သရုပ်ဆောင်မော်ဒယ် သန္တာလှိုင် ရန်ကုန်လေဆိပ်ကနေ ဘန်ကောက်လေယာဉ်ပေါ် အတက်မှာ တားဆီထိန်းသိမ်းခံရ
သရုပ်ဆောင် မော်ဒယ်သန္တာလှိုင်နဲ့ သူ့မိသားစုဝင် အချို့ဟာ ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ရန်ကုန်လေ ဆိပ်ကနေ ထိုင်းနိုင်ငံ ဘန်ကောတ်မြို့ကို ထွက်ခွာမယ် မြန်မာ့ အမျိုးသားလေကြောင်းလိုင်းMAI နဲ့ လိုက်ပါဖို့ ကိုရန်ကုန်လေဆိပ်ရောက် လာခဲ့ပြီး လေယာဉ်ပေါ် အတက်မှာ သရုပ်ဆောင် သန္တာလှိုင် တက်ခွင့်မရဘဲ တားဆီးခံ လိုက်ရတယ်လို့ အဲ့ဒီခရီးစဉ်နဲ့လိုက်ပါခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
သူ့ကို လေဆိပ်မှာ ရဲတပ်ဖွဲ့ဝင်တွေကို စစ်မေးဖို့ခေါ်သွားခဲ့ပြီးနောက်မှာ အခုလို တားဆီးခံခဲ့ရ တာလည်းဖြစ်ပါတယ်။ သရုပ်ဆောင် သန္တာလှိုင်ရဲ့ခင်ပွန်းဖြစ်သူက စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်ခဲ့ပေမယ့် သရုပ်ဆောင် သန္တာလှိုင် လေယာဉ်ပေါ်တက်ခွင့်မရခဲ့တဲ့အတွက် ခင်ပွန်းဖြစ်သူလည်း လေယာဉ်ပေါ်မတက်ဘဲ လှည့်ပြန်သွားကြောင်း သူတို့ကို ဖမ်းဆီးခြင်း ရှိမရှိကို တော့အတည်မပြုနိုင်ကြောင်းလည်း သူကပြောပါတယ်။
ရန်ကုန်ကနေ ဘန်ကောက်ကို ဒီကနေ့ လေယာဉ်တစ်စီးတည်းသာထွက်ပြီး လေဆိပ်ထဲမှာလည်း အရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့ဝင်လို့ ယူဆရသူတွေ အများအပြားတွေ့ရတယ်လို့ ဘန်ကောက်ကိုသွားမယ့် ခရီးသည်တွေက ပြောပါတယ်။
ရန်ကုန်ကနေ ဘန်ကောက်ကို သွားရောက်မယ့်သူတွေဟာ ဗီဇာနဲ့ ကျန်းမာရေးအာမခံတွေ အပြင် Thailand Pass ဆိုတာကိုလည်း ထပ်မံလျှောက်ရပြီး ရာဇဝတ်မှုကင်းရှင်းကြောင်းကို လည်းဖြည့်စွက်ရတာတွေရှိကြောင်း လည်း သူတို့ကပြောပါတယ်။
စစ်ကောင်စီက အနုပညာရှင်အချို့ကို ၅၀၅ က အရေးယူမယ်လို့ ထုတ်ပြန်ထားခဲ့သလို အချို့ကိုလည်း ပြန်ပြီးပယ်ဖျက်ပေးခဲ့တာရှိပါတယ် လေဆိပ်ရဲက သရုပ်ဆောင်မော်ဒယ် သန္တာလှိုင်ကို စစ်ဆေးစရာရှိတယ်လို့ဆိုပြီး ခေါ်သွားပြီးနောက် လေယာဉ်လက်မှက်ကို လာပြီးဖျက်သိမ်းခဲ့တယ်လို့ အဲ့ဒီခရီးစဉ်မှာလိုက်ပါလာခဲ့သူတွေက ပြောပါတယ်၊ source ; BBC
Be the first to comment