လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်စွာ စားသုံးနေကြတဲ့ ပေါင်မုန့်ရဲ့ စတင်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း

လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်စွာ စားသုံးနေကြတဲ့ ပေါင်မုန့်ရဲ့ စတင်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း

ပေါင်မုန့်ကို လူသားတွေ ဘယ်အချိန်က စတင်ပြီး စားသုံးခဲ့ကြပါသလဲ??? ရှေးခေတ်ကလူသားတွေ ပေါင်မုန့်ကို ဘယ်လိုပြုလုပ်ခဲ့ကြတယ်‌ ဆိုတာကို သိရဖို့အတွက် အဆုံးထိ ဖတ်ကြည့်လိုက်ပါ ။

ကျွန်တော်တို့ လူသားတွေဟာ နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အသုံးပြုကာ တစ်နေ့တာအတွက် လုပ်ဆောင်ရန်ရှိနေသော လုပ်ငန်းဆောင်တာများကို အချိန်နဲ့တပြေးညီ လုပ်ဆောင်လျက် ရှိကြပါတယ် ။ ကျွန်တော်တို့ အလိုရှိသော လုပ်ချင်သော ကိစ္စရပ်များကိုအောင်မြင်စွာ ပြုလုပ်နိုင်ဖို့ရာ စိတ်သွားတိုင်းကိုယ်ပါ ဖြစ်နေဖို့ဟာလည်း လွန်စွာအရေးကြီးပါတယ် ။

ယင်းကဲ့သို့ စိတ်သွားတိုင်းကိုယ်ပါ ဖြစ်နေဖို့ရန်မှာလည်း နေ့တစ်နေ့တာရဲ့အစမှာကတည်းက ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ လိုအပ်တဲ့ အာဟာရများဖြည့်သွင်း ပေးနေမှဖြစ်မှာပါ ။ ကျောင်းသူကျောင်းသားများ ၊ အလုပ်ဝန်ထမ်းများ ၊ ရုံးဝန်ထမ်းများ ၊ အားကစားသမားများဟာဆိုရင်ဖြင့် တစ်နေ့တာရဲ့မနက်ခင်းအချိန်မှာ ဦးနှောက် နှင့် အာရုံကြော ၊ နှလုံးကြွက်သားများနှင့် ကျောက်ကပ်အတွက် အားဖြည့်ပေးတဲ့ အစားအစာများဖြစ်တဲ့ ကာဗွန်ဟိုက်ဒရိတ် ပမာဏလုံလောက်စွာပါတဲ့ အစားအစာများကို စားသုံးပေးသင့်ပါတယ် ။

အမေရိကန် စားသောက်‌ရေး လမ်းညွှန်ချက်များအရ ကာဗွန်ဟာဒရိတ် အစားအစာတွေဖြစ်တဲ့ ပေါင်မုန့် ၊ သစ်သီးများ ၊ အစေ့အဆန်များ ၊ ဟင်းသီးဟင်းရွက်များ ၊ နို့ထွက်ပစ္စည်းများစတဲ့ အစားအစာတွေဟာသက်ရှိဆဲလ် တစ်ခုချင်းစီတိုင်းအတွက် အရေးပါပြီး ခန္ဓာကိုယ်အတွက် များစွာအကျိုးပြုစေတာကြောင့် နေ့စဉ်စားသုံးပေး သင့်တယ်လို့ ဆိုထားပါတယ် ။

ကမ္ဘာပေါ်မှာဖြစ်တည်လာတဲ့ အရာအားလုံးရဲ့ နောက်ကွယ်မှာ သမိုင်းဆိုတဲ့ အရာဟာတော့ အမြဲတမ်းရှိ နေစမြဲ ဖြစ်နေတာကြောင့် အရှေ့ မှာပြောခဲ့တဲ့ ကာဗွန်ဟိုက်ဒရိတ်ပါတဲ့ အစားအစာများထဲကမှ ကာဗွန်ဟိုက်ဒရိတ် အမြင့်ဆုံးစာရင်းထဲမှာပါတဲ့ စားစရာတစ်ခုဖြစ်တဲ့ အပြင် ကလေး လူရွယ် လူကြီးမ‌ရွေး ကြိုက်နှစ်သက်ကြတဲ့ “ ပေါင်မုန့် “ ဆိုတဲ့ ဂျုံထွက်ပစ္စည်းတစ်မျိုး ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းပဲ ဖြစ်ပါတယ် ။

ပေါင်မုန့်ကို ကျွန်တော်တို့ လူသားတွေမည်သည့် အချိန်ကတည်းက စတင်စားသုံးခဲ့ကြတာလဲဆိုတဲ့ မေးခွန်းမျိုး သင်တွေးဖူးပါသလား ? သင်အရင်က မတွေးခဲ့ဖူးဘူးဆိုရင် လည်း အခုပဲ ခန့်မှန်းကြည့်လိုက်ပါ ။ ပြီးလျှင်တော့ သင်ခန့်မှန်းလိုက်တဲ့အဖြေကို အဆပေါင်းများစွာ ထပ်မံထည့်ပေါင်းကြည့် ဖို့တော့ လိုမယ်ထင်တယ် ခင်ဗျ ။

ပညာရှင်တွေရဲ့ အဆိုပြုချက်အရ လူသားတွေဟာ ပေါင်မုန့်ကို လွန်ခဲ့တဲ့နှစ်ပေါင်း သုံးသောင်းကျော် အကြာကတည်းက စတင် စားသုံးခဲ့ကြတယ်လို့ ဆိုထားပါတယ် ။ သမိုင်းမတိုင်မီ ခေတ်ကတည်းက လူသားတွေဟာ အစေ့အဆန် ၊ ကောက်ပဲသီးနှံတွေနဲ့ ရေကိုအသုံးပြုပြီး ယာဂု (ဆန်ပြုတ်)အဖြစ် ချက်ပြုတ် စားသုံးခဲ့ကြပါတယ် ။ အဲ့ဒီနည်းလမ်းဟာ ကျောက်တုံးတွေပေါ်မှာ အစားအစာ ၊ အသီးအနှံတွေကို အပူပေးခြင်းအားဖြင့် စတင်ချက်ပြုတ်ခဲ့ခြင်းရဲ့ အစပထမဖြစ်ခဲ့ပါတယ် ။

၂၀၁၀ ခုနှစ်တွင် သိပ္ပံပညာရှင်တွေဟာ သမိုင်းမတိုင်မီ ခေတ်ကာလမှာလူသားတွေ ပေါင်မုန့်ပြုလုပ်ခဲ့ကြတယ်လို့ ယူဆရာ မြေဆီမြေခဲအကျွင်းအကျန်များနှင့် ငရုတ်ကျည်ပွေ့သဏ္ဍာန် ပြုလုပ်ထားတဲ့ ကျောက်တုံးတွေအောက်မှ ကစီဓာတ် အကျွင်းအကျန်တွေကို တွေ့ရှိခဲ့ကြတယ် ။ အဲ့ဒီအချိန်တုန်းကတော့ သစ်ဥသစ်ဖုတွေနဲ့ အပင်တွေရဲ့အမြစ်တွေကို အမှုန့်ဖြစ်နေအော င်ထုထောင်းပြီးမှ ရေနှင့်ရောပြီးရလာတဲ့ အရောနှောကို အပူပေးထားတဲ့ ကျောက်တုံးတွေအပေါ်မှာ အပြားလိုက်ဖြန့်တင်ပြီး ပေါင်မုန့်အဖြစ် အပူပေးစား သုံးခဲ့ကြတာ ဖြစ်နိုင်တယ်လို့ ယူဆ ထားကြပါတယ် ။

အဲ့ဒါဆိုလူသားတွေဟာ အဲ့ဒီလိုပြားချပ်နေတဲ့ ပေါင်မုန့်လို့ခေါ်တဲ့ အရာကနေ ယနေ့ကျွန်တော်တို့ စားသုံးနေကြတဲ့ ပုံစံမျိုးစုံသော ပေါင်မုန့်လုံး တွေဖြစ်လာအောင် ဘယ်လိုများဆက်လက် ဖန်တီးခဲ့ကြပါသလဲ ? အနည်းငယ်အတိအကျ သိရသလောက်ဆိုရလျှင် ပေါင်မုန့်တွေပြုလုပ်ခဲ့ကြတယ်ဆိုတဲ့ သက်သေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၅၀၀ ၀န်းကျင် ခန့်မှာ Jordan ပြည်ရဲ့ အရှေ့မြောက်ဘက် ကန္တာရအတွင်းရှိ Natufian Site မှာတွေ့ရှိခဲ့ပြီး

ဘီစီ ၁၀၀၀၀ ခန့် ကျောက်ခေတ်နှောင်းပိုင်း မှာတော့ စိုက်ပျိုးရေးလုပ်ငန်းများတိုးချဲ့ လုပ်ကိုင်လာကြတာနှင့်အမျှ ရှေးယခင်ကလို အပင်တွေရဲ့အမြစ်တွေကို အသုံးမပြုကြတော့တာကြောင့် အစေ့အဆန်များဟာ ပေါင်မုန့်ပြုလုပ်ခြင်းအတွက် အဓိကကုန်ကြမ်း ဖြစ်လာခဲ့ပါတယ် ။ ဒါ့အပြင် ပေါင်မုန့်လုပ်တဲ့နေရာမှာသာ အချဉ်ဖောက်ခြင်းနည်းကို ကျော်ခဲ့မယ်ဆိုလျှင် ကျွန်တော်တို့ ယနေ့စားသုံးနေကြတဲ့ ပေါင်မုန့်တွေဟာ ပြားချပ်နေဆဲပဲ ဖြစ်နေဦးမှာပါ ။

တဆေးလို့ခေါ်တဲ့ မုန့်သားအချဉ်ဖောက်ရာမှာသုံးတဲ့ မှိုမျိုးစိတ်များဟာလည်း ကောက်ပဲသီးနှံတွေပေါ်မှာတင် အလွယ်တကူ ရရှိနေတာကြောင့် မုန့်သားတွေကို သဘာဝနည်းအတိုင်း အချဉ်ဖောက် လာနိုင်ကြပါတယ် ။ ဤကဲ့သို့အပင်များမှ ရရှိသောတဆေးနှင့် အချဉ်ဖောက်နည်းကိုလဲအလွယ်တကူ တွေ့ခဲ့ကြခြင်းတော့မ ဟုတ်ပါ ။ အဲ့ဒီအချဉ်ဖောက်နည်းမတိုင်မီ အခြားသောနည်း လမ်းများဖြင့်လည်းစမ်းသပ်ခဲ့ကြပါသေးတယ် ။ နယ်ပြီး မုန့်သားတွေကို မချက်ပြုတ်ဘဲ အချိန်အတော်ကြာထားပြီးလေနဲ့ အချဉ်ဖောက်နည်းကို အသုံးပြုခဲ့ကြပါသေးတယ် ။

ရောမစာရေးဆရာ တစ်ဦးဖြစ်တဲ့Pliny the ElderဆိုသူကGauls လူမျိုးတွေနဲ့ Iberians လူမျိုးတွေဟာ အချဉ်ဖောက်ရာမှာ သုံးဖို့အတွက် ဘီယာကဲ့သို့ ကစော်ဖောက်ထားတဲ့ အရည်တစ်မျိုးကို ပေါင်မုန့်လုပ်ရာမှာ ဆက်လက် အသုံးပြုခဲ့ကြတယ်လို့ဆိုထားပါတယ် ။ သမိုင်းအထောက်အထား စုံလင်စွာနဲ့စီးပွားရေးအရ တဆေးကို စတင်ထုပ်လုပ်ခဲ့တာကတော့ ၃၀၀ ဘီစီဝန်းကျင်ခန့်မှာ နေထိုင်ခဲ့ကြတဲ့ပေါင်မုန့်ပြုလုပ်သူ ရှေးအီဂျစ် လူမျိုးတွေပဲဟဖြစ်ပါတယ် ။

မုန့်သားအတွက်ကတော့ ဂျုံမှုန့်ကို မပြုလုပ်နိုင်သေးခင်မှာ ရှေးခေတ်လူသားတွေဟာ အစေ့အဆန်တွေကို ကျောက်တုံးဖြင့် အမှုန့်ဖြစ်အောင်ထုချေခြင်းဖြင့် အသုံးပြုခဲ့ကြပါတယ် ။ အဲ့လို အမှုန့်တွေနဲ့ ပြုလုပ်ထားတဲ့ပေါင်မုန့်တွေဟာ ယနေ့ခေတ် ဂျုံမှုန့်များနဲ့ ပြုလုပ်ထားတဲ့ပေါင်မုန့်များကဲ့သို့ အရောင်လှလှဖြင့် ချောမွေ့နေခြင်းမရှိဘဲ အညိုရောင် ရှိသော မုန့်သားမျက်နှာပြင်ဟာလဲ ကြမ်းနေခဲ့ပါလိမ့်မယ် ။ သို့ပေမယ့်ပြသနာတိုင်းအတွက် အဖြေဟာလည်း ရှိနေစမြဲပါ ။

၈၀၀ဘီစီဝန်းကျင်ခန့်မှာ Mesopotamian လူမျိုးတွေဟာ ကျွန်တော်တို့ ယနေ့ခေတ် မုန့်ကျိတ်ရာမှာ အသုံးပြုတဲ့ မုန့်ကျိတ်စုံတွေလိုမျိုးကျောက်တုံးပြားနှစ်ခုကို ဆင့်ကာဖြင့် အစေ့အဆန်များကို အမှုန့်ကျိတ်ရန်အတွက် ပြုလုပ်ခဲ့ကြပါတယ် ။ ကျိတ်စုံကိုလှည့်ဖို့ရာအတွက်ကိုတော့ တိစ္ဆာန်တွေ ၊ အစေခံတွေကို ဆွဲခိုင်းလှည့်ခိုင်းခြင်းဖြင့် ပြုလုပ်ခဲ့ကြပါတယ် ။ ဒီနည်းလမ်းကတော့ ကျွန်တော်တို့ ယနေ့ခေတ် အသုံးပြုနေကြတဲ့ ဂျုံမှုန့်ဖြစ်ပေါ်လာပုံရဲ့ အစပထမ အကြောင်းရင်းပဲဖြစ်ပါတယ် ။

အဖြူရောင်အမှုန့်အဖြစ် နဲ့ချောမွေ့နူးညံ့နေတဲ့ အမှုန့်မျိုးဖြစ်အောင်ကတော့ နောက်ပိုင်းမှတစ်ဆင့်ဆင့် အစေ့အဆန်အခွံများကိုဖယ်ခြင်းစစ်စီဖယ်ထုတ်ခြင်း ၊ အ‌ရောင်ချွတ်ခြင်းစသဖြင့် တစ်ဆင့်ဆင့်ထပ်တိုးပြုလုပ်ဖန်တီးလာခဲ့ကြပါတယ် ။ ယခုလိုအဆင့်ဆင့် ပြုလုပ်ဖန်တီး လာကြရာရှေးနှစ်ပေါင်းရာချီ အကြာမှာတော့ အကောင်းဆုံးဖြစ်တဲ့ ကျွန်တော်တို့နေ့စဉ်နီးပါး စားသုံးနေကြတဲ့ အသင့်စားပေါင်မုန့်တွေကို ထုတ်လုပ်လာနိုင်ခဲ့သည်အထိ ဖြစ်လာခဲ့ပါတယ် ။

အစားအစာတိုင်းမှာတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေပါရှိနေစမြဲပါ ။ သို့သော်မည်သည့် အစားအစာဟာ မည်သည့်အချိန်တွင် စားသုံးမှသာ သင့်တော်သည်ဆိုတဲ့ ကန့်သတ်ချက်များဟာလည်းရှိနေပါသေးတယ် ။သို့ပေမယ့် လို့ချွင်းချက်အနေနှင့် ကာဗွန်ဟိုက်ဒရိတ်ဓာတ် ကြွယ်ဝသည့် ပေါင်မုန့်ကိုတော့ ၀ိတ်ချသူ ၊ ၀ိတ်တင်သူ ၊ လူကြီးလူငယ် ၊ လူရွယ်လူလတ်မရွေး နေ့တစ်နေ့ရဲ့မည်သည့်အချိန်တွင်မဆိုစားသုံးနိုင်ကြောင်း အကြံပြုလိုက်ရပါတယ် ။ လေးစားစွာဖြင့် CRD ; TheHistoryThamine / နော်ဂဲလယ်ထူး (စာပေပရဟိတ)

Be the first to comment

Leave a comment

Your email address will not be published.


*