သူမရဲ့ပုံတွေကိုသုံးပြီ ဟာသလုပ်နေကြသူတွေကို ပွင့်ပွင့်လင်းလင်း ပြောလိုက်တဲ့ ခင်မို့မို့အေး
သူမရဲ့ပုံတွေကိုသုံးပြီ ဟာသလုပ်နေကြသူတွေကို ပွင့်ပွင့်လင်းလင်း ပြောလိုက်တဲ့ ခင်မို့မို့အေး
လူကြီးရော ကလေးပါ တစ်ယောက် မကျန် သိတဲ့ ခင်မို့မို့အေးကတော့ ဇာတ်ကားပေါင်းများစွာမှာ ဗီလိန်နေရာကနေ ပီပြင်စွာ သရုပ်ဆောင် နိုင်တဲ့အတွက် ပရိတ်သတ်တွေရဲ့ အချစ်တွေရော အမုန်းတွေပါ တပြိုင်နက် ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။သူမကတော့ ဗွီဒီယို ဇာတ်ကားတွေအပြင် ရုပ်ရှင်ကားတွေနဲ့ MRTV -4 ဇာတ်လမ်းတွဲတွေ ကိုပါ လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။
ယခုနောက်ပိုင်းတွင် ဆိုရှယ် မီဒီယာတွေ ခေတ်စား လာတာနဲ့အမျှ လူငယ်တွေက သူမရဲ့ ဗီလိန် ဇာတ်ဝင်ခန်းတွေထဲက ပုံတွေကို ဟာသ အနေနဲ့ ပြုပြင် အသုံးပြု လာကြတာပဲ ဖြစ်ပါတယ်။ သူမကအပြင်မှာ ပန်းမကြိုက်ပေမဲ့ ပန်းတွေနဲ့ ဝေနေတဲ့ ပုံတွေကတော့ Facebook တစ်ခွင်မှာ ပြန့်နှံ့နေပါတယ် ။ အဲ့ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီးသူမက အင်တာဗျူးတစ်ခုမှာအခုလိုပဲ ပြောပြထားပါတယ်။
” facebook commentတွေ ဝင်ကြည့်လိုက်ရင် တီတီ့ပုံတွေကြည့် တွေ့နေရတယ် တီတီကပန်းမကြိုက်ပေမဲ့ onlineမှာ တက်လာတဲ့ တီ တီ ပုံတွေကတော့ ပန်းတွေနဲ့ချည်ပဲ ပန်းတွေနဲ့ ဝေနေတယ် တီတီ့ပုံတွေကို မသုံးပါနဲ့လို့တော့ မတားချင်ပါဘူး ဒါပေမဲ့ တော်ရုံပဲ သုံးကြပါလို့ ပြောပါရစေ” ဆိုပြီး သူမရဲ့ ခံစားချက်ကို ပြောပြလာတာပဲ ဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi … သူမရဲ့ပုံတွေကိုသုံးပြီ ဟာသလုပ်နေကြသူတွေကို ပွင့်ပွင့်လင်းလင်း ပြောလိုက်တဲ့ ခင်မို့မို့အေး
Be the first to comment
Leave a comment
Your email address will not be published.
*