သင့်ရဲ့ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပြီး ခွန်အားဖြစ်စေတဲ့ အကောင်းဆုံးအသီးအနှံများ

သင့်ရဲ့ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပြီး ခွန်အားဖြစ်စေတဲ့ အကောင်းဆုံးအသီးအနှံများ

ရေဓာတ်ခမ်းခြောက်ခြင်းလာပါက အရေပြားပြသနာများ၊ ခေါင်းကိုက်ခြင်းနဲ့ ကြွက်သားများ ကြွက်တက်ခြင်းတို့ကို ဖြစ်စေနိုင်တာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့က အရမ်းကိုအရေးကြီးပါတယ် ။ သို့သော်လည်း ရိုးရိုးရေသောက်တာက လိုအပ်တဲ့ရေပမာဏကို ထိန်းထားနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းတော့ မဟုတ်ပါဘူး ။ ရေဓာတ်ပြည့်ဝပြီး အရသာရှိတဲ့ အသီးအနှံတွေကို စားသုံးရင်းလည်း သင့်ရဲ့ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝအောင် ထိန်းသိမ်းထားနိုင်ပါတယ် ။

( ၁ ) သရက်သီး

သရက်သီးမှာ ရေဓာတ် 83% ပါဝင်ပြီး potassium, vitamin A, beta-carotene, နဲ့ vitamin C တို့ မြင့်မားစွာပါဝင်ပါသည် ။ ဒါ့ကြောင့် သင့်ရဲ့ခန္ဓာကိုယ်ကို အဟာရ ပြည့်ဝေစေဖို့ သရက်သီးကို စားသုံးသင့်ပါတယ်။

( ၂ ) ဘလူးဘယ်ရီ

ဘလူးဘယ်ရီမှာ ရေဓာတ် 84% ပါဝင်ပါတယ် ။ နောက်ပြီး ဘလူးဘယ်ရီတွင် potassium, vitamin A, vitamin K, နဲ့ phosphorus တို့ ကြွယ်ဝစွ ာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်သက့်လျှော်ပါတယ်။

( ၃ ) နာနတ်သီး

နာနတ်သီးတွင် potassium, magnesium, vitamin C, folate, နဲ့ vitamin A စတဲ့ဓာတ်သတ္တုတွေ ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်က 86% အထိ ပါဝင်ပါတယ် ။

( ၄ ) လိမ္မော်သီး

လိမ္မော်သီးတွင် ရေဓာတ် 88% အထိပါဝင်ပြီး fiber, potassium, vitamin C, နဲ့ ရောဂါကိုတိုက်ဖျက်ပေးတဲ့ antioxidants တို့ကြွယ်ဝစွာ ပါဝင်နေပါတယ်။

( ၅ ) သခွားမွှေးသီး

သခွားမွှေးသီးမှာ ရေဓာတ်ပါဝင်မှုဟာ 90% အထိပါဝင်ပြီ အမျှင်ဓာတ်နဲ့ vitamin A ဓာတ်မြင့်မားစွ ာပါဝင်နေပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ် ။

( ၅ ) စတော်ဘယ်ရီ

စတော်ဘယ်ရီမှာကတော့ fiber, antioxidants, vitamin C, folate, နဲ့ manganese ဓာတ်တို့ကြွယ်ဝစွာပါဝင်ပြီ ရေဓာတ် 91% လည်း ပါဝင်ပါတယ်။

( ၆ ) ဖရဲသီး

ရေဓာတ်မြင့်မားစွာပါဝင်တဲ့ အသီးအနှံတွေအကြောင်း ပြောရမယ်ဆိုလျှင် မပါမဖြစ်ပြောရမှာကတော့ ဖရဲသီးပါပဲ ။ ဖရဲသီးမှာ ရေဓာတ် 92% ပါဝင်နေပြီး vitamin A, vitamin C, magnesium,powerful antioxidants, နဲ့ lycopene ဓာတ်တွေကြွယ်ဝစွာ ပါဝင်ပါတယ် ။

ပူပြင်းတဲ့ ရာသီဥတုကြောင့် ခန္တာကိုယ်မှာ ရေဓါတ်လိုအပ်နေပါက သက့်အနေနဲ့ ရေဓာတ်အမြန်ဖြည့်ပေးတဲ့ ဖော်ပြပါ အသီးအနှံတွေကို စားသုံးပေးဖို့ မမေ့ပါနဲ့နော် ။

Be the first to comment

Leave a comment

Your email address will not be published.


*