အကာလညအခါမှာ သုဿာန်တစ်စပြင်၌ ချစ်သူကို လက်ထပ်ခွင့်တောင်းပြီး Pre Wedding အလှပုံတွေရိုက်ရင်း ဝိဥာဉ်ရုပ်တစ်ခု ပေါ်လာခဲ့တဲ့ဖြစ်ရပ်

အကာလညအခါမှာ သုဿာန်တစ်စပြင်၌ ချစ်သူကို လက်ထပ်ခွင့်တောင်းပြီး Pre Wedding အလှပုံတွေရိုက်ရင်း ဝိဥာဉ်ရုပ်တစ်ခု ပေါ်လာခဲ့တဲ့ဖြစ်ရပ်

“ Pre Wedding – Love Beyond Death “တစ်သက်မှာတစ်ခါသာ ချစ်ရတဲ့ချစ်သူ မိန်းခလေးကို ထူးထူးခြားခြား ညနှစ် ချက်တီးအချိန် မင်္ဂလာ အခမ်းအနား ဝတ်စုံဝတ်ကာ မြို့ပြင်က သုဿာန်မှာ “ Merry Me “ ဆိုပြီး လက်ထပ်ခွင့်တောင်းတဲ့

“ Pre Wedding “ အလှ ပုံတွေကို “ အသုဘ “ ဈာပန အခမ်းအနား ပုံစံပြုလုပ်ကာ ကြာဖူးကိုင်ကာ အခေါင်းထဲဝင်၍ရိုက်ခြင်း ၊

အုန်းသီးခွဲကာ မျက်နှာကို အုန်းရေဖျန်းခြင်း ၊ သဂြိုလ်စက်ထဲဝင် မီးသဂြိုလ်နေပုံ ၊ ခေါင်းတလားဘေးမှာ ထားပြီးကြည်နူးနေပုံ စတဲ့ ဓါတ်ပုံများကို ရိုက်ခဲ့ရင်း

နောက်ဆုံးပုံ တစ်ပုံမှာတော့ ထူးခြားစွာ သူတို့စုံတွဲ နှစ်ဦးကို ဝိဥာဉ် လိုလို လူလိုလို အရာတစ်ခုက သူတို့စုံတွဲကို အားကျလို့ ကြည့်နေတာလား မျက်စေ့နောက်လို့ ကြည့်နေတာလားတော့ မသိပါဘူး ။

ဒါကတော့ ထိုင်းနိုင်ငံ စူခိုထိုင်းက Nont KhongChaw တို့ရဲ့2022 ခုနှစ် စိတ်ကူး ပုံဖော်ပုံက “ တစ်ဦးနဲ့ တစ်ဦး ဘယ်လောက်ဘဲ ချစ်ချစ် သေခြင်းတရားက ကိုယ့်အနားမှာ အမြဲကပ်လျှက်နဲ့ ရှိနေတယ်ဆိုတာ နှလုံးသွင်းနိုင်ဘို့ ရိုက်ရတာပါ ၊ သေတဲ့အထိ ၊ နောင်ဘဝအထိ ချစ်သွားမယ် “ ဆိုတဲ့သဘောနဲ့ ရိုက်ခြင်းဖြစ်တာလို့ ဆိုပါတယ် ။

အဲ့ဒီပို့ကတော့ သူရဲ့  Nont Khongchaw လူမှုကွန်ယက် စာမျက်နှာ ၂၄ နာရီ အတွင်းရှယ်သူ 64K ကျော်ပြီး Like 31K အထိအားပေးကြပါတယ် ။

တစ်ကယ်ဆိုရင် လူတွေဟာ မိမိချစ်တဲ့သူနဲ့ သာယာလှပတဲ့ပန်းခင်းကြီးတို့ ၊ လှပတဲ့ ရေတံခွန်တို့ ၊

တောင်တန်းကြီးပေါ်မှာတို့မှ Pre Wedding အလှဓါတ်ပုံတွေနဲ့ ဂုဏ်ယူဝံ့ကြွားစွာ ရိုက်လေ့ရှိကြသော်လည်း သူတို့ နှစ်ဦးကတော့ အများနဲ့ မတူ စိတ်ကူးက တစ်မူထူးခြား ဆန်းသစ်ပါသည် ။ သင့်ချစ်သူနဲ့ သူတို့လို ရိုက်ကြမလား ? ။

Crd ; SiThuMaung

Be the first to comment

Leave a comment

Your email address will not be published.


*