သူမကိုအမြဲတမ်း ဆေးထိုးစနောက်တတ်တဲ့ ကျော်ကျော်ကို အိပ်ပျော်နေတုန်းမှာ ဗီဒီယိုခိုးရိုက်ပြီး ဆေးပြန်ထိုးလိုက်တဲ့ ဆုမြတ်နိုးဦး
သူမကိုအမြဲတမ်း ဆေးထိုးစနောက်တတ်တဲ့ ကျော်ကျော်ကို အိပ်ပျော်နေတုန်းမှာ ဗီဒီယိုခိုးရိုက်ပြီး ဆေးပြန်ထိုးလိုက်တဲ့ ဆုမြတ်နိုးဦး
ချစ်စရာကောင်းပြီး အမြဲတမ်း ပြုံးနေတတ်တဲ့ မင်းသမီးလေး ဆုမြတ်နိုးဦးကတော့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို ရရှိခဲ့သူတစ်ယောက်ပါ။ ဆုမြတ်နိုးဦးကတော့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဆိုပေမယ့် ပေါ့ပေါ့ပါးပါးနေထိုင်တတ်ပြီး ပျော်တတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။
အထူးသဖြင့် သရုပ်ဆောင်ကျော်ကျော်နဲ့ဆိုရင် ပြောမနာဆိုမနာခင်မင်ရင်းနှီးကြတာပဲဖြစ်ပါတယ်။ကျော်ကျော်ကတော့ ပျော်တတ်သူတစ်ယောက်ပီပီ သူ့ရဲ့အနီးအနားမှာရှိသူတိုင်းကို စနောက်ကျီစယ်လေ့ရှိပြီး အထူးသဖြင့် ဆုမြတ်နိုးဦးကို ဗီဒီယိုလေးတွေရိုက်ပြီး ဆေးထိုးလေ့ရှိတာပဲဖြစ်ပါတယ်။
ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ ကျော်ကျော်အိပ်နေတုန်း မိတ်ကပ်Effect တွေပါတဲ့ ကင်မရာနဲ့ ဗီဒီယိုလေးရိုက်ပြီး “မိကျော်ရေ အိပ်နေတာတောင်အပြည့်နော်.. မျက်တောင်တုနဲ့ မလျော့သော 🤣🤣” ဆိုပြီး စနောက်ကျီစယ်ခဲ့ပါတယ်။
ဆုမြတ်နိုးဦးကတော့ သူမကိုအမြဲတမ်း စနောက်ကျီစယ့်လေ့ရှိတဲ့ ကျော်ကျော်ကို အမိအရဗီဒီယိုလေးရိုက်ပြီး ဆေးထိုးခဲ့တာပဲဖြစ်ပါတယ်။ ဒီတစ်ခါတော့ ကျော်ကျော်တစ်ယောက် ဆုမြတ်နိုးဦးဆေးထိုးတာ ခံလိုက်ရပြီ ပရိသတ်ကြီးရေ…။ crd
Zawgyi … သူမကိုအမြဲတမ်း ဆေးထိုးစနောက်တတ်တဲ့ ကျော်ကျော်ကို အိပ်ပျော်နေတုန်းမှာ ဗီဒီယိုခိုးရိုက်ပြီး ဆေးပြန်ထိုးလိုက်တဲ့ ဆုမြတ်နိုးဦး
Be the first to comment
Leave a comment
Your email address will not be published.
*