Unicode … သားသားမီးမီးတွေနဲ့အတူ ပျော်ရွှင်ကြည်နူးဖွယ်ရာ အချိန်လေးတွေကို ဖန်တီးခဲ့တဲ့ ခိုင်နှင်းဝေ
ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို များစွာရရှိထားတဲ့ ခိုင်နှင်းဝေကတော့ ပရစိတ အလုပ်တွေကို ဆက်တိုက်ပြု လုပ်နေသူပဲ ဖြစ်ပါတယ်။ ခုလို ကာလမှာ စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေ လှူဒါန်းနေတဲ့ အပြင် အလှူငွေတွေလည်း တတ်နိုင် သလောက်လှူဒါန်းနေတာ တွေ့ရပါတယ်။
ဒီလို အလုပ်တွေ မအားလပ်တဲ့ ကြားကနေမှ ချစ်ရတဲ့ သားသမီးတွေ အတွက်လည်း မိခင်ရင်းသဖွယ် ကြင်နာစောင့်ရှောက်မှုတွေကို လုပ်ပေးတတ်ပါသေးတယ် ။ ကလေးတွေကို အတတ်နိုင်ဆုံး အချိန်ပေးကာ တူတူဆော့ကစားပေးတဲ့ အပြင် ကြင်ကြင် နာနာနဲ့ ပြုစုပေးလို့ မိခင်မေတ္တာငတ်နေတဲ့ ကလေးငယ်လေးတွေ အဖို့တော့ ခိုင်နှင်းဝေရဲ့ ဂေဟာလေးက နွေးထွေးလုံခြုံနေခဲ့ပါတယ် ။
အခုလည်း ချစ်ရတဲ့ သားတွေ သမီးတွေကို အချိန် အပြည့်အဝပေးကာ အတူတူ ဆော့ကစားပေးရင်း ပျော်ရွှင်စရာ အချိန်လေးတွေကို ဖန်တီးခဲ့ပါတယ် ။ ကလေးတွေနဲ့ အတူ ဆော့ကစားနေတဲ့ ပုံရိပ်တွေနဲ့ အတူ ” ဘာပဲ လှူလှူ ပုဂ္ဂိုလ်စွဲ မရှိ စိတ်ဖြတ်ပြီး လှူပါတယ်..ဘယ်အလုပ်ပဲ လုပ်လုပ် မျှော်လင့်စိတ် ဖြတ်ပြီး လုပ်ပါတယ်..
ပီတိကိုသာ စားပြီး မေတ္တာပေးလို့ သံသရာမှာ အေးချမ်းစွာ ကျင်လည်ချင်ပါတယ်..အသက်ရှင်သမျှ ကိုယ့်နောက်ပါတာ လုပ်သွားရင်း ပေးနိုင်သလောက် ပေးဝေမျှချင်ပါတယ်..စိတ်ရောလူရော အေးချမ်းချင်ပါတယ်..” ရေးသားထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။ crd
Add a Comment
Your email address will not be published. Required fields are marked *