






Unicode … သူများထံမရောင်းဖို့ သခင်ဖြစ်သူထံကို အပြေးလာပြီး ဒူးထောက်ကာ တောင်ပန်းခဲ့သည့် နွားကလေး

တိရိစ္ဆာန်လေးတို့သည် စကားမပြော တတ်သော်လည်း သူတို့၏ သခင်ဖြစ်သူအပေါ်တွင် ထားရှိသော မေတ္တာနှင့် သံယောဇဉ်တို့ဟာ အတော်လေးကို ကြီးမားလှပါတယ်။

ယခုတွင်လည်း နွားလေး တစ်ကောင်နှင့် သခင်ဖြစ် သူတို့၏ အဖြစ် အပျက် လေးကို မြင်တွေ့လိုက်ရလျှင် အတော်လေးကို ဝမ်းနည်းပြီး စိတ် မကောင်းဖြစ်စေမှာ သေချာပါတယ်။

သခင်ဖြစ်သူဟာ အခြားသူ တစ်ဦးထံသို့ နွားငယ်လေးကို ရောင်းချ လိုက်တာဖြစ်ပါတယ် ။ ထိုအခါ ဝယ်ယူသူ များကလည်း နွားလေးကို ခေါ်သွားခဲ့တာဖြစ်ပါတယ် ။

ထိုအချိန်တွင် နွားငယ်လေးဟာ ပိုင်ရှင်အသစ် ခေါ်သွားသည့်ကြားမှ သခင်ဖြစ်သူထံ အပြေးပြန် လှည့်လာခဲ့ပြီး မရောင်းချရန်အတွက် ဒူးထောက်တောင်းပန် နေခဲ့ပါတယ်။

ပိုင်ရှင် အမျိုးသားဟာလည်း နွားငယ်လေးကို ပွေ့ဖက်ပြီး နှုတ်ဆက်နေခဲ့ကာ ဝမ်းနည်းနေ ခဲ့ရတော့တာ ဖြစ်ပါတယ် ။( ကိုယ်တွေက စိတ်ခံစား လွယ်တယ် ။ အဲ့လိုတွေပြန်မရောင်းချင်လို့ နွားအလကားပေးတာတောင် မယူခဲ့တာ) 😢 Crd

Be the first to comment

Leave a comment

Your email address will not be published.


*