ဟင်းချက်မပေးပဲ နေ့တိုင်းခေါက်ဆွဲပြုတ်နဲ့ နှပါးသွားခိုင်းနေတာကြောင့် ဇနီးဖြစ်သူကို ကွာရှင်းလိုက်တဲ့အမျိုးသား

ဟင်းချက်မပေးပဲ နေ့တိုင်းခေါက်ဆွဲပြုတ်နဲ့ နှပါးသွားခိုင်းနေတာကြောင့် ဇနီးဖြစ်သူကို ကွာရှင်းလိုက်တဲ့အမျိုးသား

နေ့တိုင်းနေ့တိုင်း အသင့်စား ခေါက်ဆွဲဘူးတွေချည်း ကျွေးနေတဲ့ ဇနီးဖြစ်သူကို အိန္ဒိယ အမျိုးသားတစ်ဦးက ကွာရှင်းလိုက်ကြောင်း သိရပါတယ်။Maggiအမှုလို့ နာမည်ပေးထားတဲ့ အဲဒီ ကိစ္စမှာ အမျိုးသားက ကွာရှင်းခွင့် တောင်းခံခဲ့ပြီး အမျိုးသမီးဖက်ကလည်း လက်ခံခဲ့တာကြောင့် နှစ်ဦး သဘောတူ လမ်းခွဲခဲ့ပြီး ဖြစ်တဲ့အကြောင်း အိန္ဒိယ တရားသူကြီး တစ်ဦးဖြစ်တဲ့ အမ်အယ်လ် ရက်ဟူနော့သ်က ပြောပါတယ်။

Maggi အမှုလို့ ခေါ်ရတဲ့ အကြောင်းကတော့ ဇနီးဖြစ်သူဟာ မနက်စာ၊ နေ့လယ်စာ၊ ညစာအားလုံးကို Maggi တံဆိပ် အသင့်စား ခေါက်ဆွဲဘူးတွေချည်း ကျွေးနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ခင်ပွန်းဖြစ်သူက ဒီကိစ္စကို တော်တော် ဒေါသထွက်နေပြီး တရားရုံးမှာ အရေးဆိုခဲ့ကြောင့်၊ သူ့ဇနီးဟာ ကုန်စုံဆိုင်သွားပြီး ခေါက်ဆွဲဘူးတွေပဲ အမြဲ ဝယ်နေတယ်လို့ တိုင်တန်းခဲ့ကြောင်း တရားသူကြီးက ပြောပါတယ်။

သူတို့နှစ်ဦးဟာ တစ်နှစ်လောက် ခွဲခွာ နေထိုင်ကြပြီးတဲ့နောက် ၁၉၅၄ ခုနှစ်၊ လက်ထပ် ထိမ်းမြားမှုဆိုင်ရာ အက်ဥပဒေနဲ့အညီ အပြီးသတ် ကွာရှင်းခဲ့ကြတယ်လို့ ရက်ဟူနော့သ်က ရှင်းပြပါတယ်။အိန္ဒိယလူနေမှု ဓလေ့တွေအရ တရားဝင် ကွာရှင်း ပြတ်စဲမှုတွေဟာ ကျေးလက် ဒေသတွေထက် မြို့ပြ ဧရိယာတွေမှာ ပိုအဖြစ်များတယ်လို့လည်း တရားသူကြီးက ပြောပါတယ်။

ကျေးလက် ဒေသတွေမှာတော့ အိမ်ထောင်ရေး ပြဿနာတွေ ရှိလာရင် ရွာလူကြီးတွေက ကြားဝင် ညှိနှိုင်းပေးကြတာကြောင့် ကွာရှင်းတဲ့ အဆင့်ထိ ရောက်တာမျိုး အတော်နည်းသွားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အိမ်ထောင်သည် အမျိုးသမီးတွေ ဖိနှိပ်ခံရတဲ့ ဖြစ်ရပ်မျိုးကနေ အကာအကွယ် ပေးနိုင်စွမ်း လျော့ကျသွားနိုင်ကြောင်း သူက သတိပေးသွားပါတယ်။ crd

Zawgyi … ဟင္းခ်က္မေပးပဲ ေန႔တိုင္းေခါက္ဆြဲျပဳတ္နဲ႕ ႏွပါးသြားခိုင္းေနတာေႀကာင့္ ဇနီးျဖစ္သူကို ကြာရွင္းလိုက္တဲ့အမ်ိဳးသား

ေန႔တိုင္းေန႔တိုင္း အသင့္စား ေခါက္ဆြဲဘူးေတြခ်ည္း ေကၽြးေနတဲ့ ဇနီးျဖစ္သူကို အိႏၵိယ အမ်ိဳးသားတစ္ဦးက ကြာရွင္းလိုက္ေၾကာင္း သိရပါတယ္။Maggiအမွုလို့ နာမည္ေပးထားတဲ့ အဲဒီ ကိစၥမွာ အမ်ိဳးသားက ကြာရွင္းခြင့္ ေတာင္းခံခဲ့ၿပီး အမ်ိဳးသမီးဖက္ကလည္း လက္ခံခဲ့တာေၾကာင့္ ႏွစ္ဦး သေဘာတူ လမ္းခြဲခဲ့ၿပီး ျဖစ္တဲ့အေၾကာင္း အိႏၵိယ တရားသူႀကီး တစ္ဦးျဖစ္တဲ့ အမ္အယ္လ္ ရက္ဟူေနာ့သ္က ေျပာပါတယ္။

Maggi အမွုလို့ ေခၚရတဲ့ အေၾကာင္းကေတာ့ ဇနီးျဖစ္သူဟာ မနက္စာ၊ ေန႔လယ္စာ၊ ညစာအားလုံးကို Maggi တံဆိပ္ အသင့္စား ေခါက္ဆြဲဘူးေတြခ်ည္း ေကၽြးေနတာေၾကာင့္ ျဖစ္တယ္လို့ ဆိုပါတယ္။ ခင္ပြန္းျဖစ္သူက ဒီကိစၥကို ေတာ္ေတာ္ ေဒါသထြက္ေနၿပီး တရား႐ုံးမွာ အေရးဆိုခဲ့ေၾကာင့္၊ သူ႔ဇနီးဟာ ကုန္စုံဆိုင္သြားၿပီး ေခါက္ဆြဲဘူးေတြပဲ အျမဲ ဝယ္ေနတယ္လို့ တိုင္တန္းခဲ့ေၾကာင္း တရားသူႀကီးက ေျပာပါတယ္။

သူတို့ႏွစ္ဦးဟာ တစ္ႏွစ္ေလာက္ ခြဲခြာ ေနထိုင္ၾကၿပီးတဲ့ေနာက္ ၁၉၅၄ ခုႏွစ္၊ လက္ထပ္ ထိမ္းျမားမွုဆိုင္ရာ အက္ဥပေဒနဲ႔အညီ အၿပီးသတ္ ကြာရွင္းခဲ့ၾကတယ္လို့ ရက္ဟူေနာ့သ္က ရွင္းျပပါတယ္။အိႏၵိယလူေနမွု ဓေလ့ေတြအရ တရားဝင္ ကြာရွင္း ျပတ္စဲမွုေတြဟာ ေက်းလက္ ေဒသေတြထက္ ၿမိဳ့ျပ ဧရိယာေတြမွာ ပိုအျဖစ္မ်ားတယ္လို့လည္း တရားသူႀကီးက ေျပာပါတယ္။

ေက်းလက္ ေဒသေတြမွာေတာ့ အိမ္ေထာင္ေရး ျပႆနာေတြ ရွိလာရင္ ရြာလူႀကီးေတြက ၾကားဝင္ ညႇိႏွိုင္းေပးၾကတာေၾကာင့္ ကြာရွင္းတဲ့ အဆင့္ထိ ေရာက္တာမ်ိဳး အေတာ္နည္းသြားတယ္လို့ သိရပါတယ္။ ဒါေပမဲ့ တစ္ဖက္မွာလည္း အိမ္ေထာင္သည္ အမ်ိဳးသမီးေတြ ဖိႏွိပ္ခံရတဲ့ ျဖစ္ရပ္မ်ိဳးကေန အကာအကြယ္ ေပးနိုင္စြမ္း ေလ်ာ့က်သြားနိုင္ေၾကာင္း သူက သတိေပးသြားပါတယ္။ crd

Be the first to comment

Leave a comment

Your email address will not be published.


*