သားဖြစ်သူက ၂ နှစ်ကြာဆံပင်အရှည်ထားပြီး ကင်ဆာရောဂါသည်မိခင်အတွက် ဆံပင်အတုလုပ်ပေးခဲ့

သားဖြစ်သူက ၂ နှစ်ကြာဆံပင်အရှည်ထားပြီး ကင်ဆာရောဂါသည်မိခင်အတွက် ဆံပင်အတုလုပ်ပေးခဲ့

အရီဇိုးနားပြည်နယ်က အမျိုးသမီးတစ်ဦးဟာ သားဖြစ်သူကြောင့် ဆံပင်တုပိုင်ဆိုင်ခဲ့ရပြီ ပျော်လို့မဆုံး ဖြစ်နေပါတယ် ။ အဲဒီအမျိုးသမီးရဲ့ နာမည်က မီလနင် ရှာဟာဖြစ်ပြီ သူမဟာ ဦးနှောက်အကျိတ်ကင်ဆာရောဂါကြောင့် ဓာတ်ရောင်ခြည်ကုသမှုခံယူပြီးနောက် ၂၀၁၈ခုနှစ်မှာ ဆံပင်တွေ ဆုံးရှုံးသွားခဲ့ရပါတယ် ။

မီလနင်က သူမမှာ ဆံပင်မရှိတဲ့အတွက် နာကျင်ရတဲ့ အရာတွေကို လူတွေကို ပြောပြပါတယ်။ သူမက နေမကောင်းဖြစ်တာကို စိတ်မပျက်ပေမဲ့ နေမကောင်းတဲ့ပုံ ဖြစ်နေရတာကိုတော့ စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ တစ်နေ့တော့ သူမရဲ့သားဖြစ်သူ မက်သရူးနဲ့ နေ့လည်စာစားတဲ့ အချိန်မှာ မက်သရူးက “အမေ့အတွက် ဆံပင်အတုလုပ်ပေးဖို့ ကျွန်တော် ဘာလို့ ဆံပင်ရှည်မထားရမှာလဲ ” လို့ပြောပြီ သူ့အမေ အတွက် ဆံပင်အတု လုပ်ပေးချင်တာကြောင့် (၂) နှစ်ကြာတဲ့အထိ ဆံပင်ကိုအရှည်ထားခဲ့ပါတယ်။

ယခုနှစ် မတ်လမှာတော့ မက်သရူးက သူ့ရဲ့ဆံပင်ကို သူ့အမေအတွက် ဆံပင်အတုလုပ်ပေးဖို့ အရှည် ၁၂ လက်မရှိတော့ သူဆံပင်ကို ညှပ်ပစ်ခဲ့ပါတယ်။ မက်သရူးက သူ့ဆံပင်နဲ့ ဆံပင်အတုလုပ်ဖို့အတွက် Compassionate Creations ဆံပင်အတုဆိုင်ကို ဒေါ်လာ ၂၀၀၀ ပေးကာ ပြုလုပ်ခိုင်းခဲ့ပါတယ် ။

ဇွန်လမှာ Compassionate Creations က ပြုလုပ်ထားတဲ့ ဆံပင်အတုကို မီလနင်တို့ သားအမိဆီကို ပို့ပေးခဲ့ပါတယ် ။ ဒါဟာ မီလနင်အတွက်တော့ သူ့ရဲ့ဆံပင်အသစ်က သားဖြစ်သူရဲ့ဆံပင်နဲ့ လုပ်ထားတာကြောင့်တန်ဖိုးကြီးအရာ တစ်ခုပါပဲ။

သူမဟာ ကင်ဆာကြောင့် မျက်ခုံးမွေး၊ မျက်တောင်မွေး၊ ဆံပင်မွေးတွေ ဆုံးရှုံးခဲ့ရပါတယ် ။ ” အရင်တုန်းက ပုံပန်းအသွင်အပြင်ဖြစ်လာဖို့ ဒါကကြီးမားတဲ့ လက်ဆောင်တစ်ခုပါ ။ နောက်ပြီး ဒါကတကယ်ကို ကောင်းတယ်လို့ မီလနင်က ပြောပါတယ် ။ သားဖြစ်သူ မက်သရူးကလည်း သူအမေနဲ့ ဒီဆံပင်အတုနဲ့ လိုက်တယ်လို့ ပြောခဲ့ပါသေးတယ် ။

Be the first to comment

Leave a comment

Your email address will not be published.


*