သမီးရဲ့ ဈာပနအခမ်းအနားကို အလှတွေပြင်ပြီးတက်ရောက်ခဲ့လို့ အပြင်းအထန် ဝေဖန်ခံနေရတဲ့ ထိုင်းမင်းသမီးတန်မိုရဲ့ မိခင်

သမီးရဲ့ ဈာပနအခမ်းအနားကို အလှတွေပြင်ပြီးတက်ရောက်ခဲ့လို့ အပြင်းအထန် ဝေဖန်ခံနေရတဲ့ ထိုင်းမင်းသမီးတန်မိုရဲ့ မိခင်

ဖေဖော်ဝါရီ ၂၄ ရက်က နွန်သဘူရီမြို့ ကျောက်ဖရားမြစ်ထဲသို့ စပိဘုတ်ပေါ်ကနေ ပြုတ်ကျသေဆုံးသွားခဲ့တဲ့ ထိုင်းနာမည်ကျော် မင်းသမီး တန်မိုနိဒါ ရဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်လေးကတော့ ထိုင်းပရိသတ်တွေအပြင် မြန်မာပရိသတ်တွေကြားမှာပါ အတော်လေးကို ရိုက်ခတ်သွားခဲ့ပါတယ်။

အသက် ၃၇ နှစ် အရွယ်သာရှိသေးတဲ့ မင်းသမီး တန်မိုနိဒါ ဟာ တစ်ချိန်က ထိုင်း အလှပြိုင်ပွဲမှာ ဝင်ရောက် ယဉ်ပြိုင်ခဲ့ပြီး နောက်ပိုင်းမှာ ထိုင် းTV Ch annel 7 ရုပ်သံလိုင်း ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ် ။

အဲ့ဒီနောက်ပိုင်းမှာ သူမရဲ့ ကြိုးစားအား ထုတ်မှုတွေကြောင့် အချိန် ခဏလေးအတွင်းမှာ နာမည်ကြီး မင်းသမီး တစ်ယောက်ဖြစ် လာခဲ့ပါတယ်။ သူမဟာ အရင်က အိမ်ထောင်ကျခဲ့ဖူးသူ တစ်ယောက်ဖြစ်ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ သဘောထားခြင်း မတိုက်ဆိုင်တော့တဲ့အတွက် သူမရဲ့အိမ်ထောင်ပျက်စီးသွားခဲ့ပါတယ်။

လက်ရှိ ချစ်သူကတော့ အနုပညာသမားတွေထဲက မဟုတ်ဘဲ သာမန်လူတန်းစားထဲက တစ်ယောက်လို့သိရပါတယ်။ မင်းသမီး အနားမှာ မန်နေဂျာအဖြစ်လုပ်ကိုင်နေသူ ကသစ်ဆိုသူကလည်း သူမအရမ်းချစ်ရတဲ့ သူငယ်ချင်းတစ်ဦးပဲ ဖြစ်ပါတယ်။ ယခုမင်းသမီးသေဆုံးမှုကိုလည်း မန်နေဂျာကသစ် နဲ့သံသယမကင်း ကြောင်း ထိုင်းပရိသတ်တွေကြားမှာ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

မင်းသမီးချောရဲ့ အမေကိုလည်း ပရိတ်သတ်တွေက ဝေဖန်မှုမြှင့်တက်နေခဲ့ပြီး သမီးရဲ့အမှုအတွက် လျော်ကြေးငွေရယူကာ အမှုကိုပိတ်သိမ်းမယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး အဆိုပါလုပ်ရက်အတွက်လည်း မင်းသမီးချောရဲ့အမေဖြစ်သူကို ပရိတ်သတ်တွေက ဝိုင်းဝန်းဝေဖန်ပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။

မင်းသမီး တန်မိုနိဒါ ရဲ့ သေဆုံးမှုက အဖြစ်အမှန်မပေါ်သေးပေမယ့် နောက်ဆုံးဈပန အခမ်းအနားကိုတော့ ကျင်းမသွားတော့မှာ ဖြစ်ပါတယ်။မင်ဏ္ဌသမီးချောအတွက် ဈပနအခမ်းအနားကို ယနေ့ 11 ရက်နေ့က စတင်ပြီး 13 ရက်နေ့အထိ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

ယနေ့မှာ စတင်ကျင်းပတဲ့ မင်းသမီးချောရဲ့ ဈပနအခမ်းအနားကို မင်းသမီးချောရဲ့ အမေကတက်ရောက်လာခဲ့ပြီး ဝတ်ကောင်းစားလှတွေဝတ်ကာ အလှတွေပြင်ထားခဲ့တာကြောင့်လည်း ပရိတ်သတ်တွေက ဝေဖန်နေကြပြီး သမီးဖြစ်သူကို သံယောဇဉ်မရှိဘဲ အပေါ်ယံသာချစ်ပြတဲ့ မိခင်တစ်ယောက်ဟု ပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။ crd

Be the first to comment

Leave a comment

Your email address will not be published.


*