သခင့်အကျိုးစီးပွားအတွက် အသက်စွန့်ကာ ကာကွယ်ပေးနေတဲ့ အမဲလိုက်ခွေး တစ်ကောင်ရဲ့အဆုံးသတ်

သခင့်အကျိုးစီးပွားအတွက် အသက်စွန့်ကာ ကာကွယ်ပေးနေတဲ့ အမဲလိုက်ခွေး တစ်ကောင်ရဲ့အဆုံးသတ်

အမဲလိုက်ခွေးတွေဟာ မနက်ဖြန် အမဲလိုက်ဖို့အတွက် တညကြိုပြီး သခင်က အစာမကျွေးပဲ အငတ်ထားတဲ့ ထုံးစံရှိတယ်…အမဲလိုက် ခွေးဟာ တညလုံးဆာလောင် နေတာပေါ့…။

ဒီလိုနဲ့တောထဲရောက်တော့ ဗိုက်ကဆာ ဒေါသကလည်းဖြစ်နေတာ့ သားကောင်ရဲ့အနံ့ကို သာမန်ခွေးတွေထက် ပိုရတယ် … ဘယ်သူကို စိတ်နာရမှန်းမသိတဲ့စိတ်က သခင်အားကိုးနဲ့ တွေ့သမျှသားကောင်ကို အစွမ်းကုန် သတ်ပုတ်ဖမ်းဆီးပေးတယ် ။

သားကောင်ရတော့ သူ့သခင်ကသူ့ခေါင်းကို ပွတ်ပေးလိုက်တယ် ။ အမဲလိုက် ခွေးခဗျာ ကျေနပ် လွန်းလို့ ဗိုက် အဆာတောင် ပျောက်သွားတယ် ။ သူ့သခင်က သူကြောင့်ရတဲ့ အမဲကို ကောင်းကောင်းချက်ပြုပ် စီမံတယ် ။ နေ့ဖို့ညစာ ထားတယ်… တချို့ကိုအခြောက်လှမ်းတယ် ။ အမဲလိုက်ခွေးဟာ သူ့သခင် ကိုကြည့်ပြီး ပျော်နေရှာတယ် …

ဒီလိုနဲ့ သခင်စားသောက်ပြီးတဲ့အခါ သူ့အတွက် အရိုးတွေကိုပစ်ပေးလိုက်တာကိုဟန်ကျပန်ကျနဲ့ အမြီးနှံ့ပြီး စားရှာတယ် ။ သူဟာ ဒီအခြေ အနေ မျိုးကိုသိပ်ကျေနပ်တယ် ။ လောကမှာ သူ့လောက် စိတ်ချမ်းသာတဲ့ခွေးမျိး မရှိဘူးလို့ ထင်နေရှာတယ် … ။

သူ့သခင်က သူကြောင့် စီးပွါးတွေဖြစ်လို့ သူကတော့ ဒုံရင်းကဒုံရင်းပဲ။သူလိုက် ဖမ်းသတ်ပုတ်ပေးခဲ့ အမဲကောင်တွေတောကောင်တွေ ဘယ်လောက်တောင်များလည်းလို့ အမဲလိုက်ခွေး ခဗျာ မမှတ်မိနိုင်တော့ဘူး ။အမှန်က သူအစာငတ်ခဲ့ရတဲ့ ရက်တွေနဲ့ အတူတူပဲ သူမသိလို့ရယ် ။

ဒီလိုနဲ့တခါမှာ သခင်ကို မျက်နှာလုပ်ခြင်ဇောနဲ့ တောဝက်ကိုဝင်အလုံးမှာ အဲခွေးဟာ ဝက်ပက်ခံရပြီး တောထဲမယ် ကိုယ်နဲ့ ခေါင်း နဲ့ တခြားစီဖြစ်ပြီးသွေးအလိမ်းလိမ်းနဲ့ အသက်ထွက်သွားခဲ့တယ် ။ ဒီတော့လည်း သူ့သခင်က သူ့ကိုတောထဲမှာပဲ ပစ်စလက်ခတ် ပစ်ထားခဲ့တယ် ။

အဲဒီလို အမဲလိုက်ခွေးရဲ့ စွန့်စားခြင်းတွေအတွက် သူ့သခင်ကသူ့ကို ဘာနစ်နာကြေးမှ မပေးတဲ့အပြင် ဘာဂုဏ်ယူစွာလည်း လူကြားထဲ မပြောဘူးတဲ့ဒီလိုနဲ့ သူ့သခင်ဟာ နောက်ထပ်ခိုင်းလို့ရမဲ့ အမဲလိုက်ခွေးကို ထပ်မွေးပြီးအရင်ခွေးကို သတိတောင်ရဖို့ စိတ်ကူးတောင် မရှိခဲ့ဘူး ။

ဒီလိုပါပဲ တချို့လူတွေဟာ ဘယ်သူ့ကြောင့် ဆာလောင်ခဲ့ရလဲ မသိပဲ အမဲလိုက်ခွေးလို သခင်ကြီးပွားဖို့အတွက် ခွေးစိတ်ထက် နိမ့်တဲ့ စိတ်ဓာတ်တွေနဲ့ လုပ်ရပ်ဆိုးတွေကို လုပ်နေကြတယ် ။

သခင်တွေကသာ ကြီးပွားပြီးခွေးစိတ်ဓာတ်နဲ့လူတွေက သခင်ဆိုတဲ့အာဏာရူးအတွက် မဖြစ်စလောက် အရိုးလေးကိုက်ရရုံနဲ့ ဘဝမှာ သာယာနေကြတယ် ။ အမြင်မှန်တွေ အမြန်ဆုံးရဖို့တော့လိုပါပြီ ။ crd ။

Be the first to comment

Leave a comment

Your email address will not be published.


*