခြင်း ဖြစ်သည်။
” သင်တန်းဆင်း ဗိုလ်လ်လောင်းများ အနေဖြင့် စိတ် ဓာတ်နဲ့ ကိုယ်ကျင့်တရား ကောင်းမွန်ရန် လိုအပ်ပြီး ကိုယ်ကျင့် တရား ကောင်းမွန်ရေး အတွက် ဘာ သာရေး၊ လူမှုရေး အဆုံးအမများနှင့် အညီ ကျင့်ကြံနေထိုင် သွားရမည်ဖြစ်ပြီး သူတပါး အပေါ် ကိုယ်ချင်းစာစိတ် မွေးပြီး လေးစား တန်ဖိုးထားတတ်ရ မည်ဖြစ်ကြောင်း” မှာကြားခဲ့ခြင်းဖြစ် သည်။
ထို့ပြင် သင်တန်းဆင်း ဗိုလ်လောင်းများ၏ ဝင်ငွေနှင့်ထွက်ငွေ ကို မျှတစွာသုံးစွဲရ မည်ဖြစ်ပြီး လိုချင် တပ်မက်စိတ် နည်းပြီး ခြိုးခြံချွေတာလို စိတ်ရှိရမှာဖြစ်ကြောင်း ထည့်သွင်း ပြောကြား ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗိုလ်လောင်း သင်တန်းဆင်းပွဲတွင် ဗိုလ် လောင်း အင်အား ၁၈၀၅ ယောက် သင်တန်းဆင်း ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး တာဝန် ကျတပ် ရင်းအသီးသီးသို့ ဆက်လက် စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ crd ; AyeyarwaddyTimes
Be the first to comment