သူမကွယ်လွန်သွားချိန်မှာ တစ်ယောက်တည်းကျန်ရစ်ခဲ့ရမဲ့ စိတ်ဝေဒနာသည် မြေးဖြစ်သူအတွက် ဆန်ပြုတ်အပွဲပေါင်း ၁၀၀၀၀ အော်ဒါမှာသွားပေးခဲ့တဲ့ အဘွားအို

သူမကွယ်လွန်သွားချိန်မှာ တစ်ယောက်တည်းကျန်ရစ်ခဲ့ရမဲ့ စိတ်ဝေဒနာသည် မြေးဖြစ်သူအတွက် ဆန်ပြုတ်အပွဲပေါင်း ၁၀၀၀၀ အော်ဒါမှာသွားပေးခဲ့တဲ့ အဘွားအို

သားအချစ် ၊ မြေးအနှစ် ဆိုတဲ့အတိုင်း မြေးတွေ အပေါ် ထားရှိတဲ့ အဘိုးအဘွားတွေရဲ့ ချစ်မေတ္တာဟာ ခိုင်မြဲလွန်းလှ ပါတယ် ။ ဒီတစ်ခေါက် ဖော်ပြမဲ့ အဘွားဖြစ်သူဟာ သူ့ရဲ့စိတ်ဝေဒနာသည် မြေးလေးနဲ့ နှစ်ယောက်တည် းအတူနေထိုင် လာခဲ့တာပါ ။

တစ်ရက်မှာတော့ သူမဟာ ဦးနှောက်ကင်ဆာ အဆင့် 4 ကို ခံစားနေခဲ့ရမှန်း သိခဲ့ရပါတယ် ။ ဒါကြောင့် ဆွေးမျိုးတွေ ထံသွားပြီး သူမရဲ့မြေးလေးကို ပြုစု စောင့်ရှောက်ပေးဖို့ တောင်းဆို ခဲ့ပါတယ် ။

ဆွေမျိုးဖြစ်သူတွေကလည်း ဂရုမစိုက်ပေးနိုင်လို့ နောက်ဆုံး ဆန်ပြုတ်ဆိုင်လေးမှာ မြေးဖြစ်သူအတွက် ဆန်ပြုတ်အော်ဒါ မှာပေးဖို့ အကြံရ လာခဲ့ပါတယ် ။ သူမကလည်း နေ့စဉ်မြေးလေးနဲ့ အတူမရှိနိုင်တာကြောင့် ဆန်ပြုတ် အပွဲပေါင်း 10,000 ကို ငွေအရင် ရှင်းပေးခဲ့ပြီး အော်ဒါမှာပေး ခဲ့ပါတယ်။

အဆိုပါ အကြောင်းအရာလေးက အဘိုးအဘွားတွေရဲ့ ချစ်မေတ္တာကို ပညာပေး video အနေနဲ့ ရိုက်ကူးပေး ထားတာပါ ။ အပြင်လက်တွေ့ဘဝမှာလည်း အဆိုပါ ဖြစ်ရပ်မျိုးကြုံတွေ့ရတဲ့ အဘိုးအဘွားတွေ အများကြီး ကျန်ရှိနေသေးကြောင်း သိရှိရပါတယ် ။

Zawgyi … သူမကြယ္လြန္သြားခ်ိန္မွာ တစ္ေယာက္တည္းက်န္ရစ္ခဲ့ရမဲ႕ စိတ္ေဝဒနာသည္ ေျမးျဖစ္သူအတြက္ ဆန္ျပဳတ္အပြဲေပါင္း ၁၀၀၀၀ ေအာ္ဒါမွာသြားေပးခဲ့တဲ့ အဘြားအို

သားအခ်စ္ ၊ ေျမးအႏွစ္ ဆိုတဲ့အတိုင္း ေျမးေတြ အေပၚ ထား႐ွိတဲ့ အဘိုးအဘြားေတြရဲ႕ ခ်စ္ေမတၱာဟာ ခိုင္ျမဲလြန္းလွ ပါတယ္ ။ ဒီတစ္ေခါက္ ေဖာ္ျပမဲ့ အဘြားျဖစ္သူဟာ သူ႔ရဲ႕စိတ္ေဝဒနာသည္ ေျမးေလးနဲ႔ ႏွစ္ေယာက္တည္ းအတူေနထိုင္ လာခဲ့တာပါ ။

တစ္ရက္မွာေတာ့ သူမဟာ ဦးေႏွာက္ကင္ဆာ အဆင့္ 4 ကို ခံစားေနခဲ့ရမွန္း သိခဲ့ရပါတယ္ ။ ဒါေၾကာင့္ ေဆြးမ်ိဳးေတြ ထံသြားၿပီး သူမရဲ႕ေျမးေလးကို ျပဳစု ေစာင့္ေ႐ွာက္ေပးဖို႔ ေတာင္းဆို ခဲ့ပါတယ္ ။

ေဆြမ်ိဳးျဖစ္သူေတြကလည္း ဂ႐ုမစိုက္ေပးႏိုင္လို႔ ေနာက္ဆံုး ဆန္ျပဳတ္ဆိုင္ေလးမွာ ေျမးျဖစ္သူအတြက္ ဆန္ျပဳတ္ေအာ္ဒါ မွာေပးဖို႔ အၾကံရ လာခဲ့ပါတယ္ ။ သူမကလည္း ေန႔စဥ္ေျမးေလးနဲ႔ အတူမ႐ွိႏိုင္တာေၾကာင့္ ဆန္ျပဳတ္ အပြဲေပါင္း 10,000 ကို ေငြအရင္ ႐ွင္းေပးခဲ့ၿပီး ေအာ္ဒါမွာေပး ခဲ့ပါတယ္။

အဆိုပါ အေၾကာင္းအရာေလးက အဘိုးအဘြားေတြရဲ႕ ခ်စ္ေမတၱာကို ပညာေပး video အေနနဲ႔ ႐ိုက္ကူးေပး ထားတာပါ ။ အျပင္လက္ေတြ႔ဘဝမွာလည္း အဆိုပါ ျဖစ္ရပ္မ်ိဳးၾကံဳေတြ႔ရတဲ့ အဘိုးအဘြားေတြ အမ်ားႀကီး က်န္႐ွိေနေသးေၾကာင္း သိ႐ွိရပါတယ္ ။

Be the first to comment

Leave a comment

Your email address will not be published.


*