သာမန်လူတစ်ယောက်အတွက် တန်ဖိုးကြားရုံနဲ့ မျက်လုံးပြူးသွားစေနိုင်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဆိုင်ကယ်များ

သာမန်လူတစ်ယောက်အတွက် တန်ဖိုးကြားရုံနဲ့ မျက်လုံးပြူးသွားစေနိုင်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဆိုင်ကယ်များ

Ducati Panigale V4 ဆိုတာကတော့ လမ်းမထက်မှာ စွမ်းဆောင်ရည်အမြင့်ဆုံး ဆိုင်ကယ်တွေထဲက တစ်စီးဖြစ်ပြီး အီတလီမှာ ပြန်လည်ကျင်းပမယ့် World Superbike Championship အတွက် ဒီဇိုင်းထုတ်ထားတာပါ။ 214 hp နဲ့ rpm 13,000 စွမ်းဆောင်ရည် ရှိတဲ့ အဆိုပါ ဆိုင်ကယ်က စုစုပေါင်းအလေးချိန် 436 ပေါင် နဲ့ 3 စက္ကန့်အတွင်း 0-60 mph နှုန်းနဲ့ 6 စက္ကန့်ကျော်အတွင်းမှာ 100 mph အထိ အရှိန်တင်မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

အနိမ့်ဆုံးမော်ဒယ် အတွက်တော့ ဒေါ်လာ 21,495 ကျသင့်မှာဖြစ်တာကြောင့် Honda Civic Hatchback နဲ့ ဈေးတူတာတွေ့ရပါတယ်။ ပြိုင်ပွဲဝင်ဖို့ အတွက် အကောင်းဆုံး ပြိုင်ဘီး လိုချင်ရင်တော့ V4 R နှစ်ဘီးတပ် Ferrari တစ်စီးအတွက် ဒေါ်လာ ၄၀,၀၀၀ တန် ရှိနေပါသေးတယ်။

မော်တော်ဆိုင်ကယ်တွေမှာလည်း သမိုင်းကြောင်းတွေရှိကြပြီး ထင်ရှားတဲ့ ဆိုင်ကယ် အမျိုးအစားတွေ၊ ဝယ်သူစိတ်ကြိုက် ဖန်တီးပေးတဲ့ One-Off ဆိုင်ကယ် တွေနဲ့ Concept ဆိုင်ကယ်တွေ ကတော့ ကားတွေလိုပဲ သူတို့ရဲ့ Checkbooks တွေက လူတွေကို ရူးသွပ်သွားစေနိုင်ပါတယ်။ အခုဆိုရင် တော့ လူစိတ်ဝင်စားမှု အများဆုံးနဲ့ ဈေးအကြီးဆုံးလို့ ထင်ရတဲ့ ဆိုင်ကယ် ၁၀စီးကို ဖော်ပြပေးသွားမှာပါ။

၁. Hildebrand and Wolf Müller – $130,000

ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ မော်တော်ဆိုင်ကယ်တွေထဲက တစ်စီးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ 1894 ခုနှစ် ထုတ် Hildebrand နဲ့ Wolf Müller ကို ရှာဖွေလိုက်ပါ။ ဂျာမန်ဘာသာနဲ့ Motorrad လို့ ခေါ်တဲ့ ပထမဆုံး ဆိုင်ကယ်ဖြစ်ပြီး အဆိုပါ ဆိုင်ကယ်တွေရဲ့ ရှားပါးမှုနဲ့ သမိုင်းမှတ်တမ်းဝင် တန်ဖိုးတွေကြောင့် ရောင်းချတာတွေ လုံးဝမရှိသလောက်ဖြစ်ပြီး ပြတိုက်တွေမှာသာ တွေ့နိုင်တာပါ။ အဆိုပါ ဆိုင်ကယ်ထဲက တစ်စီးကိုတော့ 2010 ခုနှစ်မှာ ဒေါ်လာ 131,200 နဲ့ ရောင်းချခဲ့ပေမယ့် နောက်တစ်ကြိမ် ထပ်ရနိုင်ဖို့တော့ မဖြစ်နိုင်တော့ပါဘူး။

၂. Icon Sheene – $160,000

ဂန္တဝင်ဗြိတိသျှ ပြိုင်ဆိုင်ကယ်မောင်းသမား Barry Sheene ကို ဂုဏ်ပြုတဲ့အနေနဲ့ Icon Sheene ကို ဖန်တီးခဲ့ကြတာဖြစ်ပြီး ပိုင်ရှင်အသစ်တွေအတွက် 52 စီးပဲ ဝယ်ယူသူ စိတ်ကြိုက်တပ်ဆင် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ Icon Sheene မှာတော့ 250 hp နဲ့ 133 lb-ft Torque စွမ်းဆောင်ရည်ရှိတဲ့ Garett Supercharged 1400 CC အင်ဂျင်နဲ့ Race Spec Hardware ကို တပ်ဆင်ထားပြီး Barry Sheene ရဲ့ Frame Builder နှင့် ဒီဇိုင်းထုတ်ထားခဲ့တာဖြစ်ပါတယ်။

၃. MTT Turbine Superbike – $175,000

သာမန်စူပါ Bike တစ်စီးက အကောင်းဆုံးမဖြစ်နိုင်ဖူးထင်ရင်တော့ MTT Turbine Streetfighter ကို ရွေးချယ်သင့်ပါတယ်။ ပထမ မော်ဒယ်တွေမှာတော့ 320 hp စွမ်းဆောင်ရည်ရှိတဲ့ Rolls-Royce – Allison Model 250-C18 Gas တာဘိုင်အင်ဂျင်သုံးထားပြီး နောက်ပိုင်းမော်ဒယ်တွေမှာတော့ 420 hp စွမ်းဆောင်ရည်ရှိတဲ့ Allison 250-C20B အင်ဂျင်နဲ့Two-Speed Transmis sion ကို ပြောင်းလဲအသုံးပြု လာခဲ့ပါတယ်။

Harley ဆိုင်ကယ်စီးသူတွေအနေနဲ့ ဘာမှမပြောနိုင်အောင် ပါးစပ်တွေပိတ်ကုန်ပြီး နောက်ကားတွေရဲ့ ရှေ့ Bumper တွေကိုတောင် အရည်ပျော်သွားစေတဲ့ အကောင်းဆုံး Bike ဖြစ်တယ်လို့ Bike No.002 ကို ပိုင်ဆိုင်ထားတဲ့ Jay Leno ကဆိုခဲ့ပါတယ်။ အဆိုပါ ဆိုင်ကယ်ရဲ့ အမြင့်ဆုံး အမြန်နှုန်းကတော့ 227 mph အထိရှိတာပဲဖြစ်ပါတယ်။

၎. NCR M16 – $230,000+

NCR ကို အီတလီလူမျိုး Tuning ပိုင်းအထူးကျွမ်းကျင်သူက အကောင်းဆုံးဖြစ်အောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Milona 16 က Ducati Desmosedici MotoGP ရဲ့ Limited Production ဖြစ်တဲ့Road-Legal Versionကို အခြေခံထားတာဖြစ်ပြီးFrame အသစ်ကို တိုက်တေနီယမ်၊ ကာဗွန်ဖိုက်ဘာနဲ့ လေယာဉ်သုံး အလူမီနီယမ်တွေ သုံးထားပြီး အလေးချိန် 390 ပေါင် ရှိတဲ့ အရင် Bike ထက် 71 ပေါင် လျော့ချနိုင်ခဲ့ပါတယ်။ NCR တစ်စီးရဲ့ဈေးနှုန်းကို အတိအကျပြောဖို့ခက်ပေမယ့် ဒေါ်လာ တစ်သန်းရဲ့ လေးပုံတစ်ပုံလောက်မှ မပိုင်ဆိုင်ထားရင်တော့ ဝယ်ယူနိုင်ဖို့ မလွယ်ပါဘူး။

၅.Ecosse Titanium Series FE Ti XX – $300,000

Ecosse Titanium Series FE Ti XX ကတော့ 2012 နှစ်တုန်းက ‌ဒေါ်လာ 300,000 တန်ကြေးနဲ့ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး Bike ဖြစ်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း အခြေစိုက် အထူးကုမ္ပဏီတစ်ခုဖြစ်တဲ့ Ecosse Moto Works ကတော့

သူရဲ့ 200 hp ကျော်စွမ်းဆောင်ရည်နဲ့ Titanium Series FE Ti XX ရဲ့ တိုက်တေနီယမ်ကိုယ်ထည်ကို အလုပ်ချိန်နာရီပေါင်း 12,000 ဝန်းကျင် ကြာအောင်ဖန်တီးခဲ့ရပြီး ၁၃ စီးပဲထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ် ; RFOX Media Myanmar

Be the first to comment

Leave a comment

Your email address will not be published.


*