လိမ္မော်သီးတွေထဲ ထည့်ထားတဲ့ မူးယစ်ဆေးပြား ကိုးသန်းကျော်ကို ဖမ်းမိတဲ့ဖြစ်ရပ်

လိမ္မော်သီးတွေထဲ ထည့်ထားတဲ့ မူးယစ်ဆေးပြား ကိုးသန်းကျော်ကို ဖမ်းမိတဲ့ဖြစ်ရပ်

လက်ဘနွန်နိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးဌာန က လိမ္မော်သီးတွေထဲ ထည့်ပြီး ပြည်ပကို သယ်ဆောင်ဖို့ ကြံစည်နေတဲ့ အက်ဖက်တမင်း မူးယစ်ဆေးပြား ကိုးသန်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ကြေညာလိုက်ပါတယ်။

လက်ဘနွန်ဟာ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ သံတမန်ရေးရာ ပြဿနာတွေ ဖြစ်ပွားနေချိန်မှာပဲ အမည်ဖော်ပြထားခြင်းမရှိတဲ့ ပင်လယ်ကွေ့နိုင်ငံတစ်နိုင်ငံဆီကို ဒီ ဆေးပြားတွေ တင်သွင်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်ဆိပ်ကမ်းမှာ သင်္ဘောနဲ့တင်ပို့မယ့် လိမ္မော်သီးတွေကို စစ်ဆေးရာကနေ မူးယစ်ဆေးပြားတွေကို တွေ့ရှိခဲ့ရတာဖြစ်ပြီး ဒီဆေးပြားတွေနဲ့ ဆက်စပ်တဲ့ လူငါးဦးကို ကနဦး ဖမ်းဆီးထားတယ်လို့ တာဝန်ရှိ သူတွေ က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

လက်ဘနွန်နိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီး ဘက်ဆမ် မော်လာဝီ က ဆိပ်ကမ်းမှာ ဖမ်းဆီးရမိသူတွေနဲ့ စုံစမ်းစစ်ဆေးမှုနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ပြောပြနိုင်ခြင်းမရှိသေးတဲ့အကြောင်း ပြောဆိုထားပါတယ်။

“လက်ဘနွန်တာဝန်ရှိသူတွေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကို မူးယစ်ဆေး ကုန်ကူးနေတာမျိုးတွေအပေါ် တားဆီးဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ” လို့ ဝန်ကြီးက ဆိုပါတယ်။

အယ်လ်ဂျားဇီးယားသတင်းဌာနရဲ့ သတင်းရင်းမြစ်တွေကတော့ ဒီဆေးပြားတွေသယ်ယူမယ့် သင်္ဘောဟာ ကူဝိတ်နိုင်ငံဆီ ဦးတည်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ဘနွန်ဟာ လက်ရှိအချိန်မှာ ဆော်ဒီအာရေဗျ၊ ယူအေအီး ၊ဘာရိန်း၊ ကူဝိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေး မပြေလည်မှုတွေ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ လပိုင်းမှာပဲ ဆော်ဒီအာရေဗျနိင်ငံက လက်ဘနွန်နိုင်ငံထွက် စိုက်ပျိုးရေး ပို့ကုန်တွေကို လက်မခံတော့တဲ့အကြောင်းနဲ့ အဲဒီပို့ကုန်တွေထဲမှာ မူးယစ်ဆေးတွေ ပါလာတတ်တဲ့အကြောင်း ပြောဆိုထားခဲ့တာပါ။

ကက်တဂွန် လို့ခေါ်တဲ့ ဒီစိတ်ကြွဆေးပြားတွေဟာ လက်ဘနွန်၊ ဂျော်ဒန်၊ ဆီးရီးယားနိုင်ငံတွေရဲ့ ထုတ်ကုန်တွေ ဖြစ်ကြပြီး ဆော်ဒီအာရေဗျနဲ့ အခြား ပင်လယ်ကွေ့နိုင်ငံတွေဆီ တင်ပို့ရောင်းချနေခဲ့ကြတာပါ။ ကိုးကား – Aljazeera

Be the first to comment

Leave a comment

Your email address will not be published.


*