လွတ်မြောက်နယ်မြေမှာ အာဏာရှင်ကိုတိုက်ထုတ်ဖို့ စစ်သင်တန်းတက်ရောက်နေတဲ့ နာမည်ကြီး Streamer Caster K

လွတ်မြောက်နယ်မြေမှာ အာဏာရှင်ကိုတိုက်ထုတ်ဖို့ စစ်သင်တန်းတက်ရောက်နေတဲ့ နာမည်ကြီး Streamer Caster K

ဆယ်လကျော်ကြာမြင့်လာပြီဖြစ်တဲ့ တော်လှန်ရေးကာလရှည်ကြီးမှာ ပြည်သူအားလုံးရော PDF လူငယ်တွေရော အင်တိုက်အားတိုက်ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ D Day ကြေငြာလိုက်သည့်နေ့ကစကာ တိုက်ပွဲတွေကလည်း ဆက်တိုက်ပြင်းထန်နေပြီး မြို့ပေါ်နေရာအနှံ့မှာလည်း ပေါက်ကွဲမှုတွေနဲ့ တာဝါတိုင်ဖောက်ခွဲမှုတွေဖြစ်ပေါ်နေကာ တစ်ဖက်ကလည်း ပြင်းပြင်းထန်ထန် ပစ်ခတ်နှိမ်နှင်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

PDF ရဲဘော်တွေအနေနဲ့လည်း တောထဲတောင်ထဲတွေမှာ ခက်ခက်ခဲခဲစစ်ပညာသင်ယူနေကြရပြီး လိုအပ်ချက်တွေအများအပြားရှိတာကြောင့် ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သရွေ့ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ PDFရဲဘော်တွေအနေနဲ့လည်း ပြည်သူတွေထောက်ပံ့ပေးတဲ့ ရိက္ခာတွေနဲ့ လောက်ငှအောင်စားသောက်ကြပြီး အရေးတော်ပုံကြီးအောင်မြင်ရေးအတွက် ကြိုးစားနေကြတာတွေ့ရပါတယ်။

pDF ရဲဘော်လေးတွေဟာ မိသားစုသံယောဇဉ်တွေ အကုန်ဖြတ်တောက်ကာ တော်လှန်ရေးအတွက် ကြိုးစားနေကြတာဖြစ်ပြီအရေးတော်ပုံကြီးမှာ အသက်ပေးကြွေလွင့်သွားကြတဲ့ သူရဲကောင်းတွေအတွက် ပူဆွေးနေရတာကလည်း ကာလအတော်ကြာမြင့်ခဲ့ပါပြီ..။တော်လှန်ရေးအတွက် ယနေ့အချိန်ထိ တိုက်ပွဲဝင်နေကြသူတွေအထဲမှာ လူတန်းစားအမျိုးမျိုးပါဝင်နေကြတာလည်း တွေ့ရပါတယ်..။

မတရားမှုကို ဆန့်ကျင်နေကြတဲ့ လူငယ်‌တွေထဲက တစ်ယောက်အပါအ၀င်ဖြစ်တဲ့ Caster Kဟာ ဖေဖော်ဝါရီလကတည်းကစပြီး လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။အာဏာရှင်လူတစ်စုမှ ရက်စက်စွာ နှိမ်နှင်းခဲ့ပေမယ့်လည်း ကြောက်ရွံ့ခြင်းမရှိဘဲနေ့စဉ်လူထုလှုပ်ရှားမှုတွေမှာ ပါဝင်အားဖြည့်နေကြတာကို အားရဖွယ် မြင်တွေ့ခဲ့ရပါတယ် ။

ပြည်သူတွေအတွက် ဝါသနာပါရာ gaming casterဘ၀က‌‌ နေလက်နက်ကိုင်နေတဲ့ Caster Mတော့ PDF အဖွဲ့ဝင်အဖြစ် လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဝါသနာပါရာကိုစွန့်လွှတ်ပြီး ပြည်သူတွေအတွက်ပေးဆပ်ကာ လွတ်မြောက်နယ်မြေတနေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

အမှန်တရားတစ်ခုအတွက် အိမ်ကိုမပြန်နိုင်သေးဘဲ ပန်းတိုင်​ရောက်ဖို့ ရှေ့ဆက်လျှောက်လှမ်းနေကြသူများစွာလည်း ရှိနေပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအားလုံး ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အရေးတော်ပုံအောင်ဖို့ ကြိုးစားပေးကြဖို့ ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။ crd

Be the first to comment

Leave a comment

Your email address will not be published.


*