သားဖြစ်သူကို ဆေးကုပေးချင်လို့ သူမရဲ့ကျောက်ကပ် တစ်လုံးကိုရောင်းရန် ကြော်ငြာနေတဲ့မိခင်
သားဖြစ်သူကို ဆေးကုပေးချင်လို့ သူမရဲ့ကျောက်ကပ် တစ်လုံးကိုရောင်းရန် ကြော်ငြာနေတဲ့မိခင်
သားသမီးတွေ ဒုက္ခရောက် လာသည့်အခါ သူတို့လေးတွေ အတွက် ကိုယ့်ရဲ့ အသက်ကိုပင် မနှမြောပဲ တုံ့ဆိုင်းခြင်းမရှိ ပေးဆပ်ချင် တတ်ကြသည့် မိဘတို့ ရဲ့ ချစ်ခြင်း မေတ္တာသည် တန်ဖိုးကြီး မားဆုံးနှင့် အနှိုင်းမဲ့ ဖြစ်သည် ။
ယခုတွင်လည်း ထိုင်းနိုင်ငံ ခွန်ဘူရီမြို့တွင် နေထိုင်သော အသက် ၃၆ နှစ်အ ရွယ် မိခင်တစ်ဦးသည် သားသမီး သုံးယောက်ရှိရာ အငယ်ဆုံးသားလေးမှာ ရောဂါသည် လေးဖြစ်နေ၍ ဆေးကုသပေးဖို့ရ ာအတွက် ငွေကြေးမတတ်နိုင်ပဲ အိမ်နီးချင်း ဆွေမျိုးတွေဆီမှာလည်း အကြွေးတွေ တင်နေတာကြောင့် စိတ်အရမ်းဖိစီး နေရသည် ။
ခင်ပွန်းဖြစ်သူသည် ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေပေမယ့် နေ့စဉ်အသုံးစရိတ်နဲ့ သားလေးမှာ ထမင်းမစားပဲ နို့သာသောက်နေရ၍ ငွေကုန်ကြေးကျ ပိုများကာ အိမ်မှာရှိသော ပစ္စည်းတွေရောင်းချ ပစ်တာလည်း အကုန် ကုန်ပြီဖြစ်၍ အတော်လေး စိတ်ဆင်းရဲရပြီး ခက်ခဲစေခဲ့သည်။ ထို့ကြောင့် မိခင်ဖြစ်သူသည် နောက်ဆုံးကြံရာမရတော့တာကြောင့် သူမရဲ့ ကျောက်ကပ်တစ်လုံးကို လိုအပ်တဲ့သူများရှိပါက ရောင်းမည်ဆိုပြီး ကြော်ငြာခဲ့သည်။ crd
Zawgyi … သားဖြစ်သူကို ဆေးကုပေးချင်လို့ သူမရဲ့ကျောက်ကပ် တစ်လုံးကိုရောင်းရန် ကြော်ငြာနေတဲ့မိခင်
Be the first to comment
Leave a comment
Your email address will not be published.
*