ဟောင်ကောင်ဒေသရဲ့ နာမည်ကျော် ရေပေါ်စားသောက်ဆိုင် သင်္ဘောကြီး တောင်တရုတ် ပင်လယ်ဒေသ၌ တိမ်းစောင်းနစ်မြုပ်

ဟောင်ကောင်ဒေသရဲ့ နာမည်ကျော် ရေပေါ်စားသောက်ဆိုင် သင်္ဘောကြီး တောင်တရုတ် ပင်လယ်ဒေသ၌ တိမ်းစောင်းနစ်မြုပ်

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ၏ နာမည်ကျော် ဧရာမရေပေါ် စားသောက်ဆိုင်ကြီး တစ်ဆိုင်သည် တောင်တရုတ် ပင်လယ်ဒေသ၌ တိမ်းမှောက်နစ်မြုပ်သွားပြီဖြစ်ကြောင်း ယင်းစားသောက် ဆိုင်ကို ပိုင်ဆိုင်သည့် အဘာဒင်းစားသောက်ဆိုင်လုပ်ငန်းကုမ္ပဏီက ဇွန် ၂၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဂျမ်ဘိုအမည်ရှိ အဆိုပါ ရေပေါ်စားသောက်ဆိုင်သည် ဟောင်ကောင်မြို့မှ တောင်တရုတ်ပင်လယ်ဒေသသို့ ပို့ဆောင်ခဲ့ပြီး သီတင်းတစ်ပတ်ခန့်အကြာတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ တောင်တရုတ်ပင်လယ်ဒေသ ရှီရှားကျွန်းစု (ပါရာစဲလ်ကျွန်းစု) ကို ဖြတ်သန်းနေစဉ်မှာပင် ရေပေါ်စားသောက်ဆိုင်သည် အခြေအနေဆိုးရွားလာခဲ့ပြီး ကိုယ်ထည်အတွင်းသို့ ရေများဝင်ရောက် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေပေါ်စားသောက်ဆိုင် နစ်မြုပ်မှုကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိခဲ့သော်လည်း သင်္ဘောပြန်ဆယ်ယူရေးလုပ်ငန်းမှာ အောင်မြင်မှုမရှိခဲ့ကြောင်း သိရသည်။ ကိုယ်ထည်အလျား မီတာ ၈၀ ရှိပြီး နှစ်ပေါင်း ၄၀ ကျော်ကြာမျှ ဟောင်ကောင်ကျွန်း၏ သင်္ကေတဖြစ်ခဲ့ရသော ဂျမ်ဘိုရေပေါ် စားသောက်ဆိုင်သည် ဇွန် ၁၉ရက်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းရေပေါ်စားသောက်ဆိုင်သည် ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘတ်-၂ အပါအဝင် ဧည့်သည်ပေါင်း သုံးသန်းကျော်ကို ဝန်ဆောင်မှုပေးခဲ့ပြီး ဖြစ်သည်။အ ဆိုပါ ရေပေါ်စားသောက်ဆိုင်ကို ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်နိုင်မည့်နေရာ၌ ထားရှိရေးအတွက် တောင်တရုတ်ပင်လယ်ဒေသအတွင်းသို့ ဆွဲ သင်္ဘောများအကူအညီဖြင့် ဇွန် ၁၄ ရက်တွင် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဘာဒင်းကုမ္ပဏီက ကြေညာထားသည်။

ဂျမ်ဘိုရေပေါ်စားသောက်ဆိုင် နစ်မြုပ်ရာနေရာ၏ ရေအနက်မှာ မီတာ ၁၀၀၀ ကျော်အထိရှိရာ သင်္ဘောကို ပြန်လည်ဆယ်ယူရေးအတွက် အလွန်ခက်ခဲကြောင်း အဘာဒင်းကုမ္ပဏီ၏ ကြေညာချက်၌ ဖော်ပြထားသည်။ crd

Zawgyi … ေဟာင္ေကာင္ေဒသရဲ႕ နာမည္ေက်ာ္ ေရေပၚစားေသာက္ဆိုင္ သေဘာၤႀကီး ေတာင္တ႐ုတ္ ပင္လယ္ေဒသ၌ တိမ္းေစာင္းနစ္ျမဳပ္

တ႐ုတ္နိုင္ငံ ေဟာင္ေကာင္ေဒသ၏ နာမည္ေက်ာ္ ဧရာမေရေပၚ စားေသာက္ဆိုင္ႀကီး တစ္ဆိုင္သည္ ေတာင္တ႐ုတ္ ပင္လယ္ေဒသ၌ တိမ္းေမွာက္နစ္ျမဳပ္သြားၿပီျဖစ္ေၾကာင္း ယင္းစားေသာက္ ဆိုင္ကို ပိုင္ဆိုင္သည့္ အဘာဒင္းစားေသာက္ဆိုင္လုပ္ငန္းကုမၸဏီက ဇြန္ ၂၀ ရက္တြင္ သတင္းထုတ္ျပန္ထားသည္။

ဂ်မ္ဘိုအမည္ရွိ အဆိုပါ ေရေပၚစားေသာက္ဆိုင္သည္ ေဟာင္ေကာင္ၿမိဳ့မွ ေတာင္တ႐ုတ္ပင္လယ္ေဒသသို့ ပို့ေဆာင္ခဲ့ၿပီး သီတင္းတစ္ပတ္ခန႔္အၾကာတြင္ နစ္ျမဳပ္ခဲ့ျခင္းျဖစ္သည္။ ေတာင္တ႐ုတ္ပင္လယ္ေဒသ ရွီရွားကၽြန္းစု (ပါရာစဲလ္ကၽြန္းစု) ကို ျဖတ္သန္းေနစဥ္မွာပင္ ေရေပၚစားေသာက္ဆိုင္သည္ အေျခအေနဆိုးရြားလာခဲ့ၿပီး ကိုယ္ထည္အတြင္းသို့ ေရမ်ားဝင္ေရာက္ နစ္ျမဳပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေရေပၚစားေသာက္ဆိုင္ နစ္ျမဳပ္မွုေၾကာင့္ မည္သူတစ္ဦးတစ္ေယာက္မၽွ ထိခိုက္မွုမရွိခဲ့ေသာ္လည္း သေဘၤာျပန္ဆယ္ယူေရးလုပ္ငန္းမွာ ေအာင္ျမင္မွုမရွိခဲ့ေၾကာင္း သိရသည္။ ကိုယ္ထည္အလ်ား မီတာ ၈၀ ရွိၿပီး ႏွစ္ေပါင္း ၄၀ ေက်ာ္ၾကာမၽွ ေဟာင္ေကာင္ကၽြန္း၏ သေကၤတျဖစ္ခဲ့ရေသာ ဂ်မ္ဘိုေရေပၚ စားေသာက္ဆိုင္သည္ ဇြန္ ၁၉ရက္တြင္ နစ္ျမဳပ္ခဲ့ျခင္းျဖစ္သည္။

၎ေရေပၚစားေသာက္ဆိုင္သည္ ၿဗိတိန္ဘုရင္မႀကီး အဲလစ္ဇဘတ္-၂ အပါအဝင္ ဧည့္သည္ေပါင္း သုံးသန္းေက်ာ္ကို ဝန္ေဆာင္မွုေပးခဲ့ၿပီး ျဖစ္သည္။အ ဆိုပါ ေရေပၚစားေသာက္ဆိုင္ကို ျပဳျပင္ထိန္းသိမ္းမွု ျပဳလုပ္နိုင္မည့္ေနရာ၌ ထားရွိေရးအတြက္ ေတာင္တ႐ုတ္ပင္လယ္ေဒသအတြင္းသို့ ဆြဲ သေဘၤာမ်ားအကူအညီျဖင့္ ဇြန္ ၁၄ ရက္တြင္ ပို့ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း အဘာဒင္းကုမၸဏီက ေၾကညာထားသည္။

ဂ်မ္ဘိုေရေပၚစားေသာက္ဆိုင္ နစ္ျမဳပ္ရာေနရာ၏ ေရအနက္မွာ မီတာ ၁၀၀၀ ေက်ာ္အထိရွိရာ သေဘၤာကို ျပန္လည္ဆယ္ယူေရးအတြက္ အလြန္ခက္ခဲေၾကာင္း အဘာဒင္းကုမၸဏီ၏ ေၾကညာခ်က္၌ ေဖာ္ျပထားသည္။ crd

Be the first to comment

Leave a comment

Your email address will not be published.


*