အကျဉ်းထောင်ထဲ ကျန်ရစ်နေခဲ့တဲ့ ပိုပို့အတွက် စိတ်မကောင်းစွာ မွေးနေ့ဆုတောင်းစကား ပြောလာခဲ့တဲ့ ပိုင်တံခွန်
အကျဉ်းထောင်ထဲ ကျန်ရစ်နေခဲ့တဲ့ ပိုပို့အတွက် စိတ်မကောင်းစွာ မွေးနေ့ဆုတောင်းစကား ပြောလာခဲ့တဲ့ ပိုင်တံခွန်
ကြည်လင်စူးရှတောက်ပတဲ့ မျက်ဝန်း၊ ယောကျာ်းပီသပြီးတောင့်ဖြောင့်တဲ့ အမိုက်စားခန္ဓာကိုယ် ၊ ချိုသာအေးမြတဲ့ အပြုံးချိုချို နဲ့ မြန်မာမှာသာမက တစ်ကမ္ဘာလုံးမှာရှိတဲ့ ပရိတ်သတ်များရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိနေသူကတော့ အနုပညာရှင် ပိုင်တံခွန် ပဲဖြစ်ပါတယ်။
ပိုင်တံခွန် ဟာ အနုပညာ လှုပ်ရှားမှုအဖြစ် မော်ဒယ် နှင့် သရုပ်ဆောင်အလုပ်ကိုလုပ်ကိုင်လျက်ရှိပြီး အလုပ်အပေါ် အရမ်းကိုကြိုးစာ းတတ်တဲ့အတွက်သော်လည်းကောင်း ၊ လူမှုဆက်ဆံရေးမှာ အတော်လေး ညက်ညော၍သော်လည်း ကောင်း ၊ အနုပညာရှင်များစွာနဲ့ လူမှုဆက်ဆံရေးမှာ ကောင်းမွန်တဲ့အတွက်ကြောင့်သော် လည်းကောင်း ပိုင်တံခွန်ဟာ အရမ်းကို နာမည်ကြီးပါတယ်။
ဒီကနေ့ဟာ ပရိတ်သတ် အချစ်တော် အမှန်တရားဘက်တော်သား အဆိုတော် ပိုပို ရဲ့ (၃၂)နှစ် ပြည့်မွေးနေ့ဖြစ်ပြီး အကျဉ်းထောင်ထဲ ကျန်ရစ်နေခဲ့ရတဲ့ ပိုပို အတွက် ပိုင်တံခွန်က မွေးနေ့ဆုတောင်း တောင်းပေးလာခဲ့ပါတယ်။ ပိုင်တံခွန် က ” Happy Birthday Ma Po Po မွေးနေ့ကို အထဲမှာ ဖြတ်သန်းရတာ ဘယ်လောက်နာကျင်ရလဲ ကျနော်အသိဆုံးပါ ကျန်းကျန်းမာမာနဲ့ အမြန်ဆုံးပြန်ထွက်လာနိုင်ပါစေလို့ အမြဲ ဆုတောင်းပေးနေပါတယ်
အပြင်ပြန်ရာက်လာရင် ငါ့တို့မောင်နှမတွေ အရင်လို အလုပ်လေးတွေပြန်လုပ်ရင်း လိပ်ပြာသန့်သန့် နဲ့ မိသားစု နှင့် ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်အောင် ကြိုးစားကြမယ် အားတင်းထားပါ ငါ့အမ ” လို့ ရေးသား လာခဲ့ပြီးသူ့ရဲ့စာ လေးကြောင့် ပရိတ်သတ်တွေအတော်လေးရင်ထဲထိခဲ့ကြပါတယ်။ မပိုပိုလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပြီးအနုပညာမောင်နှမတွေအမြန်ဆုံးပြန်ဆုံနိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။ Credit
Zawgyi … အကျဉ်းထောင်ထဲ ကျန်ရစ်နေခဲ့တဲ့ ပိုပို့အတွက် စိတ်မကောင်းစွာ မွေးနေ့ဆုတောင်းစကား ပြောလာခဲ့တဲ့ ပိုင်တံခွန်
Be the first to comment
Leave a comment
Your email address will not be published.
*