သူဆိုထားတဲ့ တစ်ချိန်ကနာမည်ကြီး သီချင်းတစ်ပုဒ်ကြောင့် တရာစွဲဆိုခံလိုက်ရတဲ့ အဆိုတော် ဘိုဖြူ

သူဆိုထားတဲ့ တစ်ချိန်ကနာမည်ကြီး သီချင်းတစ်ပုဒ်ကြောင့် တရာစွဲဆိုခံလိုက်ရတဲ့ အဆိုတော် ဘိုဖြူ

အဆိုတော် ဘိုဖြူအား ဖမ်းဆီး ထောင်ချရန် နကစ အစိုးရ စီစဉ်နေပြီး နေပြည်တော်ကောင်စီနယ်မြေ ဒုရဲမှူး သာအေးမှ တရားလိုပြုလုပ်၍ တရားစွဲထားကြောင်း သိရှိရသည် ။ အဆိုပါသတင်းနှင့်ပက်သက်၍ နေပြည်တော် ကောင်စီနယ်မြေ ရဲစခန်းသို့ သံလွင်မီဒီယာမှ ဆက်သွယ်မေးမြန်းခဲ့ရာ ဒုရဲမှူးသာအေးက

” ဟုတ်ပါတယ် ၊ ကျွန်တော်ကပဲ တရားလို အနေနဲ့ တရားစွဲ ထားတာပါ ၊ အဓိက ကတော့ သူ့သီချင်းနာမည်ကြောင့်ပါ ၊ ခင်ဗျားတို့ကြားဖူးတယ်မလား ၊ ‘လက်တီး’ဆိုတဲ့ သီချင်းလေ ၊ လက်တီးကို ပြောင်းပြန်လှန် အသံထွက်ရင် လီးတပ်ဆိုပြီး ဖြစ်လာတယ်ဗျာ ၊ ကျွန်တော် လည်း အရင်က မစဉ်းစားမိခဲ့ဖူး ၊

အခုသေချာတွေးကြည့်မှ ဒါဟာ တပ်မတော်အပေါ် မိုက်ရိုင်းစော်ကားထားမှန်းသတိ ထားမိတာ ၊ ကျွန်တော်လည်း တပ်မတော်သားဟောင်း တစ်ယောက်ပါဗျာ ၊ တပ်မတော်ကို ထိပါးလာရင် ရင်ထဲ မခံစားနိုင်ဖူးလေ ၊ ဒီသီချင်းက တပ်မတော်ရဲ့ မရှိတဲ့ ဂုဏ်ကျက် သရေကို ထိပါးစော်ကား တယ်ဆိုတာ အသိသာကြီးပါ ၊

တပ်မတော်သားတွေ အကုန်လုံးလည်း စိတ်ဆိုးဒေါသ ထွက်နေပါတယ် ၊ အမှန်ဆို စိုင်းထီးဆိုင် လည်း ဒီသီချင်းကို ဆိုဖူးပါတယ် ၊ သူကကွယ်လွန်သွားပြီဆိုတော့ ဖမ်းလို့က မရတော့ ဖူးလေ ၊ ဒါကြောင့် ရှိနေတဲ့ အဆိုတော်ဘိုဖြူကိုပဲ တရားစွဲပြီး ဖမ်းဆီးထောင် ချဖို့ လုပ်လိုက်ရတာပါ ” ဟု ဖြေကြားခဲ့သည်။

အဆိုပါ တရားစွဲဆိုထားခြင်းနှင့် ပက်သက်၍ အဆိုတော်ဘိုဖြူ၏ ညီဖြစ်သူဦးဘိုပြာက ” သီချင်းနာမည်လေးအတွက်နဲ့ တရားစွဲ တာကတော့ မဖြစ်သင့်ပါဖူးဗျာ ၊ သီချင်းနာမည်ပြောင်းဆိုလည်း ပြောင်းပေးမှာပေါ့ ၊ အခုဟာက သိပ်တော့ အဓိပ္ပါယ်မရှိဖူး ” ဟု ပြန်လည် မှတ်ချက်ပေးခဲ့သည်။ crd

Add a Comment

Your email address will not be published. Required fields are marked *