လေယာဉ်လုံးဝမမောင်းတတ်တဲ့ခရီးသည်က လေယာဉ်မှူးသတိ လစ်သွားချိန်မှာ လေယာဉ်ကိုပိုင်နိုင်စွာ ထိန်းချုပ်ဆင်းသက်နိုင်ခဲ့ပုံ

လေယာဉ်လုံးဝမမောင်းတတ်တဲ့ခရီးသည်က လေယာဉ်မှူးသတိ လစ်သွားချိန်မှာ လေယာဉ်ကိုပိုင်နိုင်စွာ ထိန်းချုပ်ဆင်းသက်နိုင်ခဲ့ပုံ

လေယာဉ်မှူး သတိလစ်သွားချိန်မှာ လေယာဉ်က ဦးစိုက် ထိုးဆင်းနေပြီ။ လေယာဉ်ပေါ်မှာလည်း လေယာဉ်မှူးရယ်၊ သူရယ်၊ သူ့ဇနီးရယ် ၃ ယောက်ပဲ ပါတယ်။ လေယာဉ်က အင်ဂျင်တစ် လုံးတပ် Cessna 208 လေယာဉ်ငယ်လေး။ သူ့ဇနီးကလည်း ကိုယ်လေး လက်ဝန်ကြီးနဲ့။ ဒီအချိန်မှာ သူအတောင့်တဆုံး ဆန္ဒက သူတို့အားလုံး အသက် ဘေးကနေ လွတ်မြောက်ဖို့ပါပဲ။

လေယာဉ်ကို ဘယ်လိုမောင်းရမယ်ဆိုတာ သူမသိဘူး။ လေ ယာဉ်က ဘယ်နား ရောက်နေမှန်းလည်း သူမသိဘူး။ သူသိတာကတော့ မြေပြင် အခြေစိုက် လေကြောင်း ထိန်းချုပ်ရေး စင်တာကို ဆက်သွယ်ဖို့ပဲ။

ကျွန်တော်တို့ ဒုက္ခရောက်နေပြီ။ လေယာဉ်မှူး သတိလစ်သွားလို့ဗျ။ ကျွန်တော်လည်း လေယာဉ် ဘယ်လို မောင်းရမှန်း မသိဘူး။ ရှေ့မှာတော့ ဖလော်ရီဒါ ကမ်းရိုးတန်းကို မြင်နေရပြီ။ ဘာလုပ်ရမလဲလို့ သူ လှမ်းပြောတယ်။

လေယာဉ်တောင်ပံတွေကို ဒီအတိုင်း ဆက်ထိန်းထား။ ကမ်းရိုး တန်းအတိုင်း တောင်ဘက်ကို ဖြစ်ဖြစ်၊ မြောက်ဘက်ကိုဖြစ်ဖြစ် မောင်းနေလိုက်၊ ငါတို့ မင်းရဲ့တည်နေရာကို ရှာနေပြီလို့ လေ ကြောင်း ထိန်းချုပ်ရေးစင်တာက ပြန်ပြောတယ်။ အဲဒီအချိန်မှာ လေယာဉ်က အမြင့်ပေ ၉၀၀၀ မှာ ရှိနေတာပါ။

လမ်းညွှန်မြေပုံလည်း ရှာမရဘူး။ အချက်အလက်တွေက အဲဒီအထဲမှာ။ အဲဒါ ဘယ်လိုလုပ်ရမလဲ သိလား။ ကျွန်တော် လေ ယာဉ်ကိုလည်း ရပ်အောင် မလုပ်တတ်ဘူး။ ဘာလုပ်ရမှန်းလည်း မသိတော့ဘူးလို့ သူ ထပ်ပြောတယ်။

ပမ်ဘိချ်နိုင်ငံတကာ လေဆိပ်ရဲ့ လေကြောင်း ထိန်းချုပ်ရေးမှူး ရောဘတ်မော်ဂန်က သူ့တာဝန်ချိန်ပြီးလို့ နားနေတဲ့ အချိန်ပေါ့။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် တစ်ယောက်က အရေးပေါ် အခြေအနေဖြစ်နေကြောင်း လာပြောလို့ သူ ထလိုက်လာတယ်။

ရောဘတ်မော်ဂန်က ဝါရင့် လေယာဉ်မောင်းဆရာပဲ။ လေ ကြောင်း ထိန်းချုပ်ရေးစခန်းမှာ အလုပ်လုပ်လာတာ နှစ် ၂၀ ရှိပြီ။ ဒါပေမဲ့ သူကလည်း အင်ဂျင်တစ်လုံးတပ် Cessna 208 လေယာဉ်ကိုတော့ မမောင်းဖူးဘူး။ Cessna 208 လေယာဉ်ကို မမောင်းဖူးပေမဲ့ လေယာဉ်စက်ခန်းထဲက မြေပုံကို ကြည့်ပြီး ဘယ်လို ညွှန်ကြားရမလဲဆိုတာ သူ သိသွားတယ်။

ရောဘတ်မော်ဂန်က သူ့ကို စိတ်အေးအေး ထားခိုင်းတယ်။ပြီး တော့ လေယာဉ်ဆင်းရမယ့် ပြေးလမ်းကို ညွှန်ပြပြီး လေယာဉ်ဆင်းဖို့ စက်ကို အရှိန်ဘယ်လို သတ်ရမလဲဆိုတာ ပြောပြလိုက်တယ်။ ခလုတ်ကို ရှေ့တွန်းပြီး လေယာဉ်ကို တဖြည်းဖြည်းချင်း ဆင်းခိုင်းတယ်။

သူ ပြန်ပြောတာတော့ မြေပြင်ပေါ် ဘယ်လို ပြန်ရောက်လာလို့ ရောက်လာမှန်းတောင် မသိပါဘူးဗျာတဲ့။ ဒီအခြေအနေကိုဘယ် လို ကျော်လွှားနိုင်ခဲ့တာလဲ ဆိုပြီး သူ့ကိုယ်သူ အံ့သြနေတယ်လို့ ရောဘတ်မော်ဂန်က ပြောပါတယ်။

သူတို့နှစ်ယောက် လေယာဉ်ပြေးလမ်းပေါ်မှာ ပွေ့ဖက် နှုတ်ဆက်ခဲ့ကြပြီး ဓာတ်ပုံတွဲ ရိုက်ခဲ့ပေမဲ့ ရောဘတ်မော်ဂန်က သူ့နာမည်ကို မမေးလိုက်မိဘူး။ စိတ်လှုပ်ရှားနေကြလို့ နာမည်မေးဖို့ သ တိမေ့သွားတာ ဖြစ်မယ်။ ရောဘတ်မော်ဂန်ဆိုရင် ပျော်လွန်းလို့ မျက်ရည် ကျမတတ်ပဲ။ လေယာဉ်လုံးဝ မမောင်းတတ်တဲ့ ခရီး သည်တစ်ယောက်က လေယာဉ်ကို ပြေးလမ်းပေါ် မှန်မှန်ကန်ကန် ဆင်းသက်နိုင်ခဲ့တာမှန်း သိလိုက်ရချိန်မှာ လေကြောင်းထိန်းချုပ်ရေး စင်တာရဲ့ တခြားလေယာဉ်မှူးတွေလည်း အံ့သြတကြီး ဖြစ်နေကြတာပေါ့။

နာမကျန်းဖြစ်ပြီး လေယာဉ်ပေါ်မှာ သတိလစ်သွားတဲ့ လေ ယာဉ်မှူးကိုတော့ ဆေးရုံပို့လိုက်တယ်။ သူ့အခြေအနေကိုတော့ မသိရသေးဘူး။ အခုချိန်မှာတော့ အမေရိကန်နိုင်ငံရဲ့ သတင်းဌာနတွေက လေယာဉ်ကို အောင်မြင်စွာ ထိန်းချုပ် ဆင်းသက်နိုင်ခဲ့တဲ့ ခရီးသည် ဘယ်သူလဲဆိုတာ သိရဖို့ အပူတပြင်း ရှာ ဖွေနေကြပါပြီ။

လေကြောင်းပျံသန်းမှု မှတ်တမ်းတင်တဲ့ FlightAware ဝက်ဘ်ဆိုက်ရဲ့ အချက်အလက်တွေ အရဆိုရင်တော့ အဲဒီလေယာဉ်ငယ်ဟာ ဘဟားမားစ်ကျွန်းနိုင်ငံ မာ့ရှ်ဟာဘာမြို့ကနေ ပျံသန်းလာခဲ့တာဖြစ်ပြီး တစ်နာရီကျော် အကြာမှာ လေယာဉ်မှူး သတိ လစ်သွားတဲ့ အခြေအနေနဲ့ ကြုံခဲ့ရတာပါ။

ပုံစာ – လည်ဆွဲ ဆွဲထားသူမှာ ရောဘတ်မော်ဂန်ဖြစ်ပြီး မျက် မှန်တပ်ထားသူမှာ လေယာဉ်ကို ထိန်းချုပ် ဆင်းသက်နိုင်ခဲ့တဲ့ ခရီးသည် ဖြစ်ပါတယ်။ခရက်ဒစ်

Be the first to comment

Leave a comment

Your email address will not be published.


*