လူမရှိတဲ့ နေအိမ်ပေါ်ကို အရေးပေါ် တစ်ညလေးအိပ်မိတဲ့ PDF တပ်သားရဲ့ တောင်းပန်စာ
အာဏာသိမ်းစစ်တပ်က ကယား(ကရင်နီ) ပြည်နယ်အတွင်း ပြည်သူများ၏ နေအိမ်များအတွင်း ဝင်ရောက် ဖျက်ဆီးသည့်အပြင် နေ အိမ်တွင်း ပစ္စည်းများကို ခိုးယူနေချိန် လွိုင်ကော် PDF က ယခုလို ကျေးဇူးတုံ့ပြန်ထားသည့် စာတစ်စောင်နှင့် အတူ ငွေကြေးတချို့ ထားခဲ့သည့်အကြောင်း လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့လာသည်ကိုတွေ့ရသည်။
လူစိတ်မရှိတဲ့ သတ္တဝါတွေက လူနေ အိမ်တွေကို ဖျက်ဆီး မီးရှို့ လုယက် ဒုက္ခပေးနေချိန်မှာ လွိုင်ကော် PDF ကတော့ ခေါက်ဆွဲခြောက်နဲ့ အုန်းဆီလေး နည်းနည်း ယူသုံးမိလို့ ပိုက်ဆံ (၂) ထောင်ကို သပ်သပ် ရပ်ရပ် စာရေးပြီး ထားပေးခဲ့တယ်။
သူတို့ ပိုက်ဆံတွေ ပေါနေကြတာတော့ မဟုတ် ပါဘူး။ တစ်ချို့ဆို ဖုန်းတောင် မပိုင်တဲ့ ရွာက ရဲဘော်တွေ ပါတယ်။ ဒါပေမယ့် ရှိတဲ့ ပိုက်ဆံနဲ့ တာဝန်ယူစိတ် အပြည့်နဲ့ ငွေ (၂) ထောင် ကို ချန်ခဲ့တာပါ။
သူတို့တွေ ရှေ့တန်း ထွက်ရင်း လူနေအိမ် တစ်အိမ် မှာ ညဘက် ခဏ ဝင်အိပ်ကြတာတဲ့ ။ အမှိုက်ဖွမိလို့ ပြန်ခါနီးမှာ အိမ်ကိုလည်း သန့်ရှင်းရေး ပြန်လုပ်ပေးခဲ့တယ်တဲ့။
ခေါက်ဆွဲပြုတ်စားပြီးတော့လည်း ပန်းကန် ပြန်ဆေးပေးတယ်တဲ့။ လှူစရာရှိတာ ဝိုင်းလှူကြပါ။ ပြည်သူကိုချစ်တဲ့ ပြည်သူကချစ်ရတဲ့ ဒီရဲဘော်တွေကို လူကော ငွေရော စိတ်ရော ဝန်းရံ ပံ့ပိုးကူညီကြဖို့ လိုတယ် ။ ပြန်လည်မျှဝေသည်crd
Be the first to comment