သင့်ရဲ့ဦးနှောက် မှတ်ဉာဏ်စွမ်းအားကောက်းသေဖို့ စားပေးသင့်တဲ့ အစားအစာများ

သင့်ရဲ့ဦးနှောက် မှတ်ဉာဏ်စွမ်းအားကောက်းသေဖို့ စားပေးသင့်တဲ့ အစားအစာများ

ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ထိန်းချုပ်မှု ဗဟိုချက်အနေဖြင့် သင့်နှလုံးခုန်နှုန်းနဲ့ အဆုတ်တွေကို ထိန်းထားရန် တာဝန်ရှိပြီး သင့်အား လှုပ်ရှားနိုင်ရန်၊ ခံစားနိုင်ရန်နဲ့ တွေးခေါ်မှုတွေကို လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့်သင့်ဦးနှောက်ကို အမြင့်မားဆုံးသော အခြေအနေတွင်ရှိစေရန် ဂရုစိုက်ဖို့လိုအပ်ပါတယ်။

သင်နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ သင့်ဦးနှောက်ကို ကျန်းမာစေပြီး မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကဲ့သို့ တိကျတဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးနိုင်ပါတယ်။

အဆီများတဲ့ ငါးတွေ

ဦးနှောက်နဲ့မှတ်ဉာဏ်စွမ်းအားအတွက် အဆီများတဲ့ငါးတွေက ထိပ်ဆုံးကရပ်တည်နေပါတယ်။ သင့်ဦးနှောက်ရဲ့ 60% ဟာ အဆီနဲ့ပြုလုပ်ထားပြီး အဲဒီအဆီရဲ့တစ်ဝက်ဟာ omega-3 fatty acid ပါဝင်နေပါတယ်။ ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေ တည်ဆောက်ရန်အတွက် omega-3 ကိုအသုံးပြုကာ သင်ယူမှုနဲ့ မှတ်ဉာဏ်အတွက် မရှိမဖြစ် လိုအပ်တာ ဖြစ်ပါတယ်။

ကော်ဖီ

မနက်ခင်းမှာ ကော်ဖီသောက်ခြင်းက လူတွေအတွက် အကျိုးကျေးဇူးများစွာ ရမှိစေပါတယ် ။ ကော်ဖီမှာအဓိက အစိတ်ပိုင်းနှစ်ခုဖြစ်တဲ့ ကဖိန်းဓာတ်နဲ့ antioxidants တွေပါဝင်ပြီး ဒါက ဦးနှောက်ကျန်းမာရေးကို အထောက်အကူ ပြုစေပါတယ် ။ ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်ဟာ ဦးနှောက်အပေါ် အကျိုး သက်ရောက်မှုများစွာ ရှိစေတာပါ။

ဘလူးဘယ်ရီ

ဘလူးဘယ်ရီသီးမှာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ပါဝင်နေပြီရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေ ရှိကာ ဦးနှောက်ရဲ့ အိုမင်းရင့်ရော်မှုနဲ့ အာရုံကြောဆိုင်ရာ ရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်တာပါ။

နနွင်းမှုန့်

ဟင်းခတ်အမွှေးအကြိုင်ဖြစ်တဲ့ နနွင်းမှုန့်ဟာ ဦးနှောက်အတွက် အကျိုးကျေးဇူးများစွာ ရှိနေပြီ နနွင်းတွင်ပါဝင်တဲ့ Curcumin ဟာ သွေး-ဦးနှောက် အတားအဆီးကို ဖြတ်ကျော်နိုင်ပြီး ဦးနှောက်ထဲသို့ တိုက်ရိုက် ဝင်ရောက်ကာ ဆဲလ်တွေကို အကျိုးပြုစေပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*