လူသိများတဲ့ အဆိုတော်တစ်ယောက်ဖြစ်တာကြောင့် မိန်းကလေးကျန်းမာရေးကိစ္စရှိရင်တောင် ဆေးခန်းမပြရဲခဲ့ဘူးဆိုတဲ့ အိမ့်ချစ်
လူသိများတဲ့ အဆိုတော်တစ်ယောက်ဖြစ်တာကြောင့် မိန်းကလေးကျန်းမာရေးကိစ္စရှိရင်တောင် ဆေးခန်းမပြရဲခဲ့ဘူးဆိုတဲ့ အိမ့်ချစ်
အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကိုသီဆိုတတ်တဲ့ အဆိုတော် အိမ့်ချစ်ကတော့ ပရိသတ်အကြိုက် သီချင်းကောင်းတွေ သီဆိုရင်း အောင်မြင်မှုရရှိလာခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ အိမ့်ချစ်ဟာ နှစ်ပေါင် းများစွာတိုင် သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ထုတ်ဖော်ပြောကြားခြင်းမရှိပဲ လက်ထပ်ခွင့်တောင်းခံရတဲ့အချိန်မှ ပရိသတ်တွေကို အသိပေးခဲ့တာပဲဖြစ်ပါတယ်။
လူသိများတဲ့ အဆိုတော် တစ်ယောက်ပီပီ အပျိုဘဝက မိန်းကလေး ကျန်းမာ ရေး ကိစ္စရှိရင်တောင် လူပြောခံ ရမှာစိုးတဲ့ အတွက် ဆေးခန်းတောင် မပြရဲခဲ့ကြောင်း အခုလိုပဲ ပြော လာပါတယ် ။ အိမ့်ချစ်က မိန်းကလေး ကျန်းမာရေးအကြောင်းရေးထားတဲ့ ပိုစ့်တစ်ခုကို Share ပြီး “ဟိုးအရင်ကဆို OG သွားပြရမှာသိပ်စိုးရိမ်တာ။
ကိုယ့်ကိုလူသိနေတော့ မိန်းကလေး ကျန်းမာရေးကြောင့် လာပြတယ် မထင်ပဲ အပျိုဖြစ်ပြီး ကလေးရှိနေလို့ လာပြတယ် ထင်မှာစိုးလို့OG မပြခဲ့ဘာမှမစစ်ဆေးခဲ့ဘူး။ နောက်ပိုင်းကျမှသာ စာတွေဖတ်ပြီ းဗဟုသုတရှိလာမှ သိလာတော့မှ သားအိမ်ကျန်းမာရေးနဲ့ အခြားမိန်းကလေး ကျန်းမာရေးအတွက် မပေါ့သင့်ဘူးဆိုတာသိခဲ့ရတယ်။ သားအိမ်အလုံးတို့ ဘာတို့ဆိုမပေါ့သင့်ဘူး 💯” ဆိုပြီး ပြောလာပါတယ်။ အိမ့်ချစ်မှမဟုတ်ပဲ လူသိများတဲ့ ဆယ်လီတစ်ယောက် အနေနဲ့ ဆေးရုံဆေးခန်းပြဖို့ဆိုတာ ထင်သလောက် မလွယ်ကူတာပဲဖြစ်ပါတယ်။ crd
Zawgyi … လူသိများတဲ့ အဆိုတော်တစ်ယောက်ဖြစ်တာကြောင့် မိန်းကလေးကျန်းမာရေးကိစ္စရှိရင်တောင် ဆေးခန်းမပြရဲခဲ့ဘူးဆိုတဲ့ အိမ့်ချစ်
Be the first to comment
Leave a comment
Your email address will not be published.
*