သွေးတိုးရှိတဲ့သူတွေ သိထားသင့်တဲ့ သွေးတိုးကျစေမယ့် နည်းလမ်း (၅) ခု
သင်ကိုယ်တိုင်လည်း သွေးတိုးတတ်တယ်၊ အိမ်က လူကြီးတွေ သွေးတိုးတတ်တယ်ဆိုရင် သင်တို့အတွက် အသုံးဝင်စေမဲ့ သွေးတိုးကျစေမယ့် နည်းလမ်း ၅ ခုကို ပြောပြလိုပါတယ် ။ အခုပြောပြမယ့် ဒီနည်းလမ်းလေးတွေက ဆယ်မိနစ်အတွင်း သွေးတိုးကျစေမှာဖြစ်ပါတယ် ။ ဒါ့အပြင် သွေးတိုးကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးပြဿနာတွေကို သက်သာစေ နိုင်ပါတယ်။
နည်းလမ်း ၅ မျိုးကတော့ …
(၁) နားရွက်အနောက်နဲ့ လည်ပင်းကို နှိပ်ပေးပါ
သင့်အနေဖြင့် နားရွက်အနောက်ကနေ ညှပ်ရိုးနေရာ အထိကို ဖြည်းဖြည်းလေး နှိပ်ပေးတာက သွေးလှည့်ပတ်မှု ကောင်းစေပြီး သွေးဖိအား များနေတာကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် လက်ချောင်းထိပ်လေးတွေနဲ့ လည်ပင်းကို ဖွဖွလေး နှိပ်ပေးတာက သွေးတိုးပြီး ခေါင်းမူးနေတာကို အမြန်ဆုံးသက်သာစေပါတယ်။
(၂) ဘယ်ဘက်နှာခေါင်းနဲ့ပဲ အသက်ရှူပေးပါ
သွေးတိုးနေတာကို အမြန်ဆုံး သက်သာစေမယ့် နောက်ထက်နည်းလမ်း တစ်ခုကတော့ ညာဘက်နှာခေါင်းကို ပိတ်ထားပြီး ဘယ်ဘက်နှာခေါင်းနဲ့ပဲ အသက်ရှူတာပါပဲ ။ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ပြီး လည်ပင်းကို ဖြောင့်ဖြောင့်ထားပါ။ ညာဘက်လက်မနဲ့ ညာဘက်နှာခေါင်းကို ပိတ်ထားပြီ ဘယ်ဘက်နှာခေါင်းနဲ့ အသက်ရှူပေးလိုက်မယ်ဆိုရင် ၁၀ မိနစ်အတွင်း သွေးဖိအားတိုးနေတာကို ကျသွားစေပါတယ်။
(၃) ရေတစ်ဖန်ခွက်သောက်ပါ
ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်နေတဲ့ အခါမျိုးမှာလည်း သင့်အနေနဲ့ သွေးတိုးနိုင်ပါတယ်။ ဒီတော့ သွေးတိုးတဲ့အခါမှာ အသက်ပြင်းပြင်း ရှူလိုက်ပြီး ရေတစ်ဖန်ခွက် သောက်ပေးလိုက်ပါ ။
(၄) ပက်လက်လဲပြီး ကြွက်သားတွေကို ဖြေဖလျှော့ပေးပါ
သွေးတိုးနေတဲ့ အချိန်မှာ ကြမ်းပြင်ပေါ်ကို လဲအိပ်ပြီး ခန္ဓာကိုယ်ကို ဖြေလျှော့ထားပါ။ မျက်လုံးမှိတ်ပြီး အသက်ကို မှန်မှန်နဲ့ ဖည်းဖြည်းချင်း ရှူပေးတာက သွေးလှည့်ပတ်မှုကို ပုံမှန်ဖြစ်စေပြီး သွေးဖိအား တိုးနေတာကို ဖြည်းဖြည်းချင်း လျော့သွားစေပါတယ်။
(၅) ခြေထောက်ကို ရေနွေးစိမ်ပေးပါ
သွေးတိုးနေတဲ့အခါ လည်ပင်းနဲ့ ဦးခေါင်းကို အေးနေအောင် ထားပေးဖို့လည်းလိုပါတယ် ။ ရေဇလုံထဲမှာ ရေနွေးထည့်ပြီး ခြေထောက်ကို ၁၅ မိနစ်လောက် စိမ်ပေးနေမယ်ဆိုရင် သွေးလှည့်ပတ်မှုကို ပုံမှန်ဖြစ်စေပြီး ချက်ချင်း သွေးတိုး ကျစေမှာ ဖြစ်ပါတယ်။
ဒါတွေကတော့ သွေးတိုးနေတဲ့အချိန်မှာ အမြန်သွေးပြန်ကျစေမဲ့ နည်းလမ်း ၅ မျိုးပဲဖြစ်ပါတယ် ။ အားလုံးပဲ ကျန်းမာပျော်ရွှင် ကြပါစေ ။
Be the first to comment