unicode… သစ်ပင်တစ်ပင်တည်းကနေပြီး သစ်သီးအမျိုးအစားပေါင်း၄၀ကို ပွင့်ဖူးနိုင်သည့် မှော်သစ်ပင်
လောကကြီးက အလွန်ဆန်းကြယ်လှသည် ဆိုသော်လည်း သစ် ပင်တစ်ပင်တည်းက သစ်သီး၂မျိုး သီးရန်မှာ မဖြစ်နိုင်ပါ။
ထို့အပြင် သစ်ပင် တစ်ပင်တည်းက သစ်သီး အမျိုးအစားပေါင်း ၄၀ကို သီးပွင့်နိုင်သည် ဆိုလျှင် သာမန် အားဖြင့် စိတ် ကူးယဥ် ဆန်နေမှုဟုသာ လူတိုင်းက ဆိုကြ ပေလိမ်မည်။
ယခုတွင်တော့ Syracuse တက္ကသိုလ်မှ အနုပညာ ပါမောက္ခ Sam Van Aken ဆိုသူဟာ သူစိတ်ကူး ထားသည့် သစ်ပင်တစ်ပင်ကို အမှန်တကယ် စိုက်ပျိုး အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။
ထိုသစ်ပင်ဟာ ဇီးသီး မက်မွန်သီး ချယ်ရီသီး အပါအဝင် သစ် သီးပေါင်း ၄၀အထိကို သီးပွင့်နိုင်တာပဲ ဖြစ်ပါတယ်။
အသီးများသီးတော့မည့်အချိန်တွင် အပွင့်များဟာ ရောင်စုံတို့ဖြင့် လှပနေခဲ့ပြီး လူတိုင်းကလည်း မှော်သစ်ပင်ကြီးအနေဖြင့် တင်စားခေါ်ဝေါ်နေကြတာလည်းဖြစ်ပါတယ်။။
Be the first to comment