ဟားငါးကောင်းအဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်လို့ ဟန်ငြိမ်ဦး ပြောပြီးနောက် လူရွှင်တော် ကောင်းကျော် ဖမ်းဆီးခံရ
ဟားငါးကောင်းအဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်လို့ ဟန်ငြိမ်ဦး ပြောပြီးနောက် လူရွှင်တော် ကောင်းကျော် ဖမ်းဆီးခံရ
စစ်ကောင်စီကို ဝေဖန်စာတွေရေးပြီး လူမှုကွန်ရက်မှာ တင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးရုပ်ရှင် သရုပ်ဆောင် လူရွှင်တော် ကောင်းကျော် ကို ဧပြီလ ၁၉ ရက်နေ့ မနေ့က ညပိုင်းမှာ သူနေထိုင်တဲ့ သာကေတ မြို့နယ်က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
သာကေတ မြို့နယ် ၊ ၈ ရပ်ကွက်၊ ပိတောက်ရွှေဝါ လမ်းမှာနေတဲ့ ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော် ကောင်းကျော်ကို မနေ့ ည ၁၀ ကျော် စစ်တပ်၊ ရဲ အပါအဝင် အင်အား အများအပြားနဲ့ လာရောက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်တလောမှာ လူရွှင်တော် ကောင်းကျော်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရတဲ့အတွက် မိသားစု ဝင်တွေက စိတ်ပူနေတယ် လို့လည်း သိရပါတယ်။ အခုလို ဖမ်းဆီးခံရတာက ဟားငါးကောင် အဖွဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ရဲအသိုင်း အဝိုင်းနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ် ။ Crd
Zawgyi … ဟားငါးကောင်းအဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်လို့ ဟန်ငြိမ်ဦး ပြောပြီးနောက် လူရွှင်တော် ကောင်းကျော် ဖမ်းဆီးခံရ
Be the first to comment
Leave a comment
Your email address will not be published.
*