အခုချိန်အထိ သေသလားရှင်သလား မသိရသေးတဲ့ ကယားလူငယ်လေးရဲ့မိဘနှစ်ပါးဆီကနေ ထွက်ပေါ်လာတဲ့ ရင်တွင်းစကားသံတစ်ချို့

အခုချိန်အထိ သေသလားရှင်သလား မသိရသေးတဲ့ ကယားလူငယ်လေးရဲ့မိဘနှစ်ပါးဆီကနေ ထွက်ပေါ်လာတဲ့ ရင်တွင်းစကားသံတစ်ချို့

လက်သုံးချောင်းထောင်ပြီး သူတို့ရဲ့ခံယူချက်ကို ရဲရင့်စွာပြသခဲ့တဲ့ ကယားလူငယ်လေးနှစ်ဦး ရဲ့ပုံရိပ်တွေက လူမှုကွန်ယက် စာမျက်နှာတွေမှာ တော်တော်ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ် ။

ဖမ်းဆီးခံထားရပြီး ကြိုးတုတ်ခံထားတဲ့ အနေ အထားနဲ့တောင် လက်သုံးချောင်းထောင်ပြခဲ့တဲ့ လူငယ်နှစ်ဦးကတော့ ပါစကွားလယ်နဲ့ ဖီးဒေးလယ်တို့ပဲ ဖြစ်ကြပါတယ်။

သူတို့ရဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပေမယ့် သူတို့ အသက်ရှင်သလား သေသလား ဆိုတာကိုတော့ အခုချိန်အထိ အတိအကျ မသိရသေးတာ ဖြစ်ပါတယ် ။

စေတနာရှင် ပြည်သူတွေကတော့ ကျန်ရစ်ခဲ့တဲ့ ပါစကွားလယ်နဲ့ ဖီးဒေးလယ်တို့ရဲ့ မိသားစုတွေနဲ့ သွားရောက်တွေ့ဆုံပြီး သူတို့ကို ကူညီပေးဖို့ အလှူငွေတွေ ကောက်ခံခဲ့ကြတာ ဖြစ်ပါတယ် ။

စေတနာရှင်တစ်ဦးရဲ့အကူအညီကြောင့် အခုဆိုရင် ပါစကွားလယ်နဲ့ဖီးဒေးလယ်တို့ရဲ့ မိသားစုတွေအတွက် အလှူငွေ (၄၃)သိန်းကျပ် ရရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ကူညီဆောင်ရွက်ပေးတဲ့သူက ပါစကွားလယ်ရဲ့ကျန်ရှိတဲ့မိသားစုအတွက် (၁၅) သိန်းနဲ့ ဖီးဒေးလယ်ရဲ့ကျန်ရှိတဲ့မိသားစုအတွက် (၁၅) သိန်းစီ ငွေသားထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ စစ်ဘေးရှောင်နေရတဲ့ ပါစကွားလယ်နဲ့ ဖီးဒေးလယ်တို့ရဲ့မိသားစုတွေအတွက် စားနပ်ရိက္ခာ (၆) သိန်းဖိုးဝယ်ယူပြီး ပေးအပ်ထောက် ပံ့ခဲ့တယ်လို့လည်း သိရှိ ရပါတယ်။

လတ်တလော အခြေ အနေတွေအရ ပါစကွား လယ်ရဲ့ မိသားစုထံသာ ရောက်ရှိနိုင်ပြီး နယ်မြေအခြေ အတွေေ ကြာင့် ဖီးဒေးလယ် အတွက် ကိုယ်စားသာ လက်ခံ နိုင်သေးတာ ဖြစ်ပါတယ် ။

အလှူငွေတွေ လက်ခံရရှိခဲ့တဲ့ ပါစကွားလယ် ရဲ့မိဘနှစ်ပါးကတော့ သူတို့ကိုကူညီလှူဒါန်းပေးတဲ့ စေတနာရှင်တွေကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုခဲ့ကြတာ ဖြစ်ပါတယ် ။ crd

Add a Comment

Your email address will not be published. Required fields are marked *