သန့်ရှင်းရေးဝန်ထမ်းလုပ်ရင်း ဘာသာစကားတွေကိုလေ့လာကာ ဘာသာစကား ၁၁ မျိုး ပြောတတ်သွားခဲ့တဲ့ အမျိုးသား
ဘာသာစကားတစ်ခု ဆိုတာ သင်ယူဖို့တော့ မလွယ်လှပါဘူး။ အချိန်တွေ၊ ကြိုးစားအားထုတ်မှုတွေ အများကြီး ပေးဆပ်ရပါတယ်။ Johor ပြည်နယ်၊ Mersing မှာရှိတဲ့ SWM ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမား တစ်ဦးဟာ ခရီးသွားတွေရဲ့ စကားပြောသံတွေကို နားထောင်ပြီးတော့ ဘာသာစကား အသစ်တွေ တတ်မြောက်ခဲ့ပါတယ်။
ဖော်ပြချက်တွေအရ အသက် (၄၂) နှစ် အရွယ် ရှိပြီဖြစ်တဲ့ Mohamad Azizi Bahuddin ဟာ Mersing မြို့လယ် နဲ့ ခရီးသွားဧည့်သည်တွေရဲ့ သန့်ရှင်းရေး လုပ်တဲ့သူ ဖြစ်ပြီးတော့ သူဟာ နိုင်ငံခြားဘာသာစကား ၁၁ ခုကို ပြောနိုင်ပြီလို့ ဆိုပါတယ်။ သူဟာ German, Spanish, Italian, Japanese,Chinese,Dutch,Norwegian ,Danish,Ukrainian,Czech နဲ့ Russian စတဲ့ဘာသာ စကားတွေ ပြောနိုင်နေတာပါ။
သူကခရီးသွား ဧည့်သည်တွေ ပြောတာကိုသေချာလိုက် နားထောင်ပြီးတော့ သူတို့ဘာပြောတယ် ဆိုတာကို လေ့လာခဲ့ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်းလေ့လာရင်းကနေ ဘာသာစကားတွေ တတ်မြောက်လာတာပဲ ဖြစ်ပါတယ်။တစ်နေ့မှာတော့ ကမ္ဘာလှည့် ခရီးသွားတွေဟာ အင်္ဂလိပ်ဘာသာစကားကိုပဲ အသုံးများတာကို Mohamad သတိထားမိခဲ့ပါတယ်။ ဒါ့ကြောင့် ဘာသာစကားတွေကို စိတ်ဝင်စားလာပြီး နိုင်ငံခြားဘာသာစကားကို သင်ယူဖို့အတွက် ဖြစ်လာခဲ့ပါတယ်။
“ ကိုဗစ် ၁၉ ကူးစက်ရောဂါ မစခင် အားလပ်ရက်တွေမှာ ခရီးသွားချင်တဲ့ နိုင်ငံခြား ခရီးသွားတွေကို မကြာခဏ တွေ့ခဲ့တယ်။ သူတို့က အနီးအနားမှာရှိတဲ့ ကျွန်းကို သွားဖို့အတွက် Mersing အများသုံး သယ်ယူပို့ဆောင်ရေးဂိတ်မှာ အချိန် အကြာကြီး စောင့်ကြရတယ်။ ဒါ့ကြောင့် ကျွန်တော်က သူတို့ဘာသာစကားတွေကို လေ့လာလို့ရအောင် သူတို့နဲ့ စကားသွားသွားပြောဖြစ်တယ်” လို့ Mohamad Azizi က သူ့ရဲ့အတွေ့အကြုံကို ဝေမျှထားပါတယ်။
“ ခရီးသွားတိုင်းကို အင်္ဂလိပ်လို လိုက်ပြောပြီး မိတ်ဆက်ခဲ့တယ်။ ဒါပေမယ့် ရုရှားတွေက ဒီလိုမျိုး လာပြောတာ ကိုတော့ မကြိုက်ဘူး။ ပြီးတော့ စိတ်လည်း မဝင်စားကြပါဘူး”။ Mohamad Azizi ကတော့ “ စာအုပ်တစ်အုပ်ကို အဖုံးဖြင့် မဆုံးဖြတ်ပါနှင့်” ဆိုတဲ့ စကားစုကို လက်ကိုင် ကျင့်သုံး ပါတယ်။ သူက လူမျိုး မတူတာကြောင့် အသံထွက်တွေလည်း ထွက်ဖို့မတူပါဘူး။ နိုင်ငံခြား ဘာသာစကားသင်တာက ခက်ခဲတယ်ဆိုတာကို သူသတိထားမိ ခဲ့ပါတယ်။ ဒါ့ကြောင့် ပြောသမျှမမေ့အောင်လည်း စာအုပ်တစ်အုပ်မှာ အမြဲတမ်း ချရေးခဲ့ပါတယ်။
“ခရီးသွားတွေကို လမ်းညွှန်ပေးဖို့၊ နိုင်ငံခြားသားတွေကို ကူညီဖို့၊Mersing ခရိုင်ရဲ့အပြုသဘောဆောင်တဲ့ ပုံရိပ်ကိုဖန်တီးဖို့ ဆက်တိုးတက်အောင် လုပ်ဦးမယ်”လို့ Mohamad Azizi က ပြောပါတယ်။Mohamad Azizi ဟာ နိုင်ငံခြားဘာသာစကား အစုံကို ပြောတတ်ရုံ သာမကပဲ SWM Environment ကနေပေးတဲ့ အမှိုက်စီမံခန့်ခွဲမှုနှင့် အများသုံးသန့်ရှင်းရေး ဝန်ဆောင်မှု ပေးတဲ့ ထူးချွန်ဝန်ထမ်းဆု ကိုလည်း ရရှိထားပါသေးတယ်။
ကိုဗစ် ၁၉ ကူးစက်ရောဂါ စတင်ကတည်းက ကမ္ဘာလှည့် ခရီးသွားတွေလာရောက်လည်ပတ်မှု နည်းသွားတာကြောင့် သူဝမ်းနည်းခဲ့ရတယ် လို့ ဆိုပါတယ်။ ကာကွယ်ဆေးများထိုးပြီး အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်တွေ ပြန်လည်ဖွင့်လှစ် နိုင်တဲ့အချိန်ကို Mohamad Azizi ကမျှော်လင့်နေပါတယ်။သူရဲ့ဘာသာ စကားကျွမ်းကျင်မှုကို ဆက်လက်ပျိုးထောင်ပေးနိုင်ဖို့ Mersing ကို လာရောက်လည်ပတ်သူများကို စောင့်စားနေဆဲပါပဲ။ crd to oraginal
Be the first to comment