သရုပ်ဆောင်ရဲတိုက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀နှစ်ချမှတ်ခံရ … စုစုပေါင်း ထောင်ဒဏ် ၁၃နှစ်အထိ ချမှတ်ခံထားရ

သရုပ်ဆောင်ရဲတိုက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀နှစ်ချမှတ်ခံရ … စုစုပေါင်း ထောင်ဒဏ် ၁၃နှစ်အထိ ချမှတ်ခံထားရ

သရုပ်ဆောင် ရဲတိုက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၃ဖြင့် အာဏာသိမ် းစစ်ကောင်စီ၏ အနောက်ပိုင်းခရိုင် တရားရုံးက အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်သည်။

” အနောက်ပိုင်းခရိုင် တရားရုံးက ဒီနေ့ အမိန့်ချတာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ဆယ်နှစ် ။ အယူခံ ဝင်သွားမယ်။ “ဟု ဆာတိုရီ ထုတ်လုပ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ သရုပ်ဆောင် ရဲတိုက်သည် ကျန်းမာရေးအခြေအနေ ကောင်းမွန်သော်လည်း ယနေ့ ရုံးချိန်း၌ စိတ်လှုပ်ရှားနေသောကြောင့် သုံးခါအန်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ရဲတိုက်ကို ပြီးခဲ့သည့် ၂၀၂၁ ဧပြီ ၃ ရက်တွင် သမိုင်းလမ်းဆုံ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စိတ်ကြွမူးယစ်ဆေးပြား လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ‌သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ) ဖြင့် မရမ်းကုန်းမြို့နယ်၌ တရားစွဲဆိုခဲ့သည်။

ထို့နောက်ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက ပြစ်မှုဟောင်းကို ထပ်မံကျူးလွန်သည်ဟုဆိုကာ ပုဒ်မ ၂၃ ဖြင့် အနောက်ပိုင်းခရိုင်တရားရုံး၌ စစ်ဆေးကာ အမိန့်ချခဲ့ခြင်းဖြစ်သည်။ ရဲတိုက်သည် နွေဦးတော်လှန်ရေး၌ ပြည်သူနှင့်အတူ ပါဝင်ခဲ့သောကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် မတရား တရားစွဲဆို ခံခဲ့ရပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာအတွင်း၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃နှစ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ crd ;People’s Spring

Zawgyi … သ႐ုပ္ေဆာင္ရဲတိုက္ အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၁၀ႏွစ္ခ်မွတ္ခံရ … စုစုေပါင္း ေထာင္ဒဏ္ ၁၃ႏွစ္အထိ ခ်မွတ္ခံထားရ

သ႐ုပ္ေဆာင္ ရဲတိုက္ကို မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၆(ဂ)/၂၃ျဖင့္ အာဏာသိမ္ းစစ္ေကာင္စီ၏ အေနာက္ပိုင္းခရိုင္ တရား႐ုံးက အျမင့္ဆုံး ၿပစ္ဒဏ္အျဖစ္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၁၀ႏွစ္ ခ်မွတ္လိုက္သည္။

” အေနာက္ပိုင္းခရိုင္ တရား႐ုံးက ဒီေန႔ အမိန႔္ခ်တာ အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ ဆယ္ႏွစ္ ။ အယူခံ ဝင္သြားမယ္။ “ဟု ဆာတိုရီ ထုတ္လုပ္ေရးမွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။ သ႐ုပ္ေဆာင္ ရဲတိုက္သည္ က်န္းမာေရးအေျခအေန ေကာင္းမြန္ေသာ္လည္း ယေန႔ ႐ုံးခ်ိန္း၌ စိတ္လွုပ္ရွားေနေသာေၾကာင့္ သုံးခါအန္ခဲ့ေၾကာင္း ၎က ဆိုသည္။

ရဲတိုက္ကို ၿပီးခဲ့သည့္ ၂၀၂၁ ဧၿပီ ၃ ရက္တြင္ သမိုင္းလမ္းဆုံ၌ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး စိတ္ႂကြမူးယစ္ေဆးျပား လက္ဝယ္ေတြ႕ရွိသည္ဟုဆိုကာ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစ‌ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၆(ဂ) ျဖင့္ မရမ္းကုန္းၿမိဳ့နယ္၌ တရားစြဲဆိုခဲ့သည္။

ထို့ေနာက္ၿပီးခဲ့သည့္ ဒီဇင္ဘာအတြင္းက ျပစ္မွုေဟာင္းကို ထပ္မံက်ဴးလြန္သည္ဟုဆိုကာ ပုဒ္မ ၂၃ ျဖင့္ အေနာက္ပိုင္းခရိုင္တရား႐ုံး၌ စစ္ေဆးကာ အမိန႔္ခ်ခဲ့ျခင္းျဖစ္သည္။ ရဲတိုက္သည္ ေႏြဦးေတာ္လွန္ေရး၌ ျပည္သူႏွင့္အတူ ပါဝင္ခဲ့ေသာေၾကာင့္ ပုဒ္မ ၅၀၅ (က) ျဖင့္ မတရား တရားစြဲဆို ခံခဲ့ရၿပီး ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာအတြင္း၌ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၃ႏွစ္ခ်မွတ္ခံခဲ့ရျခင္း ျဖစ္သည္။ crd ;People’s Spring

Be the first to comment

Leave a comment

Your email address will not be published.


*